ကာဒီနယ်ချားလ်စ်ဘိုက ရခိုင်ပြည်နယ်ရှိစစ်ဘေးရှောင်သူများအတွက် ရဟန်းမင်းကြီး၏အလှူငွေကျပ် သိန်းပေါင်း (၁၃၃၀) ကို အစိုးရထံပေးအပ်

ရန်ကုန်၊ ဇူလိုင် ၃၊ ၂၀၁၈

ရဟန်းမင်းကြီးအရှင်သူမြတ်ဖရန်စစ်သည် ရခိုင်ပြည်နယ်၌အာဆာအကြမ်းဖက်သမားများ၏ သတ်ဖြတ် ခြိမ်းခြောက်မှုကြောင့် ထွက်ပြေးကြသော ရခိုင်ပြည်နယ်ရှိ ဒုက်္ခသည်များအတွက် မြန်မာကျပ်ငွေ သိန်း (၁၃၃၀) ကို မြန်မာနိုင်ငံအစိုးရထံသို့ လှူဒါန်းတော်မူလိုက်သည်ဟု သတင်းရရှိသည်။
၎င်းလှူဒါန်းငွေကို ရန်ကုန်ကက်သလစ်ဂိုဏ်းချုပ်ဆရာတော်ကြီး ရဟန်းမင်းအမတ်ချားလ်စ်ဘိုက သာသနာရေး နှင့်ယဉ်ကျေးမှုဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီးသူရဦးအောင်ကိုအား ဇွန်လ ၄ ရက်နေ့က နေပြည်တော်တွင် ကြွ ရောက်ပေးအပ်တော်မူခဲ့သည်ဟု ရန်ကုန်ကက်သလစ်ဂိုဏ်းချုပ်သာသနာ၏လူမှုကွန်ယက်ဖေ့ဘုတ်တွင် ဖော်ပြထား သော်လည်း မည်မျှလှူဒါန်းသည်ကိုမူ ဖော်ပြထားခြင်း မရှိပေ။
၎င်းလှူဒါန်းငွေပမာဏနှင့်စပ်လျဉ်းပြီး ဂလိုရီယာသတင်းဂျာနယ်၏အယ်ဒီတာချုပ်ဖြစ်သော ဂျိုးဇက်ကုန်ဇမှုန်း က သာသနာရေး နှင့်ယဉ်ကျေးမှုဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသော ဦးဆန်းဝင်းအား ဇွန်လ (၇) ရက်နေ့က တယ်လီဖုန်းဖြင့် ဆက်သွယ် မေးမြန်းရာတွင် ““ရဟန်းမင်းကြီးဖရန်စစ်က ရခိုင်ပြည်နယ်ရှိဒုကသည်များအတွက် အလှူငွေ ပေးအပ်ပါတယ်ဆိုတာ ဟုတ်ပါတယ်။ အလှူငွေကတော့ ကျပ်သိန်းပေါင်း (၁၃၃၀) ကျပ်တိတိဖြစ်ပါတယ်။ အဲဒီ အလှူငွေကို ရန်ကုန်ကက်သလစ် ဂိုဏ်းချုပ် ဆရာတော်ကြီး ကာဒီနယ် ချားလ်စ်ဘိုက ကြွရောက်ပေးအပ်တာ ဖြစ်ပါတယ်။ ဒီငွေကို ဘယ်လိုအသုံးပြုမလဲ ဆိုတာကို ရခိုင်ပြည်နယ် အစိုးရအဖွဲ့နဲ့တိုင်ပင်နေပါတယ်။ မ ကြာခင်မှာ ရဟန်းမင်းကြီးရဲ့ ဆန်္ဒအတိုင်း လုပ်ဆောင်သွားဖို့ ရှိပါတယ်”” ဟု ပြန်လည်ဖြေကြားပါသည်။
ရဟန်းမင်းကြီးအရှင်သူမြတ်ဖရန်စစ်က ရခိုင်ပြည်နယ်ရှိဒုက်္ခသည်များအတွက် မြန်မာနိုင်ငံအစိုးရထံ လှူဒါန်းသောငွေသည် ကာလပေါက်ဈေးဖြင့် တွက်ချက်ရသော် အမေရိကန်ဒေါ်လာ တစ်သိန်းဖြစ်သည်ဟု ခန့်မှန်း ရပါသည်။
ရဟန်းမင်းကြီးအရှင်သူမြတ်ဖရန်စစ်သည် ကာဒီနယ်ချားလ်စ်ဘို၏ ဦးဆောင်ဖိတ်ခေါ်ခြင်းဖြင့်၊ ၂၀၁၇ ခုနှစ် နိုဝင်ဘာလ ၂၇ ရက်နေ့မှ ၃၀ ရက်နေ့အထိ မြန်မာနိုင်ငံသို့ ကြွမြန်းတော်မူခဲ့ပြီး၊ ရန်ကုန်မြို့ရှိကျိုက်္ကဆံကွင်းနှင့် စိန်မေရီ ကာသီဒြယ်ဘုရားကျောင်း တို့တွင် လူထုနှင့်အတူဘုရားဝတ်ပြုတရားဟောခြင်းကိုလည်းကောင်း၊ နေပြည် တော်သို့ ကြွမြန်းပြီး နိုင်ငံတော်သမ်္မတဦးထင်ကျော်ဦးဆောင်သူအစိုးရအဖွဲ့ကိုလည်းကောင်း သွားရောက်ဂရဝပြုတော်မူခဲ့သည်။ ၀၀၂ ကုန်ဇမှုန်း

915  Views
Previous: မြန်မာနိုင်ငံကက်သလစ်အသင်းတော်တွင်တစ်နိုင်ငံလုံးဆိုင်ရာလက်ထပ်ထိမ်းမြားခြင်းခုံရုံး National Marriage Tribunal ကို ဖွင့်လှစ်တော့မည်
Next: ကာဒီနယ် (ရဟန်းမင်းအမတ်) များသည် သြဇာ ရှိကြသည်။