ကာဒီနယ် ချားလ်စ်ဘို၏ ၂၀၁၉ ခုနှစ် ပါစကား သတင်းစကား


ရန်ကုန်၊ ဧပြီလ ၂၂၊ ၂၀၁၉

မေတ်္တာတော်နဲ့ပြည့်ဝတဲ့၊ အသက်ရှင်တော်မူတဲ့ လွတ် မြောက် ခြင်း၏အရှင်၌ ချစ်လှစွာသောမိတ်ဆွေ အပေါင်းတို့…ပါစကားရက်မြတ်ရဲ့ ကောင်းချီးမင်္ဂလာများ ရရှိခံစားရပြီး ရွှင်လန်း ဝမ်းမြောက်ခြင်းကြပါစေ။ အမှောင်လွန်ရင် အလင်းရော်လာစမြဲပကါပဲ။ ဟင်းလင်းပွင့်နေတဲ့သင်္ချိုင်းအုတ်ဂူက ချစ်ခြင်းမေတ်္တာဟာ သေခြင်းထက် ပိုမိုခိုင်မာကြောင်း သက်သေခံနေပါပြီ။ ဒီမျှော်လင့်ခြင်းကာလမှာ အေးချမ်းသာယာပါစေလို့ သင်တို့တစ်စီအတွက် ကျွနု်ပ်လှိုက်လှဲစွာ ဆုမွန် ကောင်းတောင်းလိုက်ပါတယ်။ ခရစ်တော်ဟာ ပြန်ရှင်ခဲ့ပါပြီ။ သင်တို့ရဲ့လက်များကိုမြှောက်ပြီး ““အာလေလုယာ”” လို့ ဟစ် ကြွေးလိုက်ပါ။ (ူကာနည ဃ့မငျအင) ခရစ်တော်ဟာ အလင်းရှင် ဖြစ်တော်မူတယ်။ ပါစကား အဖိတ်ညမှာ ကျွနု်ပ်တို့ ကြွေးကြော်သလို ကိုယ်တော်ရှင်ဟာ အစနဲ့အဆုံး ဖြစ်တော် မူတယ်။ ကိုယ်တော်ဟာ လောကရဲ့အလင်း ဖြစ်တော် မူတယ်။
ယခုနှစ်မှာ မာရိယာ မာဒလေးနာ အမည်ရှိတဲ့ ရုပ်ရှင်ကားတစ်ကားထွက်ရှိခဲ့ပါတယ်။ အဲဒီရုပ်ရှင်ဟာ ယေဇူးသခင်ရဲ့ အသက်တာနဲ့ သာသနာတော်ပြုခြင်းကို အမျိုးသမီးတို့ရဲ့ ရှုထောင့်ကနေ တင်ပြထားခြင်း ဖြစ်ပါတယ်။ ရုပ်ရှင်ထဲမှာ သူမကို ယေဇူးသခင်ရဲ့ ပြန်ရှင်ထမြောက်ခြင်း၏ တမန်တော် အဖြစ် ပုံဖော်ထားတယ်။ မာရိယာမာဒလေးနာရဲ့ ဘ၀ အသက်တာနဲ့ ပုံသက်သေ ကောင်းတို့ဟာ ယေဇူးသခင်၏ မေတ်္တာလမ်းစဉ်အတိုင်း လျှောက်လှမ်းရာ၌ ကြုံတွေ့ရမယ့် အရာတို့ကို ကျွနု်ပ်တို့အား သိရှိနားလည်လာစေတယ်။ ယေဇူးဘုရားရှင်ဟာ ကားတိုင်လမ်းကို လျှောက်လှမ်းတော်မူခဲ့တယ်။ မာရိယာမာဒလေးနာကလည်း မေတ်္တာ လမ်းစဉ် ကို အခြေပြုပြီး ပြန်ရှင်ထမြောက်ခြင်း လမ်းစဉ်ကို လျှောက် လှမ်းခဲ့တယ်။
သူမက ကျွနု်ပ်တို့အား ယုံကြည်ပါ၊ သစ်္စာရှိပါ၊ ချစ်မြတ်နိုးပါ၊ ချစ်ခြင်း၌ ရှင်သန်ပါ ဆိုပြီး လှုံ့ဆော်နေပါ တယ်။ ယေဇူးသခင်ရဲ့နောက်တော်မှာ လိုက်ပါခဲ့ကြတဲ့ တမန်တော် ကြီးတွေမှာ ဒီလိုရိုးစင်းလှတဲ့ အမျိုးသမီးရဲ့ ယုံကြည်ချက်မျိုး မတွေ့ရပါဘူး။ ရှင်ယောဟန် ဧဝံဂေလိကျမ်း အခန်းကြီး (၂၀) မှာ …နံနက်စောစော မှောင်နေဆဲအချိန်တွင် မာရိယာ မာဒလေးနာသည် သင်္ချိုင်းတော်သို့ လာ၍…လို့ ဆို ထားပါတယ်။
သူတို့ဟာ ဘာကိုမျှနားမလည်နိုင် ဖြစ်နေတဲ့ အချိန်မှာ သင်္ချိုင်းတော်ကို အရောက်သွားခဲ့ကြတယ်။ သူတို့အတွက် အားကိုးအားထားပြုစရာ သက်သေဘာမှ မရှိတဲ့အချိန်မှာ သင်္ချိုင်းတော်ကို အရောက်သွားခဲ့ကြ တယ်။ ယေဇူး ကိုယ်တော်ဟာ အသက်တော်စွန့်ခဲ့ပြီး ဖြစ်တယ်။ အဲဒါကို သူတို့ လည်း သိကြတယ်။ အဲဒါကိုတောင်မှ သူတို့ဟာ နံနက်စောစော မှောင်နေဆဲအချိန်မှာ သင်္ချိုင်းတော်ကို အရောက်သွားခဲ့ကြတယ်။
ဘာဖြစ်လို့လဲဆိုတော့ ယေဇူးသခင်ဟာ သူတို့ရဲ့နှလုံးသားမှာ ထာဝရမျှော်လင့်ခြင်းကို ပေးသနားတော်မူတဲ့ မေတ်္တာ အလင်းရှင်ဖြစ်လို့ပါပဲ။ ချစ်ခြင်းမေတ်္တာဟာ သေခြင်းထက် ပိုမို အားကောင်းတယ်ဆိုတာ သူတို့သိကြတယ်။ (ဆော်လမုန်သီချင်း ၈း၆) ဒါကြောင့်မို့လို့ သူတို့ဟာ သင်္ချိုင်းတော်ကို မဖြစ်ဖြစ်အောင် သွားခဲ့ကြတာပါ။
““အောင်မြင်ဖို့ထက် သစ်္စာရှိဖို့က ပိုအရေးကြီးပါတယ်”” လို့ မာသာရ် ထရေဇားပြောခဲ့ပါတယ်။ ယုံကြည် ခြင်းခိုင်မာတဲ့ သူတွေအဖို့ ရှုံးနိမ့်ခြင်းဆိုတာ မရှိပါဘူး။ မာရိယာ မာဒလေးနာက ထာဝရအလင်းတော်ကို တွေ့ကြုံခံစားရတဲ့အခါ အမိုက်မှောင်ဟာပျောက်ကွယ်ပြီး သေခြင်းဟာလည်း ပျက်ပြယ်သွားပါတော့တယ်။ အာလေလုယာ။
ဒါပေမဲ့ သင်္ချိုင်းတော်ကို သူသွားတဲ့အခါမှာ မှောင်နေတယ်လို့ ရှင်ယောဟန် ဧဝံဂေလိကျမ်းက ဆိုထားပါ တယ်။ အဲဒီအချိန်မှာ မှောင်နေပါတယ်။ ရှင်ယောဟန် ဧဝံဂေလိကျမ်းမှာ မှောင်တယ် ဆိုတာ ရိုးရိုးတန်းတန်း အမှောင်ကို ဆိုလိုလေ့ မရှိပါဘူး။ ရှင်ယောဟန်ဧဝံဂေလိကျမ်းက အမှောင်ဆိုတာ မကောင်းမှုကြီးစိုးရာနေရာကို ဆိုလိုပါတယ်။ အမှောင်ဆိုတာ မှားယွင်းမှု၊ မုန်းတီးမှု၊ အစွန်းရောက်အတွေး၊ အကြမ်းဖက်မှု၊ မတရားမှု၊ ဖိနှိပ်မှု၊ အပြစ်၊ သေခြင်းနဲ့ ကြောက်မက်ဖွယ် အရာများကြီးစိုးတဲ့ နေရာဖြစ်ပါတယ်။ မာရိယာမာဒလေးနာဟာ မှောင်နေဆဲအချိန်မှာ သင်္ချိုင်းတော်ကို သွားခဲ့ခြင်းဖြစ်ပါတယ်။ ကျွနု်ပ်တို့ဟာလည်း အမှောင်ထဲမှာပဲ ရှိနေပါသေးတယ်။ ကျွနု်ပ်တို့ရဲ့ ကိုယ်ပိုင်ဘဝအခြေအနေ၊ မိသားစုဘ၀ အခြေ အနေ၊ တိုင်းပြည်ရဲ့အခြေအနေ စတာတွေဟာ အမှောင်ထဲမှာပဲ ရှိနေပါသေးတယ်။ ညကာလ အရှည်လျားဆုံးအချိန် လွန်မြောက်ရင် သာယာအေးချမ်းတဲ့အရုဏ်ဦးရောက်လာ စမြဲဆိုတာ ပါစကားပွဲတော်က သွန်သင်နေပါတယ်။ အဆိုး ရွားဆုံးသော မကောင်းမှုတောင်မှ အချိန်တန်ရင် အဆုံး သတ်သွားရတာပါပဲ။ ဘုရားသခင်က အရာအားလုံးကို စီမံ တော်မူပါတယ်။ ပါစကားပွဲတော်က ကျွနု်ပ်တို့ကို
– အမှောင် ကနေ အလင်းဆီကို သွားဖို့ နှိုးဆော်နေပါတယ်။
– သေခြင်းကနေ အသက်တာသစ်ဆီ ပြန်ရှင်ထမြောက်ဖို့ နှိုးဆော်နေပါတယ်။

ဒီ ၂၀၁၉ ပါစကားပွဲတော်ကို အဆင့်(၃)ဆင့်နဲ့ ရှုမြင်လို ပါတယ်။

၁။ ကိုယ်ပိုင်ဘဝအခြေအနေ
သေခြင်းဟာ ကျွနု်ပ်တို့ကို မှားယွင်းသော စွဲလန်းမှုဖြစ်ပေါ် စေပါတယ်။ အပြစ်ဆိုတာ ကလည်း အစပိုင်းမှာ ချိုမြသယောင်နဲ့ နောက်ဆုံးမှာ ကျွနု်ပ်တို့ကို ဖျက်ဆီးတာပါပဲ။ မျှော်လင့်ချက်မရှိတဲ့ အမျိုးသားနဲ့ အမျိုးသမီးတွေဟာ မိမိတို့ရဲ့ ခန်္ဓာကိုယ်ကို ရွေ့လျား သင်္ချိုင်းတွေဖြစ်အောင် ပြုလုပ် ကြပါတယ်။ အပြစ်ဟာ ကျွနု်ပ်တို့ကို သူ့ရဲ့ကျေးကျွန် ပိတ်လှောင် ထားတတ်ပါတယ်။ ဘဝအမှောင်ကျရောက်တဲ့ အချိန်မှာ ကျွနု်ပ်တို့ထဲက စိတ်ရိုင်းတွေကြီးစိုးလေ့ ရှိပါတယ်။ ဒီလိုမျှော်လင့်ခြင်းကာလမှာ ကျွနု်ပ်တို့ထဲက မျှော်လင့်ချက်ကုန်ဆုံးနေတဲ့အရိုးတွေ ကျေးဇူးတော်ခံစားရဖို့ ထကြွလာ ကြပါစေ။ ချစ်ခြင်းမေတ်္တာရဲ့ တန်ခိုးအစွမ်းကြောင့် အပြစ်ရဲ့ အမိုက်မှောင်လည်း ကွယ်ပျောက်သွားပါစေ။ ပျက်စီးတတ်သော ရွှေ၊ ငွေ အစရှိသည့်အရာတို့ဖြင့် ရွေးနုတ်ကယ်တင်ခဲ့ခြင်း မဟုတ်ဘဲ အပြစ်အနာအဆာ ကင်းသည့် သိုးငယ် တော် ကဲ့သို့ဖြစ်သော ခရစ်တော်၏သွေးတော်အားဖြင့်သာ ရွေးနုတ်ကယ်တင်ခဲ့ကြောင်းကို သင်တို့သိကြ၏ (၁ ပေ ၁း၁၈-၁၉) လို့ ဆိုထားတဲ့အတွက်ကြောင့် ဖြစ်ပါတယ်။ နေ့စဉ်နဲ့အမျှ ကျွနု်ပ်တို့ကို အုတ်ဂူလို လှောင်ပိတ်ထားချင်တဲ့ သင်္ချိုင်းတွင်းတွေကို ကျွနု်ပ်တို့သိထားဖို့ လိုပါတယ်။ အဲဒါတွေကတော့ စိတ်ပျက်အားလျော့ခြင်း၊ အမျက်ဒေါသထွက်ခြင်း၊ မနာလိုခြင်း၊ ခွန်အားယုတ်လျော့ခြင်း၊ အငြှိုးအတေး ထားခြင်း၊ ဖက်တွယ်ထားတဲ့ အကျင့်ဆိုးများ၊ နှစ်မြို့ဖွယ် မကောင်းတဲ့အာရုံမှားများ စတာတွေပဲဖြစ်ပါတယ်။ အဲဒီ ကျောက်တုံးတွေကို ဖယ်ရှားပြီး ကျေးဇူးတော်နဲ့ တစ်ဖန် ပြန်လည် ရှင်သန်လိုက်ပါ။

၂။ မိသားစုဘဝအခြေအနေ
အစအက ဘုရားသခင်ဟာ မိသားစုတစ်စုနဲ့ ဆက်ဆံ ပြောဆိုတော်မူခဲ့ပါတယ်။ ကိုယ်တော်ရှင် ပြောဆို ဆက်ဆံခဲ့တာက တိုင်းနိုင်ငံတစ်ခုမဟုတ်သလို ကုမ်္ပဏီတစ်ခုလည်း မဟုတ်ပါဘူး။ ခရစ်ယာန်တို့ရဲ့ ဘုရားသခင်ဟာ သုံးပါး တစ်ဆူ မိသားစုအဖြစ် စိုးစံတော်မူပါတယ်။ လူသားမျိုး နွယ်ကို အကြီးမားဆုံးခြိမ်းခြောက်နေတဲ့အရာက နျူကလီး ယားဗုံး မဟုတ်ဘဲ မိသားစုဘဝရဲ့စည်းလုံးမှုကို ဖြိုခွဲလာနေတဲ့အရာတွေပဲဖြစ်ပါတယ်။ မိသားစုဘ၀ သေဆုံးခြင်းဟာ လူသားမျိုးနွယ်ရဲ့ သေဆုံးခြင်းအစပါပဲ။ နိုင်ငံတော်တော် များများမှာ မိသားစုဘဝပျက်သုဉ်းခြင်း သော်လည်းကောင်း၊ ပုံမှန်မဟုတ်တဲ့ ပေါင်းစည်းခြင်းသော်လည်းကောင်း ဖြစ်ပေါ်နေပါတယ်။ လင်မယားကွာ ရှင်းပြတ်စဲခြင်းဟာ လုပ်ရိုးလုပ် စဉ်တစ်ခုလို ဖြစ်လာခဲ့ပါတယ်။ စည်းလုံးပါတယ်ဆိုတဲ့မိသားစုတွေတောင်မှ လူမှုကွန်ယက်တွေရဲ့ ခြိမ်းခြောက်မှု တွေကို ခံနေရပါပြီ။ အင်တာနက်က နည်းပညာပစ်္စည်းတွေကို ဆက်သွယ်ပေး ပေမဲ့ နှလုံးသားတွေကိုတော့ မဆက်သွယ်ပေးပါဘူး။ စမတ်ဖုန်းတွေဟာ မျိုးဆက်သစ်တွေအတွက် ဒီဂျစ် တယ်သင်္ချိုင်းတွေလို ဖြစ်နေပါပြီ။ ထိတွေ့ဆက်ဆံ ခြင်းဆိုတဲ့ ယဉ်ကျေးမှုပျောက်ကွယ်နေပါပြီ။ မိသားစုဘ၀ တွေဟာ သက်ရှင်လှုပ်ရှားမှုမရှိတဲ့ သင်္ချိုင်းတွေကနေ နိုးထဖို့ လိုနေပါပြီ။ ခရစ်တော်ရဲ့ ထမြောက်တော်မူခြင်း ကျေးဇူးတော်က မိသားစုတွေအတွင်းက အတ်္တနံရံတွေကို ထိုး ဖောက်ပါစေလို့ ကျွနု်ပ်တို့ဆုတောင်းပါတယ်။ အိုးအိမ်စွန့်ခွာထွက်ပြေးရတဲ့မိသားစုတွေ၊ သားသမီးတွေလူကုန်ကူးခံရတဲ့မိသားစုတွေ၊ စိတ်ဖိစီးမှုဒဏ် ကြီးမားစွာ ခံနေရတဲ့ မိသားစု တွေ အတွက်လည်း ကျွနု်ပ်တို့ဆုတောင်းပါတယ်။

၃။ ကျွနု်ပ်တို့တိုင်းပြည်ရဲ့အခြေအနေ
ဘုရားသခင်ရဲ့ကျေးဇူးတော်ကြောင့် သယံဇာတ ပေါကြွယ်ဝတဲ့ ဒီနိုင်ငံတော်ကြီးဟာ ရှည်လျားတဲ့ ကားတိုင်လမ်းကို လျှောက်ခဲ့ရပါတယ်။ ပြည်သူပြည်သားတွေအဖို့လည်း ပါစကားမျှော်လင့်ခြင်းရက်မြတ်ကို မရောက်နိုင်ဘဲ သောကြာနေ့ကြီးမှာပဲ ရပ်တန့်နေပါတယ်။ အခု ဒီမိုကရေစီရနေပါပြီ။ ဒါပေမဲ့ ကျွနု်ပ်တို့ ပြည်သူပြည်သား အတော်များများဟာ စနေနေ့ကြီးကနေ မတက်နိုင်သေးပါဘူး။ တိတ်တိတ် ဆိတ် ဆိတ်နဲ့ မျှော်လင့်နေဆဲ အဆင့်မှာပဲ ရှိနေပါသေးတယ်။ ပိုမိုကောင်းမွန်တဲ့ မနက်ဖြန်ကို စောင့်မျှော်နေကြဆဲပါ။ ဒီ ပါစကားရက်မြတ် အခါသမယဟာ ကျွနု်ပ်တို့တိုင်းပြည်ရဲ့ ခေါင်းဆောင်များ၊ စစ်တပ်နဲ့ အခြားသောသူများ အားလုံး အတွက် ကျေးဇူးတော် စီးဆင်းရာကာလဖြစ်ပါစေ။ မုန်းတီး ခြင်း၊ စစ်မက်ဖြစ်ပွားခြင်း၊ အိုးအိမ်စွန့်ခွာရခြင်း၊ ဆင်းရဲမွဲ တေခြင်း၊ တိုင်းတစ်ပါးသို့ ဘေးကင်းလုံခြုံမှုမရှိဘဲ သွား ရောက်ခြင်း စတဲ့သင်္ချိုင်းဝက ကျောက်တုံးတွေကို ဖယ်ရှား ပစ်လိုက်ပါ။ ပြီးတော့ မျှော်လင့်ခြင်းနဲ့ သာယာဝပြောခြင်းရှိတဲ့ နိုင်ငံတော်သစ်အဖြစ် ရုန်းထလိုက်ပါ။ ယခု ၂၀၁၉ ပါစကား ကာလဟာ ကျွနု်ပ်တို့တိုင်း ပြည်အတွက် ပြန်လည် ထ မြောက်တဲ့နှစ်ဖြစ်ပါစေ။ ကျေးဇူးတော် မိုးရွာသွန်းဖြိုးဖို့ အတွက် ဆုတောင်းကြပါ။

ကျောက်တုံး(၅)တုံးကို ဖယ်ရှားလိုက်ပါ –
ပြန်ရှင်ထမြောက် ခြင်းသတင်းစကားကို သယ်ဆောင်ဖို့ အတွက် ကောင်းကင်တမန်တော်ဟာ သင်္ချိုင်းဝက ကျောက် တုံးကိုဖယ်ရှားလိုက်သလိုပဲ မြန်မာနိုင်ငံဟာလည်း ကျောက် တုံး(၅) တုံးကို အလျင်အမြန်ဖယ်ရှားဖို့ လိုအပ်နေပါတယ်။ ကက်သလစ် သာသနာတော်အနေနဲ့ နိုင်ငံတော်အတွက် ရည်ရွယ်ပြီး အောက်ဖော်ပြပါ ကဏ္ဍ (၅) ရပ်မှာ အားဖြည့် လုပ်ဆောင်ဖို့ စီစဉ်ခဲ့ပြီးဖြစ်ပါတယ်။

(က) စံချိန်စံညွှန်း ပြည့်မီသောပညာရေး
ဒါဟာ မြန်မာပြည်သူပြည်သားတို့အတွက် ရင်းနှီးမြှုပ်နှံပေး ခြင်းဖြစ်ပါတယ်။
(ခ) ပြည်သူပြည်သားများအားလုံး ဖွံ့ဖြိုးတိုးတက်ရေး
အထူးသဖြင့် ဆင်းရဲသားများနဲ့ အကူအညီ လိုအပ်သူများ အတွက် ဖြစ်ပါတယ်။
(ဂ) အမျိုးသမီးတို့၏ဘဝဖွံ့ဖြိုးတိုးတက်ရေး
အမျိုးသမီးများ၊ အထူးသဖြင့် ကိုယ်ကျိုးအတွက် အသုံးချဖို့ ပစ်မှတ်ထားခံရတဲ့ အမျိုးသမီးများနဲ့ မိန်းကလေးငယ်များ ဖွံ့ဖြိုးတိုးတက်ရေး အတွက်ဖြစ်ပါတယ်။
(ဃ) ဌာနေတိုင်းရင်းသားတို့၏ အခွင့်အရေး
ပုပ်ရဟန်းမင်းကြီး ဖရန်စစ်ရဲ့ သဘာဝပတ်ဝန်းကျင် ထိန်း သိမ်း စောင့်ရှောက်ရေး စာချွန်တော် (ူကေိအေသ ှင) က လမ်းညွှန်ချက်ပျံ့နှံ့စေဖို့ ရည်ရွယ်ပြီး ဌာနေတိုင်းရင်းသား တို့ရဲ့ လယ်ယာမြေပိုင်ဆိုင်ခွင့်နဲ့ အသက် မွေးဝမ်းကျောင်း လုပ်ငန်းများ လုပ်ဆောင်နိုင်ခွင့်ရရှိဖို့ ရည်ရွယ်ပါတယ်။
(င) ဘာသာတရားများအကြား ချစ်ကြည်ရင်းနှီးမှုရှိရေး
ဘာသာတရားများအကြား ချစ်ကြည်ရင်းနှီးမှုရှိရေးဟာ ငြိမ်း ချမ်းရေးအတွက် အစပျိုးခြင်းပဲဖြစ်ပါတယ်။
ဒီတိုင်းပြည်ကို လာကြတဲ့ နိုင်ငံခြားသား ဧည့်သည် တော် တော်များများက ဒီနိုင်ငံကို ဧဒင်ဥယျာဉ်နဲ့တောင် ခိုင်းနှိုင်း လို့ရတယ်လို့ မှတ်ချက်ပြုကြပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွနု်ပ်တို့နိုင်ငံမှာ စွမ်းအားအရင်းအမြစ်တွေ၊ အထူးသဖြင့် ထူးခြားကောင်းမွန်တဲ့လူ့စွမ်းအားအရင်းအမြစ်တွေရှိနေ လို့ပါပဲ။ ဒါပေမဲ့ ဆင်းရဲမွဲတွေခြင်းနဲ့ ဖိနှိပ်ခြင်းတို့က ထောင် ပေါင်း များစွာသော ပြည်သူပြည်သားတွေအတွက် သင်္ချိုင်း တွင်း သဖွယ် ဖြစ်စေခဲ့ပါတယ်။
ဒါကြောင့် မျှော်လင့်ချက်ကင်းမဲ့မှုနဲ့ ပဋိပက်္ခကျောက်တုံး တွေကို ဒီတိုင်းပြည်ကနေ ဖယ်ရှားကြရအောင်။ မျှော် လင့်ခြင်းဟာ ကြီးမားတဲ့ စွမ်းအားတစ်ခု ဖြစ်ပါတယ်။ အမှောင် ကမ်္ဘာက အဲဒါကို ဘယ်တော့မှ အောင်နိုင်ခြင်း မရှိပါဘူး။ ခရစ်တော်ဟာ အလင်းရှင် ဖြစ်ပါတယ် (ူကာနည ဃ့မငျအင)။ ယေဇူးသခင်အပေါ် ယုံကြည်ခြင်းအားဖြင့် ကျွနု်ပ်တို့ရဲ့ ဘဝမှာ ပြန်ရှင်ထမြောက်ခြင်းတန်ခိုး အစွမ်းကို မြင်ကြရပါစေ။ မာရိယာမာဒလေးနာကို အမြဲအောက်မေ့ သတိရပါ။ သူဟာ မှောင်နေဆဲ အချိန်မှာပဲကို သင်္ချိုင်းတော်ဆီ အရောက် သွား ခဲ့ပါတယ်။
ခရစ်တော်ရဲ့ပြန်ရှင်ထမြောက်ခြင်းဟာလည်း အဲဒီအမှောင်ထုကြီးစိုးတဲ့အချိန်မှာပဲ ဖြစ်ခဲ့တာပါ။ အာလေလုယာ။ အဲဒီအလင်းတော်ဟာ ကျွနု်ပ်တို့တစ်စီ အပေါ်၊ ကျွနု်ပ်တို့ မိသားစုအပေါ်နဲ့ ကျွနု်ပ်တို့ ချစ်ရသော တိုင်းပြည်အပေါ် အစဉ်အမြဲထွန်းလင်းပါစေ…

4  Views
Previous: ထန်သြကျေးရွာသို့ ကက်သလစ်သာသနာတော်ရောက်ရှိခြင်း နှစ်(၅၀) ပြည့် ရွှေရတုဂျုဗလီပွဲတော်ကို အောင်မြင်စွာကျင်းပပြီးစီး
Next: မလေးရှားနိုင်ငံရောက်၊ ချင်း (လိုင်လူမျိုး) ကက်သလစ်ဘာသာဝင်များထံ မြန်မာနိုင်ငံမှသာသနာပြုခြင်း (၁၀) နှစ်ပြည့်ဂျူဗလီကျင်းပခြင်း