ကာဒီနယ် (ရဟန်းမင်းအမတ်) များသည် ကက်သလစ်သာသနာတော်၏ ဘုရင်များမဟုတ်ဟု ရဟန်းမင်းအမတ်များအား ရဟန်းမင်းကြီးက သတိပေးတော်မူ

20621051_2024723444429656_6185102810253343283_n

ရန်ကုန်၊ ဇွန်လ ၁၀၊ ၂၀၁၇ ရဟန်းမင်းကြီး ဖရန်စစ်က ကာဒီနယ် (ရဟန်းမင်းအမတ်) အဆောင်အယောင်ကို လက်ခံရရှိသော ကာဒီနယ် သစ် (၅) ပါးတို့အား မိမိတို့သည် ကက်သလစ် သာသနာတော်၏ ဘုရင်များ မဟုတ်ဟု ရဟန်းမင်းအ မတ်များအား ရဟန်းမင်းကြီးက ဇွန်လ (၂၉) ရက်နေ့က သတိပေးတော်မူလိုက်သည်။

ရဟန်းမင်းကြီးက ကာဒီနယ်များအား “ယေဇူးခရစ်တော် ဘုရားက သင်တို့ကို အရှင်ခရစ် တော်နှင့်အတူ အရှင်ခရစ်တော်ကဲ့သို့ အစေခံ ရန်၊သင်တို့၏ ပြည်သူလူထု များကိုအစေခံရန် ခေါ်တော်မူခြင်း ဖြစ်သည်” ဟု သတိပေး တော်မူလိုက်သည်။

၎င်းကာဒီနယ်အသစ် (၅) ပါးတို့ကမူ မာလီနိုင်ငံမှ ဆရာတော်ကြီး ဂျင်ဇာဘို (အသက်တော် ၇၃နှစ်)၊ စပိန်နိုင်ငံမှ ဆရာတော်ကြီး ဂျွန်ဂျိုး ဇက်အိုမေလာ (၇၁ နှစ်)၊ ဆွီဒင်နိုင်ငံမှ ဆရာတော်ကြီး အန်ဒေအာ ဘိုရေလီအူးစ် (အသက် ၆၇ ခုနှစ်)၊ လာအိုနိုင်ငံမှ ဆရာတော်ကြီး လူးဝီစ်မာရီအေလင်း (အသက် ၇၃ ခုနှစ်)၊ အဲလ်ဆာဗဒိုနိုင်ငံမှ လက်ထောက် ဆရာတော်ကြီး ဂရေ ဂိုရီအိုရိုဆာချာဗက် (အသက် ၇၄ ခုနှစ်) တို့ဖြစ်ကြသည်။

ကာဒီနယ်များအား အဆောင်အယောင် ပေးအပ်ခြင်းအခမ်း အနား၌ ရဟန်းမင်းကြီး ဖရန်စစ်သည် ရှင်မာကု ကျမ်းထဲက အခန်း (၁၀း၃၂- ၄၅) ကို ဖတ်ရှုပြီး တရားတော်ကို မြွက်ကြားရာတွင် “တပည့်တော် ကြီး ဂျိမ်း(စ်) နှင့်ယောဟန်တို့က အာဏာကို လိုလားခြင်းနှင့် ဂုဏ်ပြုခံ လိုခြင်းများကို ခရစ်တော်အား တောင်းဆိုကြမှုကို တခြားတပည့်တော် ကြီးများက ဒေါသတကြီး ကန့်ကွက်ခဲ့ကြ သည်ကို ကျမ်းစာထဲတွင် ဖတ်ရှုရကြောင်း၊ ထိုအခါ ခရစ်တော်က စစ်မှန်သော အာဏာသည် တခြားသူများကို အစေခံခြင်းထဲ တွင်သာရှိကြောင်း၊ ထို့ကြောင့် မိမိ တို့သည် ကက်သလစ် သာသနာတော်၏ ဘုရင်များမဟုတ်ဘဲ ယေဇူးခရစ် တော်ဘုရားက သင်တို့ကို အရှင်ခရစ် တော်နှင့်အတူ အရှင် ခရစ်တော်ကဲ့သို့ အစေခံရန်၊ သင်တို့၏ပြည်သူ လူထုများကို အစေခံရန် ခေါ်တော် မူခြင်းဖြစ်သည်” ဟု သတိပေးတော် မူလိုက်သည်။

လက်ထောက် ဆရာတော်ဘဝမှ ရဟန်းမင်းအ မတ်ဖြစ်လာခြင်း အားဖြင့် အဲလ်ဆာဗဒိုနိုင်ငံရှိ ကက်သလစ်သာ သနာတော်၏ အခြေအ   နေ သည် မည်ကဲ့သို့ပြောင်း လဲလာနည်း ဟူသောမေးခွန်းကို ရဟန်းမင်းအမတ် ဂရေဂိုရီအိုရို ဆာချာဗက် (အသက် ၇၄ ခုနှစ်) က “စစ် အာဏာရှင် စနစ်ကတော့ အမြစ်တွယ်နေပြီ။ ပြောင်းဖို့ မနည်းလုပ်ယူရမယ်။ ကျွန်တော့်အ တွက်ကတော့ ဘာမှပြောင်း လဲစရာမရှိပဲ စစ်အာဏာ ရှင်စနစ်ကိုသာ ဆက်လက်ဆန့် ကျင်သွားမယ်။ သာသနာတော်ကို ပိုပြီး အစေခံအ လုပ်လုပ်မယ်။ ရဟန်းမင်းကြီး သင်ကြား ပေး၊ လုပ်ဆောင် သလိုပဲ ထောင်သားတွေရဲ့ ခြေကိုသွားဆေးမယ်” ဟု ဖြေကြားတော်မူသည်။

စပိန်နိုင်ငံမှ ကာဒီနယ်ဂျွန်ဂျိုး ဇက်အိုမေလာ (၇၁ နှစ်) က“ဘုရားရှင်မြတ်၏ လူမျိုးတော်နဲ့ စပိန်နိုင်ငံသား တွေကိုမိမိသေ ဆုံးသည့်အထိ
အစေခံ သွားမယ်။ ဘယ်လောက်ပဲ ခက်ခဲပါစေ၊ ရက်ရောသော စိတ်ဖြင့် အစေခံသွားမယ်” ဟု လည်းကောင်း၊ လာအိုနိုင်မှ ကာဒီနယ် လင်းက “ကျွန်တော်ကတော့ ခရစ်တော် အကြောင်း တရားဟောလို့ လာအိုအစိုး ရကမိမိကို ထောင်ထဲမှာ ခြေလက်တွေကို သံကြိုးဖြင့် ချည်နှောင်ခြင်းခံရပြီး (၃) နှစ် ထောင်ကျ ခဲ့ပြီဖြစ်ပေမယ့် အဲဒီထောင် ထဲမှာလည်း တရားဟောခဲ့ ရကြောင်း၊ ဆက်လက်ပြီး ဘုရားမဲ့တ ရားကို ကျင့်သုံးနေသော လာအိုအစိုး ရကိုတရား ဟောပြောနေအုံး မည်ဖြစ်ကြောင်း” ဖြင့် သတင်းထောက် များ၏ မေးမြန်းမှုများကို ဖြေကြားပေးတော်မူသည်။

လက်ရှိကက် သလစ်သာသနာတော်၏ ဥပဒေအရ ရဟန်းမင်းကြီးရွေး ချယ်ရာတွင် မဲပေးပိုင်ခွင့်ရှိသော ရဟန်းမင်း အမတ်ပေါင်း (၁၂၁) ပါးသာ ရှိရမည်ဖြစ်သည်။ သို့သော် ရဟန်းမင်းကြီး ဖရန်စစ်၏ လက်ထဲတွင်မူ ရဟန်းမင်းအ မတ်ပေါင်း (၁၂၅) ပါး ရှိပြီး ရဟန်းမင်းကြီးကို ရွေးချယ်ရာတွင် မဲပေးပိုင်ခွင့်ရှိသော (အသက် ၈၀) အောက် ရဟန်းမင်းအ မတ်ပေါင်းမှာ (၁၂၁) ပါး ရှိနေသည်။

#ကုန်ဇမှုန်း

982  Views
Previous: အများပြည်သူနှင့်ဆိုင်သော ပုဂ္ဂလိကပိုင် ဝန်ဆောင်မှုများကို ပြန်လည်ကြပ်မတ်ပေးပါ
Next: ရဟန်းမင်းကြီးဖရန်စစ်က ရဟန္တာတင်မြှောက်ခြင်းဆိုင်ရာနည်းလမ်းများကို ပြန်လည်ပြင်ဆင်လိုက်ပြီ