ကာဒီနယ် (ရဟန်းအမတ်)မာတေးအို မာရီယား ဇူပီနှင့် တွေ့ဆုံမေးမြန်းခြင်း ““လူမျိုးရေးခွဲခြားမှုသည် ဘယ်သောအခါမျှ မသေဆုံးပါ။ ကျွန်ုပ်တို့က မကောင်းမှုကို အနိုင်ယူနိုင်မှသာလျှင် လူမျိုးရေးခွဲခြားမှုသည် သေဆုံးမည် ဖြစ်ပြီး ၎င်းမကောင်းမှုကို ပညာသားပါပါ တိုက်ဖျက်ရန် လိုအပ်နေသည်။””


ဗာတီကန်၊ အောက်တိုဘာလ ၄၊ ၂၀၁၉

ဤတွေ့ဆုံမေးမြန်းခြင်းသည် ဗာတီကန်သတင်းဌာနတစ်ခုဖြစ်သော ဇေးနစ် ဇနညငအ သတင်းဌာနမှ အကြီးတန်းသတင်းထောက် ဒီဘိုးရာလူးဘိုက ကာဒီနယ် (ရဟန်းအမတ်) ဃမေိငညေူ အဖြစ် ရွေးကောက် တင်မြှောက်ခံရသူ ြအေအနသ ြမေငေ ဇကစစင မာတေးအို မာရီယား ဇူပီအား မေးမြန်းထားသော တွေ့ဆုံမေးမြန်း ခြင်း ဖြစ်သည်။ အီတလီနိုင်ငံ၊ ဘိုလိုညား သြူသါညေ မြို့၏ ဂိုဏ်းချုပ်ဆရာတော်ကြီးသည် ကာဒီနယ်အဖြစ် ရဟန်းမင်းကြီးဖရန်စစ်၏ ရွေးချယ်ခြင်းကိုခံရပြီး ကာဒီနယ်၏အဆောင်အယောင်များကို ၂၀၁၁ ခုနှစ်၊ အောက်တိုဘာ ၅ ရက်တွင် ကျင်းပခဲ့ပြီးဖြစ်သည်။

ဇေးနစ်။ စက်တင်ဘာ ၁ ရက်နေ့တွင် ရဟန်းမင်းကြီးဖရန်စစ်က ကာဒီနယ် (ရဟန်းအမတ်) ရွေးချယ်တင် မြှောက်ခံရသော မာတေးအို မာရီယား ဇူပီ သည် အောက်တိုဘာ ၅ ရက်နေ့တွင် ကာဒီနယ် (ရဟန်းအမတ်) အဖြစ် အဆောင်အယောင်ပေးအပ်ခြင်းကို ခံရမည်ဟုကြေငြာခဲ့သည်။ ၎င်းသတင်းရသောအခါ သင် မည်သို့တုံ့ပြန်သနည်း။ ရဟန်းမင်းကြီးက သင့်အား ကာဒီနယ် (ရဟန်းအမတ်)အဖြစ် ရွေးကောက် တင်မြှောက် ခြင်းခံရဖို့အတွက် ဘာကိုဆိုလိုတာလဲ။

ကာဒီနယ်။ ငါ့အတွက်၊ ဒါကအရေးကြီးတာတစ်ခုဖြစ်တယ်။ အကြောင်းမှာ အကြောင်းပြချက်များစွာကြောင့် (ပြုံးရင်း) ပါ။ အလွန်ထူးဆန်းသောကြောင့် တုံ့ပြန်မှုသည် အစပိုင်း၌မယုံနိုင်လောက်အောင်ဖြစ်ခဲ့ရသည်။ ထိုအခါငါ့တုံ့ပြန်မှုအသွင်ပြောင်းသွားသည်။ အထူးတာဝန်ရှိသောကြောင့် ကာဒီနယ်ဆိုတာက တခြားသူတွေ အတွက် ပုံသက်သေ (စံပြ)၊ တခြားသူတွေကို စည်းလုံးစေတဲ့ တံခါးပတ်္တားလို့ ဖြစ်နေရမယ်။ ၎င်းပတ်္တားသည် အခြားအရာဝတ်္ထုများကို အတူတကွကိုင်ဆောင်ထားသည့် ကိရိယာအတိအကျ ဖြစ်ခြင်း ပါဝင်သည်။ ဒါကြောင့်မတူကွဲပြားတဲ့သူတွေကိုစည်းလုံးစေတဲ့ဒီစည်းလုံးညီညွတ်မှုကိုယုံကြည်ဖို့နဲ့ စည်းလုံးညီညွတ်ရေးကို သက်သေခံရန်အရေးကြီးကြောင်း ကျွန်ုပ်ခံစားမိရခြင်း ဖြစ်ပါတယ်။

ဇေးနစ်။ သင်သည် ၁၉၈၇ ခုနှစ်မှစတင်ပြီး ှညေအဒနါငိငသ ဆန်အီဂျီဒီအို၏ မြို့သူမြို့သားတွေက မြင့်တင်ခဲ့သော နှစ်ပတ်လည်အစည်းအဝေးများတွင် အမြဲတမ်းပါဝင်လာခဲ့သည်။ ၁၉၈၆ ခုနှစ်ကစပြီး ရဟန်းမင်းကြီး ယောဟန်ပေါလူး (၂) က စတင်ခဲ့သော အစီစီမြို့တွင်ပြုလုပ်ခဲ့သော ကမ်္ဘာ့ဘာသာရေး ခေါင်းဆောင်များ၏ ငြိမ်းချမ်းရေးညီလာခံကို ကာဒီနယ်လည်း တောက်လျှောက်ပါဝင်လာခဲ့ပါသည်။ နှစ်ပေါင်းများစွာကြာပြီး နောက် ၎င်းညီလာခံက ယနေ့ကမ်္ဘာကြီးအတွက် ဘာတန်ဖိုး ရှိပါသလဲ။

ကာဒီနယ်။ ဒါဟာနှစ်အနည်းငယ်ကြာပြီးတဲ့ နောက်ဖြစ်ရပ်တစ်ခုဖြစ်ပေမယ့် အနာဂတ်အတွက် မျှော်လင့်ချက်တစ်ခုအဖြစ် ဆက်လက်ရှိနေဆဲပါ။ ဤအနာဂတ်သည် ဘာသာတရားများ၏ ဈေးဝယ်ဗဟို ဌာနကြီး မဟုတ်ပါ။ ဤအနာဂတ်သည် နောက်ဆုံးတွင်မူ၊ အတူတကွ နေထိုင်နိုင်မည့် ဘာသာတရား အမျိုးမျိုးကို ယုံကြည်သူများ ဖြစ်လိမ့်မည်။ အနာဂတ်သည် ကြီးမားသောဘာသာတရားခေတ် “စူပါဘာသာ တရား” မဟုတ်ပါ။ ဘာသာတရားတစ်ခုချင်းက မိမိတို့ဘာသာဝင်များအား အနာဂါတ်တွင် ကမ်္ဘာကြီးသည် မည်ကဲ့သို့ ဖြစ်လာမည်ကို ညွှန်ပြကြပါလိမ့်မည်၊ အနာဂတ်တွင်ကျွန်ုပ်တို့၏ ကမ်္ဘာဂြိုဟ်တစ်ခုလုံး၏ အဖြစ်မှန် ဖြစ်လာလိမ့်မည်၊ ဆိုလိုသည်မှာအတူတကွ နေထိုင်ခြင်းနှင့်အတူတကွတွေးတောခြင်းတို့ဖြစ်သည်။ ယနေ့ ကျွန်ုပ်တို့ အားလုံးသည်ကမ်္ဘာမြေကြီးဖြစ်သော ထူးခြားသော၊ ထူးခြားသည့်အိမ်ဖြစ်သော မြေကြီးပေါ်တွင် အတူတကွနေထိုင်နေကြသည်။ ဘာသာတရားတစ်ခုစီသည် သူတစ်ပါးနှင့်မည်သို့နေထိုင်ရမည်ကို မိမိ၏ဘာသာဝင်များအား သစ်္စာရှိစွာ သင်ကြားရန်တာဝန်ရှိသည်။

ဇေးနစ်။ ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ်က မိုဇမ်ဘစ်နိုင်ငံကိုရောက်နေပြီ။ အဲဒီမှာ ဆန်အီဂျီဒီအို၏ မြို့သူမြို့သားတွေရဲ့ကတိကဝတ်တွေကို ရဟန်းမင်းကြီးကိုယ်တိုင်က ပြန်ပြောပြတဲ့အတိုင်း၊ ၁၉၉၂ ခုနှစ်မှာ ငြိမ်းချမ်းရေးသဘောတူညီချက်တွေကို ဆောင်ပြီးပြည်တွင်းစစ်ကို အဆုံးသတ်စေခဲ့တဲ့စေ့စပ်ညှိနှိုင်းမှု အတွက် အရေးကြီးတယ်။ စစ်ပွဲနှင့် ပဋိပက်္ခဖြစ်ပွားရာအခြေအနေများတွင် နိုင်ငံရေးပြသနာအတွက် အဖြေရှာမှုကို ကူညီရာတွင် ဆန်အီဂျီဒီအို၏ မြို့သူမြို့သားတွေကဲ့သို့သောဘာသာရေးလှုံ့ဆော်မှု အဖွဲ့အစည်းများ၏ အခန်းကဏ္ဍက မည်သို့ရှိနိုင်သနည်း။

ကာဒီနယ်။ ကြီးမားသောအခန်းကဏ္ဍ ရှိပါသည်။ အကြောင်းမှာ ယုံကြည်သူများသည် အမြဲတမ်းနေရာ တိုင်းတွင် သေးငယ်သောအဖွဲ့ဖြစ်ပါစေ၊ ကြီးမားသော အဖွဲ့ဖြစ်ပါစေ၊ ငြိမ်းချမ်းရေးဆရာများ ဖြစ်ကြပါသည်။ ဆန်အီဂျီဒီအို၏ မြို့သူမြို့သားအဖွဲ့က သေးငယ်သောအဖွဲ့ဖြစ်ပေမယ့် တကယ်တည်ရှိနေကြတဲ့အဖွ့ဲလည်း ဖြစ်ပါသည်။ သူတို့သည် ကိုယ်ပိုင်လုပ်ဆောင်မှုကိုကန့်သတ်ထားခြင်းမရှိသော်လည်း၊ ကြီးသောအမှုကို ပြုသောသူများ ဖြစ်ကြ၏။ ငြိမ်းချမ်းရေးသည် အမြဲတမ်း လက်မှုလက်ရာတစ်ခုဖြစ်သည်။ လက်မှုလက်ရာဆို တာက လူတွေက စတင်လုပ်ရတဲ့အရာ ဖြစ်ပါသည်။ ကံမကောင်းစွာပင် ယနေ့ခေတ်တွင် ငြိမ်းချမ်းရေးသည် အလွန်လိုအပ်နေသည်။ အဘယ်ကြောင့်ဆိုသော် နိုင်ငံများစွာမှာ ပဋိပက်္ခတွေ များနေပြီး အမြောက်အမြား ရှိပြီး ၎င်း ပဋိပကတွေကို တွေ့ဆုံခြင်းနှင့်တွေ့ဆုံဆွေးနွေးမှုများဖြင့် ဖြေရှင်းနိုင်ခြင်း မရှိခြင်းပင်ဖြစ်သည်။

ဇေးနစ်။ မက်ဒရစ်မြို့တွင် ယခုနှစ်တွေ့ဆုံမှုအတွင်းစီစဉ်ထားသည့် စားပွဲဝိုင်းတစ်ခုက ““လူမျိုးရေးခွဲခြားမှုသည် နောက်တစ်ဖန်တက်နေသလား”” ခေါင်းစဉ်တပ်ထားသည်။ ဤမေးခွန်းကိုသင်အဘယ်သို့အဖြေပေးသနည်း။

ကာဒီနယ်။ ကံမကောင်းစွာဖြင့်၊ လူမျိုးရေးခွဲခြားမှုက ပြန်အားကောင်းလာနေသည်။ ဒါမှမဟုတ် လူမျိုးရေးခွဲခြားမှုက ဘယ်တော့မှ မသေနိုင်ဘူး။ လူမျိုးရေးခွဲခြားမှုသည် မကောင်းမှုနှင့်တူပြီး၊ ဘယ်တော့မှ မရှုံးဘူး။ လူမျိုးရေးခွဲခြားမှု တည်ရှိ ခြင်းနှင့် ၎င်းကို မကောင်းမှုကဲ့သို့၊ မြင်နိုင်ရန်ခက်ခဲခြင်းက ပိုဆိုးပါတယ်။ ကျွန်ုပ်တို့သည် ဒုတိယကမာစစ်တုန်းက နာဇီဂျာမနီတွေနှင့်အပေါင်းအပါတွေက ဥရောပရှိ ဂျူးလူမျိုးများနှင့် ရောမတို့အား သုတ်သင်သတ်ဖြတ်ခြင်းနှင့် ကျွန်စနစ်အောက်တွေကို မြင်တွေ့ခဲ့ကြပြီဖြစ်သည်။ သို့တိုင်ယခု လူမျိုးရေးခွဲခြားမှုသည် အခြားပုံစံများဖြင့်တိုးတက်လျက်ရှိသည်။ လူမျိုးရေးခွဲခြားမှုသည် ဘယ်သောအခါမျှ မသေဆုံးပါ။ ကျွန်ုပ်တို့က မကောင်းမှုကို အနိုင်ယူနိုင်မှသာလျှင် လူမျိုးရေးခွဲခြားမှုသည် သေဆုံးမည် ဖြစ်ပြီး ၎င်းမကောင်းမှုကို ပညာသားပါပါ တိုက်ဖျက်ရန် လိုအပ်နေသည်။

ဇေးနစ်။ ဒီနေရာမှာ ““နယ်စည်းမခြားငြိမ်းချမ်းရေး”” ဟူသော ခေါင်းစဉ်နှင့်ပတ်သက်ပြီး၊ လူအများက ရွှေ့ပြောင်းခြင်းအကြောင်းကို ရဟန်းမင်းကြီး ဖရန့်စစ်ရဲ့အဓိကသွန်သင်ချက်တွေထဲမှာ အဓိကထား ပြောဆိုသည်။ ဥရောပနှင့် အမေရိကန်နိုင်ငံသည် အလွန်ကြီးမားသည့်ရွှေ့ပြောင်းအလုပ်သမားများ၏ နေရာများဖြစ်သည်။ ဥရောပရှိ ကက်သလစ်သာသနာတော်ကြီးက ရွှေ့ပြောင်းအလုပ်သမားများကို ကြိုဆိုနေ ကြသော်လည်း ရွှေ့ပြောင်းအလုပ်သမားများရဲ့မိခင်နိုင်ငံက ဆရာတော်ကြီးတွေကလည်း မရွှေ့ပြောင်းကြရန် ဆော်သြနေကြသည်။ ဒီ ကြိုဆိုသော ကက်သလစ်ဆရာတော်ကြီးများနှင့် မရွှေ့ပြောင်းရန် ဆော်သြနေကြ သော ဆရာတော်ကြီးများ၏ မတူညီသော ဆန့်ကျင်ဖက်နှစ်ခုကို ဘယ်လို ဖြေရှင်းနိုင်ကြမလဲ။

ကာဒီနယ်။ ဒီဆန့်ကျင်မှုကို လူတွေကိုမထွက်ခွာဖို့ကူညီခြင်းအားဖြင့်သာ ဖြေရှင်းနိုင်မှာသေချာပါတယ်။ ဒါပေမဲ့သူတို့မထွက်ခွာဖို့ ““မထွက်ပါနဲ့”” လို့ပြောရုံနဲ့မလုံလောက်ဘူး။ သူတို့ကိုသင်လည်း သူတို့နိုင်ငံမှာ နေဖို့အခွင့်အရေးပေးရမယ်။ ဒီလိုမှမဟုတ်ရင် သူတို့လိုအခြေအနေမျိုးမှာ သူတို့လိုပဲသူတို့ထွက်ခွာသွား လိမ့်မယ်။ သင်၏နေ့စဉ်အသက်တာ၏အဖြစ်မှန်သည် ဆာလောင်မွတ်သိပ်နေလျှင် အနာဂတ်အတွက် အလားအလာမရှိခြင်းဖြစ်ပါက သင်အနာဂတ်အတွက်အလားအလာကိုရှာတွေ့နိုင်မည့်နေရာသို့သွားပါ။ လွန်ခဲ့သောအနှစ် (၅၀) အထိ အီတလီလူမျိုးများလည်း ထိုသို့ပြုခဲ့ကြသည်။ နောက်ဆုံးအနေဖြင့်၊ ထိုလူမျိုးများ၏ကလေးများအား သူတို့၏နိုင်ငံများ၌နေရန်နှင့်သူတို့၏ ဆင်းရဲဒုက်္ခများကို အမြတ်ထုတ် သူများအား ကြွယ်ဝစေခြင်းမရှိဘဲ လုံခြုံစွာထွက်ခွာသွားရန်ပင် ကူညီရန်ဖြစ်သည်။

ဇေးနစ်။ ဘုရားရှိခိုးကျောင်းကိုကြိုဆိုကြောင်းဟောပြောသော်လည်းနိုင်ငံများအနေဖြင့်လက်ခံမှုကိုတရား ဝင်ကန့်သတ်ထားသည်ကို ြေါငျအနမငကာ ကိုယ်တိုင် ဝန်ခံသည်။ ရဟန်းမင်းကြီးဖရန့်စစ်ကတောင်မှ တိုင်းပြည်တစ်ခုကို ပေါင်းစည်းလို့မရဘူးဆိုရင် လက်မခံတာက ပိုကောင်းတယ်လို့ပြောခဲ့တယ်။ လက်တွေ့တွင် မည်သည့်နေရာတွင်မည်ကဲ့သို့ဟန်ချက်ညီနိုင်မည်နည်း။

ကာဒီနယ်။ မည်သည့်နိုင်ငံတွင်မဆို ရွှေ့ပြောင်းနေထိုင်သူကိုလက်မခံနိုင်သည့်အခြေအနေမရှိ။ တနည်းအား ဖြင့် တိုင်းပြည်များသည်အမှန်တကယ်သူတို့ကိုပေါင်းစည်းရန်ရွေးချယ်ပါက၊ အနာဂတ်ကိုရွေးချယ်ပါက ပြောင်းရွှေ့လာသောလူများအား ပေါင်းစည်းရန်အနေအထားတွင် ရှိသည်။ ပေါင်းစည်းမှု ပြသနာသည် နိုင်ငံခြားသားများ၊ အခြားသူများနှင့်သာသက်ဆိုင်သောကြောင့် ၎င်းသည်လူတိုင်းအတွက်ဖြစ်သည်။ အခြားသူများကိုပေါင်းစည်းခြင်းမရှိသောတိုင်းပြည်သည်၎င်း၏နိုင်ငံသားများကိုပင်ပေါင်းစည်းခြင်းမရှိပါ။ ပေါင်းစည်းရန်သင်ယူခြင်းနှင့် လူ့အဖွဲ့အစည်းတွင်ပေါင်းစည်းခြင်းမခံရသေးသော အီတလီ လူမျိုးများစွာ ကျန်ရှိနေသေးသည်။ နိုင်ငံသားဖြစ်ခြင်း၏အဓိပ်္ပာယ်ကိုနားလည်ရန်အီတလီလူမျိုးများစွာရှိသည်။ များစွာသောအရာများတွင်ကျွန်ုပ်တို့မလေ့လာရသေးပါ၊ အခြားသူများအားရှင်းပြခြင်းက ကျွန်ုပ်တို့ကိုလည်း မှတ်မိစေလိမ့်မည်။

ဇေးနစ်။ ဒီဖြစ်ရပ်များမှာ၊ ဒီအစည်းအဝေးတွေမှာဘာသာတရားများအကြား တွေ့ဆုံဆွေးနွေးမှုများနှင့် ထိပ်တိုက်တွေ့မှုများအတွက်အမြဲတမ်းအဖွဲ့ကိုဖွဲ့စည်းဖို့၊ လှလှပေမဲ့ရံဖန်ရံခါမှာ ဒီလိုတွေ့ဆုံမှုမျိုး ပေါ်ပေါက် လာတယ်။ ဒါဟာ စိတ်ကူးတစ်ခုလား။

ကာဒီနယ်။ ပြောရန်ခက်ခဲသည်။ သို့သော်၊ ဒီဟာက မက်ဒရစ်မြို့မှာကြုံခဲ့ရတာမဟုတ်ပါ၊ စီးရီးထဲမှာ ၃၃ ယောက်ပါ။ ဒါဟာအလွန်လက်မှုပညာခရီး။ အမျိုးသားအချင်းချင်း တစ်ယောက်ကိုတစ်ယောက် စကားပြောတဲ့နေရာ၊ တစ်ယောက်နဲ့တစ်ယောက်စကားပြောတဲ့နေရာဟာ အရေးကြီးတယ်ဆိုတာငါယုံတယ်။ ““ကုလသမဂ်္ဂဘာသာတရားများ”” ဆိုတာမျိုးဟာ လူတချို့ကို လန့်ဖြန့်စေနိုင်တယ်။ ဘာဖြစ်လို့လဲဆိုတော့၊ ဘာသာတရားမျိုးစုံထဲမှာ ပိုကြီး၊ ပိုမြတ်တဲ့ဘာသာ ရှိတယ်ဆိုတာမျိုး အဓိပါယ်ရသွားလို့ပါ။ မိတ်ဆွေ တစ်ယောက်က မိမိမိတ်ဆွေကို ဖိတ်ပြီး အစည်းအဝေးလုပ်ခြင်းက အေးတိအေးစက်ဖြစ်နေတဲ့ အဖွဲ့အစည်း တွေနဲ့ အစည်းအဝေးလုပ်ခြင်းထက် ပိုကောင်းတယ်။ ဒီမက်ဒရစ်မြို့မှာက ခင်မင်ရင်းနှီးမှုတွေ အရမ်းကောင်းတယ်။ လူတိုင်းက ဘယ်သူ့ကို ဘယ်ကနေဖိတ်ထားသလဲ၊ ဘယ်သူတွေက လာပါဝင်သလဲဆိုတာ သိကြလေတော့၊ လူတိုင်းက ကိုယ့်အိမ်လိုပဲ ခံစားကြပါတယ်။

ဇေးနစ်။ ဖေဖော်ဝါရီ ၄ ရက်တွင်၊ အဘူဒါဘီမြို့တွင် ရဟန်းမင်းကြီးဖရန့်စစ်သည် ““ဘာသာပေါင်းစုံ တွေ့ဆုံဆွေးနွေးမှု”” များနှင့်ပတ်သက်ပြီး အရေးကြီးသောသဘောတူစာချုပ်ကို ““အယ်လ်အာဇာဇာ၏ အာမက်အယ်လ်တေဘ့်”” နှင့် လက်မှတ်ရေးထိုးခဲ့သည်။ ဆန်အီဂျီဒီအို၏ မြို့သူမြို့သားများအဖွဲ့က စတင်ဖွဲ့ စည်းစဉ်ကတည်းက ဤကိစ်္စများတွင် ပါဝင်ခဲ့သည်။ ဤသဘောတူစာချုပ်သည် သင်၏ပါဝင်မှု အကျိုးရလဒ်လည်း ဖြစ်သည်ဟုသင်ထင်ပါသလား။

ကာဒီနယ်။ အားလုံးသည် တွေ့ဆုံဆွေးနွေးရေးလမ်းကြောင်းတစ်လျှောက်တွင် အရာအားလုံးကို အထောက် အကူ ပြုကြပါသည်။ ခင်မင်ရင်းနှီးမှုရှိသကဲ့သို့ တွေ့ဆုံဆွေးနွေးရေး လမ်းကြောင်းသည် စည်းလုံးစေသည်။ ကျွန်ုပ်နှင့်စပ်ဆိုင်သောအရာသည် သင့် ဥစ်္စာဖြစ်၏။ သင်၏ဥစ်္စာသည် ကျွန်ုပ်၏ဥစ်္စာ ဖြစ်သည်။ အဘူဒါဘီ စာချုပ်သည် လူ့အဖွဲ့အစည်းများအကြားတွင် တည်ဆောက်ခဲ့သည့် ရှည်လျားသောတွေ့ဆုံ ဆွေးနွေးမှု၏ ရလဒ်ဖြစ်သည်။ သို့သော် တစ်စုံတစ်ဦးက အခြားသူများနှင့်အတူတကွ ရဲရင့်စွာဆက်ဆံခြင်းကို မွေ့လျော်ခြင်းထက် ယင်းကိုတာဝန်ယူမည်ဆိုပါက မှားပါလိမ့်မည်။

45  Views
Previous: ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ်က ဂရုဏာတရားအားဖြင့် သခင်ခရစ်တော်ကို သက်သေခံကြပါဟု ကာဒီနယ်အသစ်များအား မိန့်ကြားတော်မူ
Next: အယ်ဒီတာ့အာဘော် အိမ်သုံးမီးများကို မလိုအပ်လျှင် မဖွင့်ခြင်းဖြင့် မိမိဝင်ငွေကို ချွေးတာကြပါစို့