တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ရဟန်းမင်းကြီး ဖရန်စစ်နှင့်တွေ့ဆုံ နှုတ်ဆက်

24067920

နေပြည်တော်၊ နိုဝင်ဘာ – ၂၇
တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူး ကြီးမင်းအောင် လှိုင်သည် မြန်မာနိုင်ငံ သို့တရားဝင် ချစ်ကြည်ရေး ခရီးရောက် ရှိနေသည့် ရဟန်း မင်းကြီးဖရန်စစ် အားယနေ့ ညနေပိုင်းတွင် ရန်ကုန်မြို့၊ သိမ်ဖြူလမ်းရှိ ကာဒီ နယ်ကျောင်းတွင် သွားရောက် တွေ့ဆုံနှုတ်ဆက် သည်။ အဆိုပါတွေ့ ဆုံရာတွင် တပ်မတော် ကာကွယ်ရေးဦးစီး ချုပ်နှင့်အတူ ကာကွယ်ရေး ဦးစီးချုပ် ရုံး(ကြည်း) မှ တပ်မတော် အရာ ရှိကြီး များတက်ရောက် ကြပြီး ရဟန်း မင်းကြီးနှင့် အတူ မြန်မာနိုင်ငံ ကက်သလစ် အသင်း တော်၏ ရန်ကုန်ဂိုဏ်း ချုပ်ဆရာတော် ကြီး ကာဒီနယ် ချာလ်းစ်ဘိုတို့ တက်ရောက် ကြသည်။
ထိုသို့တွေ့ ဆုံစဉ် တပ်မတော် ကာကွယ်ရေးဦး စီးချုပ်က ယခုကဲ့သို့  မြန်မာနိုင်ငံသို့ လာရောက်ခြင်း အတွက် ကြိုဆို ပါကြောင်း၊ ဘာသာ တရားအား လုံးသည် ငြိမ်းချမ်းခြင်း၊ ညီညွတ်ခြင်း၊ တရားမျှ တခြင်းဆိုသည့် လောကပါ လတရားကို လိုလားကြကြောင်း၊ မြန် မာနိုင်ငံ၌ ဘာသာရေး အရခွဲခြား ဖိနှိပ်ဆက်ဆံ မှုများလုံး ဝမရှိဘဲ လွတ်လပ်စွာ ကိုးကွယ် ခွင့်ပေးထား ပါကြောင်း၊ မိမိတို့တပ် မတော် ထဲတွင် လည်းအ လားတူ ပင်ဖြစ်ကြောင်း၊ တပ်မတော် သည်ငြိမ်းချမ်းရေးကို ထိမ်းသိမ်းဆောင် ရွက်နေပြီး မိမိတို့တပ် မတော် သားတိုင်း ၏ဆန ္ဒမှာ တိုင်းပြည် တည်ငြိမ်အေး ချမ်းရေး ပင်ဖြစ်ကြောင်း၊ မြန်မာနိုင် ငံအတွင်း တိုင်းရင်းသား အချင်းချင်းခွဲခြား ဆက်ဆံမှု များမရှိ ကြောင်းပြော ကြားသည်။
ရဟန်းမင်း ကြီးဖရန်စစ် ကမြန်မာနိုင်ငံ သို့ရောက် ရှိစဉ် ပြည်သူ လူထုက သောင်းသောင်း ဖျဖျ ကြိုဆိုကြ သဖြင့် အံသြဝမ်းသာ ရကြောင်း၊ ဘာသာပေါင်းစုံမှ ဘာသာေ ရးခေါင်းဆောင် များနှင့် တွေ့ဆုံရ မည်ဖြစ်၍လည်း ဝမ်းမြောက် ပါကြောင်း၊ မိမိတို့ ကိုးကွယ်ရာဘာသာ တရားအတိုင်း လိုက်နာဆောင် ရွက်ခြင်းဖြင့် နိုင်ငံရေးကို ပိုမိုဖွံ့ဖြိုးတိုး တက်စေနိုင်ကြောင်း၊ ဘာသာပေါင်း စုံ၏ အပြန်အ လှန်လေး စား မှုဖြင့် နိုင်ငံ၏ကြွယ်ဝမှု၊ သာယာ ဝပြောမှုကိုတည်ေ ဆာက်နိုင်ပါေ ကြာင်း၊ မြန် မာနိုင်ငံတွင် ပြည်တွင်းငြိမ်း ချမ်းရေး ဆောင် ရွက်နေ သည် များ ကိုသိရှိရ သည့်အတွက် ဝမ်းမြောက် ပါကြောင်း၊ မိမိတို့နိုင်ငံ တည်ငြိမ်အေး ချမ်းရေး အတွက် အားလုံးက ကြိုးစား ဆောင်ရွက်ကြ ရမည်ဖြစ်ေ ကြာင်းပြော ကြားပြီး မြန်မာနိုင်ငံငြိမ်းချမ်း သာယာပြီး ဖွံ့ဖြိုး တိုးတက်ပါေ စကြောင်း ဆုမွန်တောင်း စကားပြောကြား ခဲ့သည်။

845  Views
Previous: မြန်မာနိုင်ငံသူ/သား များထံ ပုပ်ရဟန်းမင်းကြီး၏ သတင်းစကား
Next: ရဟန်းမင်းကြီးကိုင်ဆောင်ထားသောတောင်ဝှေးသည် ဝိုင်းမော်စစ်ဘေးဒုက္ခသည်များ၏ လက်ဆောင်ဖြစ်သည်