ထိရောက်မှုမရှိသေးသော ခရစ်ယာန်ဂိုဏ်းပေါင်းစုံတစ်လုံးတဝတည်းဖြစ်ရေးနှင့် ဘာသာအချင်းချင်းအပြန်အလှန်ဆွေးနွေးခြင်းကော်မရှင်၏ ဆွေးနွေးပွဲကျင်းပ

 45-b

မြန်မာနိုင်ငံကက်သလစ်ဆရာတော်ကြီးအဖွဲ့ချုပ်လက်အောက်ရှိ Episcopal Commission on Ecumenism ခရစ်ယာန် ဂိုဏ်းပေါင်းစုံတစ်လုံးတဝတည်းဖြစ်ရေးနှင့် ဘာသာအချင်းချင်းအပြန် အလှန် ဆွေးနွေးခြင်းကော်မရှင်နှင့် မြန်မာနိုင်ငံ ခရစ်ယာန်များကောင်စီတို့ ပူးတွဲပြီး နှစ်စဉ်ပြုလုပ်လျက် ရှိသော ခရစ်ယာန်ဂိုဏ်းပေါင်းစုံတစ်လုံးတ၀ တည်းဖြစ်ရေးနှင့် ဘာသာအချင်းချင်းအပြန် အလှန် ဆွေးနွေးခြင်းသည် လူမှုရေးအဆင့်သာ ရှိနေသေးသည်ဟု ကက်သလစ်ဘုန်းတော် ကြီး အောင်လင်းစိန်က ဂလိုရီးယား သတင်းဂျာနယ်သို့ မိန့်ကြားတော်မူလိုက်သည်။ ၎င်းတွေ့ဆုံ ဆွေးနွေး ပွဲကို မေလ ၁၄-၁၅ ရက်နေ့တို့တွင် ကရင်ပြည်နယ်မြို့တော်၊ ဖားအံမြို့ရှိ ကက်သလစ်ဘုရားကျောင်းတော် တွင် ပြုလုပ်ခဲ့ကြသည်။

ထိုကဲ့သို့သောဆွေးနွေးပွဲနှင့်စပ်လျဉ်းပြီး ဘုန်းတော်ကြီးက၊ ““အမြတ်ကတော့ ကိုယ့်ရဲကက်သလစ် ဘုရားကျောင်းမှာ နှစ်စဉ်လုပ်ကြတယ်။ ကိုယ့်ဘုရားကျောင်းမှာ ဝတ်ပြုဆုတောင်းကြတော့ ကက်သလစ် သာသနာတော်ရဲ့ဝတ်ပြုကိုးကွယ် မှုပိုင်းမှာ သူတို့က ပိုပြီးတော့ သိလာရင်းနှီးလာတာကလွဲလို့ လူမှုရေးအဆင့်သာ ရှိပါတယ်။ လာကြတယ်။ ထမင်းစားကြတယ်။ စကားလက်ဆုံကျကြတယ်။ ဒါပေမယ့် အစည်းအဝေးစစချင်းပဲ၊ သူများဘာသာအကြောင်းကို မပြောဖို့တားတယ်။ နောက်ပြီးတော့ကိုယ့်ဘာ သာရဲ့ယုံကြည်ရာအချက်တွေကိုလည်း သူများကို ကဲ့ရဲ့ပြောခွင့်မပြုဘူး။ ကျမ်းစာဖတ်ပြီးတော့ ကျမ်းစာ အတိုင်း ငါတို့ခရစ်ယာန်တွေ ဘယ်လိုတရားကျင့်ကြံမလဲဆိုတာပဲ ပြောကြတယ်။ နောက်ပြီး ကက်သလစ် ဖက်ကတော့ တစ်နိုင်ငံ လုံးက ကိုယ်စားလှယ်တွေ လာကြတယ်။ တခြားခရစ်ယာန်တွေဖက်ကတော့ အသင်းတော်ကို ကိုယ်စားပြုတဲ့သူတွေ မလာဘဲနဲ့ ရန်ကုန်ကလူတွေပဲ လာတော့ တခြားခရစ်ယာန် အသင်းတော်တွေကိုလည်း ပိုပြီးတော့ ပါဝင်စေချင်တယ်။ နောက်ပြီးတော့ ကက်သလစ်အသင်းတော်ရဲ့ ယုံကြည်ရာအချက်တွေကိုလည်း တခြားဂိုဏ်းကွဲတွေသိလာဖို့အတွက် ဆွေးနွေးပြောပြပေးဖို့လိုတယ် (ဥပမာပြောရရင် တခြားခရစ်ယာန်အသင်းတော်တွေက ကက်သလစ်ခရစ်ယာန်တွေဟာ မယ်တော်ကို ကိုးကွယ်တယ်ဆိုတာမျိုး၊ ရုပ်တုတွေကို ကိုးကွယ်တယ်ဆိုပြီး နားလည်ပြောဆိုနေတာတွေဟာ မဟုတ်ကြောင်းကို ဒီလိုမျိုးအစည်းအဝေးကနေ တရားဝင်ထုတ်ပြန်ချက်တွေ ပြုလုပ်စေချင် တယ်) နောက် ပြီး အစည်းအဝေး လုပ်ပြီးဆုံးဖြတ်တာ နောက်နှစ်ဘယ်မှာ လုပ်မလဲဆိုတာပဲ ဆွေးနွေးဆုံးဖြတ်ပြီး ဘာထုတ်ပြန်ချက်မှလဲ မလုပ်တော့ ဒီလိုမျိုးလှုပ်ရှား မှုတွေဟာ ငွေကုန်လူပန်းရကျိုးမနပ်ဟု သုံးသပ် မိကြောင်း”” ဖြင့် မေလ ၁၆ ရက်နေ့က မိန့်ကြားတော်မူသည်။

နောက်ဆုံးရရှိသော သတင်းအရ ၂၀၁၅ ခုနှစ်တွင် မြန်မာနိုင်ငံကက်သလစ်ဆရာတော်ကြီး အဖွဲ့ ချုပ်နှင့် မြန်မာ နိုင်ငံခရစ်ယာန်များကောင်စီတို့ ပူးတွဲပြီး နှစ်စဉ်ပြုလုပ်လျက်ရှိသော ခရစ်ယာန်ဂိုဏ်းပေါင်းစုံ တစ်လုံးတဝတည်း ဖြစ်ရေးနှင့် ဘာသာအချင်းချင်းအပြန်အလှန် ဆွေးနွေးပွဲကို လိပ်သိုမြို့တွင် ကျင်းပ မည်ဟု ဆုံးဖြတ်ထားကြောင်းဖြင့် သိရှိရသည်။ ၀၁၅ ဂျိုးဇက်

1943  Views
Previous: ပေါင်းစည်းရန် ဝေးနေသေးသော်လည်း ၎င်းပန်းတိုင်သည် ရှင်သန်နေဆဲဖြစ်ကြောင်းဖြင့် ရဟန်းမင်းကြီးက အင်္ဂလီကန်သာသနာပိုင်ချုပ်အား မိန့်ကြားတော်မူ
Next: ကလေးဆရာတော်ကြီး ဖေးလစ်လျန်ခန်းထန်မှ “ဗာတီကန်နိုင်ငံရဲ့ နိုင်ငံခြားရေး မူဝါဒအကြောင်း” ဂလိုရီးယားသို့ မိန့်ကြားတော်မူခြင်း