ဖိလစ်ပိုင်အစိုးရက ဖိလစ်ပိုင်ကက်သလစ်ဆရာတော်ကြီးများအဖွဲ့ချုပ်၏ ရေဒီယိုအသံလွှင့်ဌာန၏ လုပ်ငန်းလိုင်စင်ကို သက်တမ်းမတိုးပေးတော့ပေ

23659130_2071979176370749_7267707429903658873_n

မနီလာ၊ အောက်တိုဘာလ ၂၂၊ ၂၀၁၇

ဖိလစ်ပိုင် အောက်လွှတ်တော်က တနိုင်ငံလုံးတွင် ဖွင့်လှစ်ထားသော ဖိလစ်ပိုင်ကက်သလစ် ဆရာတော်ကြီးများ အဖွဲ့ချုပ်၏ ရေဒီယို အသံလွှင့် ဌာနများစွာအား လုပ်ငန်းလိုင်စင် သက်တမ်းကို မတိုးပေးဘဲပိတ် ပင်လိုက်သည်။

၎င်းလုပ်ငန်း လိုင်စင်သည် (၂၅) နှစ်လျှင် တစ်ခါသက်တမ်း တိုးရသော ရေဒီယိုအသံလွှင့် လုပ်ငန်းလိုင် စင်ဖြစ်ပြီး ဖိလစ်ပိုင်ကက် သလစ် ဆရာတော်ကြီး များအဖွဲ့ချုပ်က ၂၀၁၇ ခုနှစ် ဇနန်ဝါရီလ ကတည်းက လုပ်ငန်းလိုင်စင်ကို သက်တမ်းတိုးရန် စာတင်ထား သော်လည်း အောက်လွှတ် တော်အမတ်များက သက်တမ်း မတိုးပေးရန် မဲဆုံးဖြတ် ခဲ့ကြခြင်းဖြစ်သည်။

ဖိလစ်ပိုင်နိုင်ငံ၏ ဥပဒေအရ ဖိလစ်ပိုင်နိုင်ငံ သားများသည် ရုပ်မြင်သံကြားနှင့် အသံလွှင့်လုပ် ငန်းတို့သည် တခြားသူများကို တဆင့်လုပ် ပိုင်ခွင့်ပြုထားသည်။ ၎င်းဥပဒေအရ ဖိလစ်ပိုင်ကက်သလစ် ဆရာတော်ကြီးများ အဖွဲ့ချုပ်သည် ၎င်းလုပ်ငန်းကို အစိုးရထံမှ ၁၉၉၂ ခုနှစ်တွင်လုပ်ငန်း လိုင်စင်ယူပြီး တဆင့်လုပ်ကိုင် လာခဲ့ခြင်းဖြစ်သည်။

ဤကဲ့သို့သော လိုင်စင်သက်တမ်း တိုးခွင့်မရရှိခြင်းကြောင့် ဖိလစ်ပိုင်ကက်သလစ် ဆရာတော်ကြီးများ အဖွဲ့ ချုပ်လက်အောက်ရှိ ကက် သလစ်မီဒီ ယာကွန်ယက် Catholic Media Network (CMN) လုပ်ငန်းထဲက အသံလွှင့် ရုံပေါင်း (၅၄) ခုသည် ၂၀၁၇ ခုနှစ်၊ အောက်တို ဘာလမှစ တင်ပြီး ပိတ်ပစ်ရတော့ မည်ဖြစ်လေသည်။

ကက်သလစ် မီဒီယာကွန်ယက် Catholic Media Network (CMN) လုပ်ငန်း၏ အသံလွှင့်ရုံသည် ဒေသပေါင်း (၄၄) နေရာတွင်ဖွင့်လှစ် ပြီး ဖိလစ် ပိုင်နိုင်ငံတွင် ကွန်ယက်အ ကြီးဆုံးနှင့် အကြီးဆုံးသော အသံလွှင့်ရုံလုပ် ငန်းလည်းဖြစ်ပါသည်။ မနီလာကက် သလစ် ဂိုဏ်းချုပ် သာသနာမှ ရာဒိုဗေးရီတားရေ ဒီယိုအသံလွှင့်ရုံသည် လက်ရှိသမ္မတ ဒူးတာတေး မတိုင်ခင်က  လုပ်ငန်းလိုင်စင် ရရှိထားသောကြောင့် မနီလာကက်သလစ်ဂိုဏ်းချုပ်သာသနာမှ ရေဒီယိုအသံလွှင့်ရုံသည် ပိတ်ပင်ခြင်းထဲတွင် မပါဝင်ကြောင်းဖြင့် ဘုန်းတော်ကြီး ဂျေရုပ်စေစီ လာနိုက သတင်းထုတ်ပြန်သည်။

ဤကဲ့သို့သောပိတ်ပင်ခြင်းနှင့်စပ်လျဉ်းပြီး သမ္မတဒူတာတေး၏ မိတ်ဆွေဖြစ်သော လွှတ်တော်ဥက်္ကဌ ပန်တာလီအွမ် အလ်ဗာရေကဖိလစ် ပိုင်ကက် သလစ်ဆ ရာတော်ကြီး များအဖွဲ့ချုပ်က သမ္မတဒူ တာတေးရဲ့ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး ပုံစံအပေါ် ဝေဖန်ထိုးနှက် မှုကြောင့် လွှတ်တော်က ဒီလုပ်ငန်းလိုင်စင်ကို သက်တမ်းမတိုး ပေးကြတော့တာ ဖြစ်ပါတယ်” ဟု မီဒီယာသို့ ပြန် လည်ဖြေကြားလိုက် သည်။

ဘုန်းတော်ကြီး ဂျေရုပ်စေစီ လာနိုက ဤကဲ့သို့သောပိတ် ပင်ခြင်းနှင့်စပ် လျဉ်းပြီး လွှတ်တော်က ဖိလစ်ပိုင်ကက်သ လစ်ဆရာတော်ကြီး များ အဖွဲ့ချုပ်၏ ရေဒီယိုအ သံလွှင့်ရုံ လုပ်ငန်းလိုင်စင်ကို သက်တမ်းမတိုး ပေးခြင်းအပေါ် အရှုံးသမား၊ နစ်နာတဲ့သူက ဒီရေဒီယို အသံ လွှင့်ခြင်းကို မှီခိုနားဆင်နေတဲ့ ဖိလစ်ပိုင်ပြည်သူတွေပဲဖြစ်ပါတယ်” ဟုအစိုးရအား ပြန်လည်ဝေဖန် တော်မူလိုက်သည်။

ဖိလစ်ပိုင် ကက်သလစ်ဆ ရာတော်ကြီးများအဖွဲ့ချုပ်၏ရေဒီယို အသံလွှင့်ရုံ လုပ်ငန်းသည် ၁၉၈၆ ခုနှစ်နှင့် ၂၀၀၀ ခုနှစ်တုန်းက အာဏာ ရှင်ဖိလစ်ပိုင် အစိုးရများကို ဖြုတ်ချရာတွင် အဓိကပါဝင်ခဲ့သကဲ့သို့ လက်ရှိတွင်လည်း ဖိလစ်ပိုင်ဆရာ တော်ကြီးများက ၎င်းလုပ်ငန်းမှတ ဆင့်ဖိလစ်ပိုင်ပြည် သူများထံသို့ တရားဟော ကြားခြင်း၊ ပညာပေးခြင်းနှင့် အစိုးရအားေ၀ ဖန်ခြင်းတို့ကိုအသုံးပြု နေကြသည်ဟု သိရှိရ သည်။

✍️ ကုန်ဇမှုန်း

918  Views
Previous: ASIA/MYANMAR – Kachin refugees give Pope Francis a wooden crosier: a wish for peace
Next: ရဟန်းမင်းကြီးအရှင်သူမြတ်ဖရန်စစ်က ကာနွန်ဥပဒေပုဒ်မ (၈၃၈) ကို ဒေသခံ ကက်သလစ်ဆရာတော်ကြီးများအတွက် ပြင်ဆင်လိုက်ပြီ