ဗာတီကန်နိုင်ငံနှင့်တရုတ်နိုင်ငံတို့ဟာ လက်တွဲလုပ်ဆောင်နိုင်ပါကြောင်း ဗာတီကန်နိုင်ငံခြားရေးဝန်ကြီး ကာဒီနယ်ပါရိုလင်း မိန့်ကြား


ဗာတီကန်၊ မေလ ၂၀၊ ၂၀၁၉ CNS

ဗာတီကန်နိုင်ငံနှင့်တရုတ်နိုင်ငံတို့ဟာ အတူတကွ လက်တွဲလုပ်ဆောင်နိုင်ပါကြောင်းဖြင့် ဗာတီကန် နိုင်ငံခြားရေးဝန်ကြီး ကာဒီနယ်ပါရိုလင်း မေလ (၁၂) ရက်နေ့က တရုတ်အစိုးရပိုင် ဂလိုဘဲလ်တိုင်းမ်စ် သတင်းစာအား မိန့်ကြားတော်မူလိုက်သည်။
ဗာတီကန် နိုင်ငံခြားရေးဝန်ကြီး ကာဒီနယ်ပါရိုလင်းက ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ်သည် တရုတ်နိုင်ငံကို နိုင်ငံကြီးတစ်ခုအဖြစ် သာမက၊ ယဉ်ကျေးမှုကြီးမားသောနိုင်ငံအဖြစ်လည်း ရှုမြင်တော်မူကြောင်း၊ ဒါကြောင့် တရုတ်နိုင်ငံနှင့်ဗာတီကန်နိုင်ငံတို့နှစ်ခုသည် ပိုမိုလုံခြုံပြီး စည်ပင်ဝပြောသောကမ်္ဘာကြီးကို အတူတကွ တည်ဆောက်ခွင့်ရသော အခွင့်အရေးကို ကြိုဆိုကြောင်းဖြင့် ထည့်သွင်းမိန့်ကြားတော်မူသည်။
ကာဒီနယ်ပါရိုလင်းက ““တရုတ်ကွန်မြူနစ်အစိုးရက ဖော်ဆောင်နေတဲ့ တကမ်္ဘာလုံးကို တရုတ်ယဉ်ကျေးမှု လွှမ်းမိုးရေးမူဝါဒနဲ့ ဗာတီကန်နိုင်ငံက ဖော်ဆောင်နေသော ယဉ်ကျေးမှုကို အခြေခံသောဝတ်ပြုကိုးကွယ်ခြင်း မူဝါဒတို့နှစ်ခုသည် တစ်ခုနှစ်တစ်ခု အပြန်အလှန်ကူညီနေကြပြီး တွေ့ဆုံဆွေးနွေးရာနေရာကိုလည်း ဖွင့်ပေးနိုင်ကြ မည်ဖြစ်သည်ဟု တရုတ်အစိုးရပိုင်သတင်းစာနှင့်တွေ့ဆုံမေးမြန်း ခန်း၌ ဖြေကြားပေးတော်မူသည်။
ကာဒီနယ်ပါရိုလင်းက ““ယဉ်ကျေးမှုကို အခြေခံသောဝတ်ပြုကိုးကွယ်ခြင်း မူဝါဒသည် ခရစ်တော်ဘုရား၏ နှုတ်ထွက်စကားတော် (နှုတ်ကပတ်တော်)ကို ကောင်းမွန်စွာ ကြေငြာဟောပြောနိုင်ရန်အတွက် မရှိမဖြစ်သော အခြေအနေတစ်ခုဖြစ်ကြောင်း၊ သို့မှသာ အသီးအပွင့်များ ရရှိလာခြင်းနှင့်တဖက်တွင်လည်း ၎င်း၏ စစ်မှန်သော စင်ကြယ်ခြင်းနှင့်သမာသမတ်ကျခြင်းတို့ကို အာမခံရန် လိုအပ်ခြင်း၊ ယဉ်ကျေးမှုကို အခြေခံသော ဝတ်ပြုကိုးကွယ် ခြင်းမူဝါဒသည် နယ်မြေဒေသခံလူများနှင့်ယဉ်ကျေးမှု၏ တမူထူးခြားချက်များနှင့်အညီ တင်ဆက်သွားနိုင်ရန် လိုအပ်သောအရာဖြစ် သည်”” ဟု မီးမောင်းထိုးပြတော်မူသည်။
နိုင်ငံခြားရေးဝန်ကြီးက ““ယဉ်ကျေးမှုကို အခြေခံသောဝတ်ပြုကိုးကွယ်ခြင်း မူဝါဒနှင့် တကမာလုံးကို တရုတ်ယဉ်ကျေးမှု လွှမ်းမိုးရေးမူဝါဒတို့ဟာ တစ်ခုနှင့် ရှုပ်ထွေးခြင်းမရှိသလို ဆန့်ကျင်ဖက်ပြုခြင်းလည်း မရှိ”” ဟု ဖြေကြားတော်မူသည်။
ဆက်လက်ပြီး ဝန်ကြီးက ““၁၆ ရာစုက တရုတ်နိုင်ငံမှာ ဂျေဆွီကက်သလစ်ရဟန်းအသင်းဂိုဏ်းမှ ဘုန်းတော်ကြီး မာတီအို ရီဂျီဟာ တရုတ်နိုင်ငံ၊ တရုတ်ယဉ်ကျေးမှုကို အခြေခံသောဝတ်ပြုကိုးကွယ်ခြင်း မူဝါဒကို အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ခဲ့သည်”” ဟု ပြန်ပြောင်းထောက်ပြတော်မူသည်။
နှစ်နိုင်ငံဆက်ဆံရေးအခြေအနေနှင့်စပ်လျဉ်းပြီး ကာဒီနယ်ပါရိုလင်းက ““ဗာတီကန်နိုင်ငံနှင့်တရုတ်နိုင်ငံ အကြား ကောင်းမွန်တဲ့နားလည်မှုတွေ တိုးတက်ဖြစ်ထွန်းနေပါတယ်၊ နှစ်ဖက်ယုံကြည်မှုတွေလည်း ပိုတိုးတက်လာ ပါတယ်”” ဟု မှတ်ချက်ပြုတော်မူလိုက်သည်။

3  Views
Previous: ဥရောပခရစ်ယာန်နိုင်ငံများ၌ ရွှေ့ပြောင်းမူစလင်များအား ကန့်သတ်ခြင်းသည် အမျိုးသားရေးစိတ်ကြောင့် ဖြစ်ဟု ကာဒီနယ်ဘတ်က မှတ်ချက်ပြုတော်မူ