ဘာသာရေးနှင့် လူမျိုးရေးကို ခွဲခြားသူသည် နိုင်ငံ့ရန်သူ ဖြစ်သည်ဟု ရန်ကုန် ကာဒီနယ် ချားလ်စ်ဘို မိန့်ကြား

cb

ရန်ကုန်။ မတ်လ ၂၁၊ ၂၀၁၆

“ဘာသာရေးနှင့် လူမျိုးရေးကို အခြေခံပြီးတဲ့နောက် ခွဲခြားချက် သူတွေဟာ တကယ်တမ်း ဆိုလို့ရှိရင် နိုင်ငံတော်ကို တည်ဆောက် တဲ့သူတွေမဟုတ်ဘဲနဲ့ နိုင်ငံတော်ရဲ့ ရန်သူတွေ ဖြစ်ပါတယ်” ဟု ရန်ကုန် ကာဒီနယ် ချားလ်စ်ဘိုက မိန့်ကြား တော်မူလိုက်ပါသည်။

ဆက်လက်ပြီး ကာဒီနယ်ဘိုက “ဒီလိုမျိုး အနှောက်အယှက် လုပ်နေတဲ့ လူတွေကို တရားမျှတစွာနဲ့ ကိုင်တွယ်ဖို့ အရေးကြီးကြောင်း၊ “နိုင်ငံရေး နိုင်ငံတော်မှာ ငြိမ်းချမ်းခြင်း ကိုရချင်တယ် ဆိုလို့ရှိရင် တရားမျှတစွာနဲ့ ဆက်လက် နေနိုင်ဖို့ အရေးကြီးပါတယ်။ ငြိမ်းချမ်းခြင်းမှ ငြိမ်းချမ်းခြင်းကသာလျှင် ကျွန်ုပ်တို့ရဲ့ နိုင်ငံတော်ကို တိုးတက် စေနိုင်မှာဖြစ်ပါတယ်။ ငြိမ်းချမ်းခြင်း မတိုင်ခင်မှာ တရားမျှတခြင်း လာရပြီး တရားမျှတခြင်းကနေ ငြိမ်းချမ်းခြင်း၊ ငြိမ်းချမ်းခြင်းမှနေမှ တိုးတက် ခြင်းဖက်ကို ကျွန်ုပ်တို့ဟာ ဦးတည် ကြရမယ်ဖြစ်ပါတယ်” ဟု လူမျိုး ရေးခွဲခြားမှုကင်းစင်ရေးနေ့ အလုပ်ရုံ ဆွေးနွေးပွဲတွင် အဖွင့်အမှာစကားမှာ ထည့်သွင်းမိန့်ကြား လိုက်ပါတယ်။

ဆိုရှယ်လစ် ခေတ်ကစလို့ မြန်မာနိုင်ငံမှာ ဖြစ်ပေါ်ခဲ့တဲ့ လူမျိုးရေး၊ ဘာသာရေး ခွဲခြား ဆက်ခံမှုတွေနဲ့ ပတ်သက်လို့လည်း ကာဒီနယ် ချားလ်စ်မောင်ဘိုက ဝေဖန်ခဲ့ပါတယ်။

“လွန်ခဲ့တဲ့ နှစ်ပေါင်း (၆၀) ကျော်ကတည်းက လူမျိုး တစ်မျိုးပဲဖြစ်ရမယ်။ ဘာသာတစ်ခု ပဲဖြစ်ရမယ် ဆိုတဲ့ ပေါ်လစီဟာ ကျွန်တော်တို့       လူမျိုးတွေ အားလုံးကို ကွဲပြားစေ ခဲ့တဲ့အရာ ဖြစ်ပါတယ်။ ဒါ့အပြင် ဘာလူမျိုးဖြစ်မှ ဘာရာထူး၊ ဗုဒ္ဓဘာသာဖြစ်မှ ဘာအခွင့်အရေး ရမယ်ဆိုတဲ့ ခွဲခြား ဆက်ဆံချက် တွေကိုလည်း မိမိတို့ ကြုံတွေ့ခဲ့ ရကြောင်းလည်း သုံးသပ်ခဲ့ပါတယ်” ဟု ရန်ကုန် ကက်သလစ် ခရစ်ယာန် ဂိုဏ်းချုပ်ဆရာတော်ကြီး ကာဒီနယ် ချားလ်စ်မောင်ဘိုက သုံးသပ်ခဲ့တာ ဖြစ်ပါတယ်။

“ဒီလိုဖြစ်ရပ် တွေအတွက် ဆက်လက်မဖြစ်ဖို့ သမိုင်းကနေ သင်ခန်းစာယူသင့်ပြီ” လို့လည်း ကက်သလစ် ခရစ်ယာန် ဂိုဏ်းချုပ် ဆရာ     တော်က အစိုးရသစ်ကို ရည်ရွယ် တိုက်တွန်းခဲ့ပါတယ်။

“ပြီးခဲ့တဲ့သူတွေ အုပ်ချုပ်တဲ့သူတွေဟာ အဆင့်အတန်း ကြောင့်မို့လို့၊ ယုံကြည်မှုကြောင့်မို့လို့၊ လူမျိုးရေး ကြောင့်မို့လို့ ကျုပ်တို့ဟာ ခွဲခြားခြင်းခံခဲ့ရတယ်။ မြန်မာနိုင်ငံတော် အသစ်ကို တည်ထောင်တဲ့ အခါမှာ ဒါမျိုးတွေ ဆက်လက်ပြီး မဖြစ်ဖို့ရန်အတွက် သမိုင်းကနေ ဆက်လက်      ပြီးတော့ ဆုံးမ သွန်သင်ထားတယ်”” လို့လည်း ကာဒီနယ် ချားလ်စ်မောင်ဘိုက အထက်ပါ အခမ်းအနားမှာ ဆက်လက် မိန့်ကြားခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ ပထမဆုံးအကြိမ် အဖြစ်ကျင်းပတဲ့ အပြည်ပြည်ဆိုင်ရာ လူမျိုးရေးခွဲခြားမှုများ ကင်းစင်ရေး နေ့အလုပ်ရုံ ဆွေးနွေးပွဲကို         ရန်ကုန်မြို့ရှိ အင်းလျားကန် ဟိုတယ်တွင် မတ်လ (၂၁) ရက်နေ့ နံနက်ပိုင်း ကနေ ညနေပိုင်း အထိ ကျင်းပခဲ့တာဖြစ်ပါတယ်။ ၎င်းဆွေးနွေးပွဲသို့ တိုင်းရင်းသား လူနည်းစုတွေ၊ လူ့အခွင့်အရေး လှုပ်ရှားသူတွေအပါ အဝင် ဘာသာပေါင်းစုံက စိတ်ပါဝင်စားသူတွေ တက်ရောက်ပြီး လူမျိုးရေးခွဲခြားမှုတွေ ပပျောက်ရေးအတွက် အကြံပြုချက် တွေကို နှီးနှောဖလှယ်ခဲ့ကြပါတယ်။

16004  Views
Previous: ချက်သမ္မတနိုင်ငံမှ ရဟန်းမင်း အမတ်ဒိုမီနစ် ဒူးကားက တရုတ်နိုင်ငံရှိ ခရစ်ယာန် ဘာသာဝင်များကို နှိပ်စက်နေသော သမ္မတ ရှီကျင်းပင်အား ကန့်ကွက်စာ ပေးတော်မူ
Next: ““ကက်သလစ်သာသနာတော်တွင် Dogma ယုံကြည်ရာအချက်ပေါင်း ၂၅၅ ခုရှိသည်”” ဟု ဘုန်းတော်ကြီး ဒေါက်တာ ဒိုမီနစ်သက်တင် မိန့်ကြား