ရဟန်းမင်းကြီးကိုင်ဆောင်ထားသောတောင်ဝှေးသည် ဝိုင်းမော်စစ်ဘေးဒုက္ခသည်များ၏ လက်ဆောင်ဖြစ်သည်

24862238_2082573478644_n

ရန်ကုန်၊ နိုဝင်ဘာလ ၃၀၊ ၂၀၁၇

နိုဝင်ဘာလ (၂၉) ရက်နေ့က ရန်ကုန်မြို့၏ ကျိုက်္ကဆံကွင်း ထဲတွင် ကျင်းပသော လူထုဝတ်ပြု ဆုတောင်းခြင်း အခမ်းအ နားတွင် ကိုင်ဆောင် ထားသော ရဟန်း မင်းကြီး ဖရန်စစ်အရှင် သူမြတ်၏ တောင်ဝှေး (ပုံပါသစ် သားကား တိုင်တောင်ဝှေး) သည် ကချင်ပြည် နယ်၊ ဝိုင်းမော်မြို့ နယ်ရှိ စစ်ဘေးရှောင် စခန်းမှ ဒုက္ခသည် များက ထုလုပ် ထားသောေ တာင်ဝှေးလက် ကိုင်တုတ် ဖြစ်သည်ဟု ဦးဂျိုး ဇက်မြတ် စိုးလတ်က နိုဝင်ဘာလ (၂၅) ရက်နေ့တွင် ဂလိုရီယာ သတင်းဂျာနယ် တိုက်သို့ ဖြေကြားပေး လိုက်သည်။
ဂလိုရီယာ သတင်းဂျာနယ် ၏အယ်ဒီ တာချုပ်က ဦးမြတ်စိုး လတ်အား ““အာရ်ဗီအေ ဌာန ရဲ့ဖေ့စ်ဘုတ်ထဲမှာ ကိုမြတ်စိုးလတ် ပြောကြားခဲ့ တဲ့ တောင်ဝှေး အကြောင်း ကို သေချာလေး ပြန်ပြောပြပါ”” ဟု တောင်းဆိုရာ သူက ““တပ်မတော် နဲ့ကေအိုင် အေ တို့အကြား တွင် ဖြစ် ပွားနေသော စစ်ပွဲတွေကြောင့်၊ ကချင်ကက် သလစ်ခရစ် ယာန် ဘာသာ ဝင်အများ အပြားက ငွေမရှိ တာရယ်၊ လုံခြုံမှု အခြေအနေ အ ရကြောင့်၊ ရန်ကုန်သို့ ဆင်းလာပြီး၊ ရဟန်း မင်းကြီးကို လာရောက်မ ဖူးနိုင်ကြဘူး။ ဒီလိုမျိုး စစ်ပွဲကို ငြိမ်းချမ်းစေ ဖို့အတွက် သူတို့က ရဟန်း မင်းကြီးကို အကူအ ညီတောင်း တဲ့အနေနဲ့၊ ရဟန်းမင်းကြီး ကိုင် ဆောင် မယ့်တောင်ဝှေး (လက်ကိုင် တုတ်) ကို ဝိုင်းမော် စစ်ဘေးရှောင် စခန်းမှ ကချင်ဒုက္ခ သည်များက သစ်သားနဲ့ ထုပြီး လုပ်ပေးချင် ပါတယ်”” ဆိုပြီး ရဟန်းမင်း ကြီးဆီကို အခွင့်တောင်း ပါတယ်။ အဲဒီအ ခါ မှာ ရဟန်းမင်း ကြီးကလည်း ဝိုင်းမော် စစ်ဘေးရှောင် စခန်းမှ ကချင်ဒုက္ခ သည်များ ရဲ့တောင်း ဆိုချက်ကို သဘောတူ လက်ခံပေး လိုက်ပါ တယ်။ ဒါကြောင့်မို့၊ ရဟန်းမင်း ကြီးဟာ သံ၊ ကြေးတို့ဖြင့် ပြုလုပ် ထားတဲ့ မိမိရဲ့တောင်ဝှေးကို အသုံး မပြုဘဲ ဝိုင်းမော်စစ်ေ ဘးရှောင် စခန်းမှ ကချင်ဒုက္ခ သည်များအား လုံးက သစ်သားနဲ့ ဝိုင်းထုပေး ထားတဲ့ တောင်ဝှေး ကို နိုဝင်ဘာလ (၂၉) ရက်နေ့က ကျိုက်္ကဆံ ကွင်းထဲ တွင်ကျင်း ပသော လူထုဝတ်ပြု ဆုတောင်းခြင်း အခမ်းအ နားမှာ အသုံးပြု ကိုင်ဆောင် ထားခြင်း ဖြစ်ပါတယ်။ ဒီတောင်ဝှေးရဲ့ အနက် ကတော့၊ ကချင်ပြည် နယ်ရှိပြည် သူတွေရဲ့စစ်ဘေး ဒုက်္ခဟာ အင်မတန် ကြီးမားတယ်၊ ဒီစစ်ပွဲကို ရပ်ဆိုင်းနိုင်ဖို့ အတွက် ရဟန်းမင်းကြီး အနေနဲ့ဝိုင်းဝန်းကူ ညီပေးဖို့ အကူအညီတောင်း ခံပါတယ်”” ဆိုတဲ့သတင်း စကားကို ရဟန်းမင်း ကြီးက လက်ခံရရှိခြင်းကို သက်သေပြ ရာ ရောက်ပါတယ်”” ဟု ရှင်းပြပေး ပါသည်။
ကချင်ပြည် နယ်မှ ကချင်ကက် သလစ်ခရစ် ယာန်ဘာသာ ဝင်များသည် ဘာသာတ ရားတွင် အတက်ကြွဆုံးသော ဘာသာ ဝင်များ ဖြစ် ကြပြီး ရဟန်းမင်း ကြီးကို ဖူးမျှော်နိုင် ရန်အတွက် ရန်ကုန်မြို့သို့ လူဦးရေပေါင်း (၆၀၀၀) ဝန်းကျင် လာရောက် ခဲ့ကြသည်ဟု သိရှိရပါ သည်။ ထို့အပြင် ကချင်ကက် သလစ်ခရစ် ယာန်ဘာသာ ဝင်များထဲမှ ကက်သလစ် ဆရာတော် ဖြစ်သူ ဦးရေမှာ (၄) ပါး ရှိကြပြီ ဖြစ်သည်။

1461  Views
Previous: တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ရဟန်းမင်းကြီး ဖရန်စစ်နှင့်တွေ့ဆုံ နှုတ်ဆက်
Next: သာသနာပြုရာတွင် သမားရိုးကျနည်းလမ်းများကိုသာ အသုံးမပြုရန် ဆရာတော်အသစ်များအား မိန့်မှာတော်မူ