ရဟန်းမင်းကြီးဖရန်စစ်က ရဟန္တာတင်မြှောက်ခြင်းဆိုင်ရာနည်းလမ်းများကို ပြန်လည်ပြင်ဆင်လိုက်ပြီ

20525862_2024654284436572_3065660186149386305_n

ဗာတီကန်၊ ဇူလိုင်လ ၁၁၊ ၂၀၁၇ CHUK

ရဟန်းမင်း ကြီးဖရန်စစ်က ကက်သလစ် သာသနာတော်၏ ရဟန္တာတင်မြှောက်ခြင်း ဆိုင်ရာဥပဒေကိုပြင် ဆင်ပြဋ္ဌာန်း တော်မူလိုက် သည်။ ၎င်းဥပဒေ သစ်ထဲ၌ ရဟန်းမင်းကြီး ဖရန်စစ်က “ကက်သလစ် ခရစ်ယာန်အ သက်တာကို ကောင်းမွန်စွာနေထိုင် ကျင့်ကြံခဲ့သူ များနှင့် တခြားသူ များ၏ ကောင်းကျိုးအတွက် အသေခံသော ကက်သလစ်ခရစ် ယာန်ဘာသာဝင်များ” ကိုပါ ရဟန္တာများအဖြစ် စုံစမ်း တင်မြှောက်နိုင်မည့် ပုဂ်္ဂိုလ်များအဖြစ် ဇူလိုင်လ (၁၁) ရက်နေ့၌ Maiorem Hac Dilectionem” (Greater Love Than This) “ဤအရာ ထက် ကြီးမြတ် သောချစ်ခြင်း” ဟူသော အမိန့်စာကို ထုတ်ပြန်တော် မူလိုက်သည်။

ရဟန်းမင်းကြီး၏ “ဤအရာထက် ကြီးမြတ်သောချစ်ခြင်း” ဟူသောအ မိန့်စာသည် ၂၀၁၆ ခုနှစ်၊ စက်တင်ဘာလ (၂၇) ရက်နေ့က ကျင်း ပပြုလုပ်သော ရဟန်းမင်းကြီးနှင့် ဆိုင်သော ရဟန္တာ တင်မြှောက်ခြင်းဆိုင်ရာ  ဝန်ကြီးဌာန၏အစည်း အဝေးက အတည်ပြု ပေးပြီးနောက် ယခုကဲ့သို့ ထွက်ပေါ်လာ ခြင်းဖြစ်သည်ဟု သိရှိရသည်။ ရဟန်းမင်းကြီး၏ “ဤအရာထက် ကြီးမြတ်သောချစ်ခြင်း” ဟူသောအ မိန့်စာထဲ၌ ရဟန်းမင်းကြီးက “မိမိတို့သေ သည့်အထိ ယေဇူးခရစ် တော်ဘုရား၏ သွန်သင်ချက် များနှင့်ခြေရာ များကို စိတ်ရော ကိုယ်ပါ နှင့်လွတ် လပ်စွာဖြင့် လိုက်လံ ကျင့်ကြံခဲ့ သူများဖြစ်ကြသော  တရားတော်အတွက် အသတ်ခံရခြင်း သို့မဟုတ် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာအ တွက် အသတ်ခံ ရသူများသည် ကျွန်ုပ်တို့ ၏အထူး လေးစားဂုဏ် ပြုခြင်းနှင့် စဉ်းစားခြင်းတို့ကို ရရှိထိုက် သူများဖြစ်သည်” ဟု  မီးမောင်း ထိုးပြတော်မူသည်။

ယခုထုတ်ပြန် သောအမိန့်တော် မတိုင်မီအထိ နှစ်ပေါင်း (၂၀၀၀) နီးပါး ကက်သလစ် သာသနာတော်သည် ကက်သလစ် ခရစ်ယာန်ဘာ သာဝင် (သာမန်၊ ရဟန်းမင်းကြီး၊ ဆရာတော်၊ သီလရှင်သူတော်စင်များ) ကို ရဟန္တာအဖြစ် တင်မြှောက်လိုလျှင် ၎င်းပုဂ်္ဂိုလ်သည် တရား တော်အတွက် အသတ်ခံ ရခြင်း သို့မဟုတ် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာအတွက် အသတ်ခံရ သူများကို ရဟန္တာအဖြစ် တင်မြောက်ခြင်း အဆင့်ဆင့်သို့ လက်ခံခြင်း၊ ထိုသို့လက် ခံရာတွင်လည်း တရားတော်အတွက် အသတ်ခံရသော ကက်သလစ် ခရစ်ယာန် ဘာသာဝင် သည် တန်ခိုးလက္ခဏာ များကိုပြသရန် မလိုအပ်သော်လည်း ဘုရားသခင်၏ ချစ်ခြင်းမေ တ္တာအတွက် အသတ်ခံရ သူများကမူ တန်ခိုး လက္ခဏာများကို ပြသရန်လို အပ်သည်ဟု ကက်သလစ် သာသနာတော်၏ ရဟန္တာတင်မြှောက်ခြင်းဆိုင် ရာဥပဒေထဲတွင်  တိလင်းစွာ ဖော်ပြထားသည်ဟုသိရှိရသည်။

ကက်သလစ် သာသနာတော်သည် ကက်သလစ် ခရစ်ယာန်ဘာသာဝင် တစ်ဦးဦးကို ရဟန္တာတင်မြှောက် သည့်အခါတိုင်း Servants of God ဘုရားသခင်၏ အစေခံများ” ဟု ကင်ပွန်းတပ်ခေါ်ဆိုပြီး ကြေညာသော်လည်း ၎င်းအသုံး အနှုန်းအပြင် “ကက်သလစ်ခရစ်ယာန်အ သက်တာကို ကောင်းမွန်စွာနေ ထိုင်ကျင့်ကြံခဲ့ သူများနှင့် တခြားသူများ၏ ကောင်းကျိုးအတွက် အသတ်ခံသော ကက်သလစ် ခရစ်ယာန် ဘာသာဝင်များ”ကို “မိမိ၏ဘဝကိုပေး ဆပ်သူများ Offering of life” ဟူသော အသုံးအနှုန်းကို ဖြည့်စွက်လိုက် ပြီးဂုဏ်ပြုခေါ်ဝေါ်တော့ မည်ဖြစ်သည်။

#ကုန်ဇမှုန်း

1172  Views
Previous: ကာဒီနယ် (ရဟန်းမင်းအမတ်) များသည် ကက်သလစ်သာသနာတော်၏ ဘုရင်များမဟုတ်ဟု ရဟန်းမင်းအမတ်များအား ရဟန်းမင်းကြီးက သတိပေးတော်မူ
Next: ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ်သည် မြန်မာနိုင်ငံသို့ နိုဝင်ဘာ ၂၇ – မှ ၃၀ ရက်နေ့အထိ ကြွမြန်းလာမည်