လူငယ်တို့ —– သင်တို့ဘဝကို ဂီတ (အတီးအမှုတ်) ဖြင့် အလှဆင်ကြပါ

အယ်ဒီတာ့အာဘော်
(ဂလိုရီယာသတင်းဂျာနယ်၏ ၂၀၂၀ ခုနှစ်၊ ဧပြီလထုတ်အယ်ဒီတာ့အာဘော်)
—————————————————————————————–

လူငယ်တို့၊ ကျွန်ုပ်ရဲ့အတွေ့အကြုံတစ်ခုကို ဝေမျှလိုတာကတော့၊ လူငယ်ဘဝမှာ ဂီတအနုပညာ တစ်ခုခုကို လိုက်စားသင့်တယ်ဆိုတာပါပဲ။ ဂီတအနုပညာလို့ ပြောတဲ့နေရာမှာ၊ ဂီတာတီးတတ်ခြင်း၊ သံစဉ်မြူးရစ်ဆိုတတ်ခြင်း၊ သီချင်းရေးတတ်ခြင်းများကို ဆိုလိုခြင်း ဖြစ်ပါတယ်။
ကျွန်တော် (အခု ၄၅ နှစ်အရွယ်) ဆိုရင် လူငယ်အရွယ်တုန်းက အတီးအမှုတ်သင်တန်းတွေ တက်ခဲ့တာမို့၊ အခုဆိုရင် ဂီတာ တီးတတ်တယ်၊ သီချင်းလည်း စပ်တတ်တယ်၊ အကော်ဒီယမ်လည်း တီးတတ်တယ်၊ အော်ဂင်လည်း တီးတတ်တယ်။


ဒီလိုပြောပြနေတာဟာ ကိုယ့်ဟာကိုယ် ကြွားနေတာမဟုတ်ဘဲ၊ ဒီအတတ်ပညာတွေက ကျွန်ုပ်ရဲ့ ခက်ထန်တဲ့ဘဝကို ဖြတ်သန်းနိုင်အောင် ကူညီပေးခဲ့ကြတာကို ပြောပြချင်လို့ ဖြစ်ပါတယ်။ အထူးသဖြင့် ဂီတာဟာ သိပ်ဈေးမကြီးတဲ့အတွက် လူငယ်တွေအနေနဲ့ဂီတာကို တီးတတ်အောင် သင်ကြားစေလိုပါတယ်။
ဂီတာတီးတတ်တယ်ဆိုရင် သင် စိတ်ညစ်နေတဲ့အချိန်မှာ၊ သင် ပင်ပန်းနေတဲ့အချိန်မှာ၊ သင် အဆင် မပြေမှုတွေနဲ့ ရင်ဆိုင်ရတဲ့အချိန်မှာ ဂီတာဟူသော အနုပညာ၊ အတတ်ပညာက သင့်စိတ်၊ သင့်နှလုံးသား၊ သင့်အတွေးအခေါ်ကို ပြန်လည် လန်းဆန်းစေလာပြီး သာယာနာပျော်မှုကို ပေးလာမှာ ဖြစ်ပါတယ်။
လူတချို့က ဂီတာတီးတတ်ခြင်းဟာ စိတ်ခံစားမှုအတွေ့အကြုံသက်သက်လို့ သတ်မှတ်ထားကြတယ်။ ဒါကြောင့် တချို့သောမိဘများနှင့်လူကြီးများဟာ မိမိတို့သားသမီးများကို ဂီတာသင်တန်းများကို မပေးတက် စေချင်ကြသလို ဂီတာတီးတာဟာ လမ်းဘေးရောက်တဲ့သူတွေရဲ့လက်္ခဏာတစ်ခုအဖြစ်လည်း မှားယွင်းစွာ ရှုမြင်ကြပါတယ်။ ဒီလိုမျိုးသော အယူအဆတွေဟာ လူငယ်တွေရဲ့ဘဝကို ရိုက်ချိုးဖျက်ဆီးတဲ့အဆိပ်ရည်များ သာ ဖြစ်ကြပါတယ်။
ကျွန်တော့်အမေဟာ ကျွန်တော့်ညီလေးတွေ အိပ်အောင် ပုခက်ထဲမှာ ထည့်ပြီး လွှဲတဲ့အခါမှာ မြန်မာသီချင်း ကို ဆိုပြီး ချောတိတ်လျက် ရှိခဲ့ပါတယ်။ ပြောချင်တာက ကျွန်တော့်အမေဟာ သီချင်းဆိုတတ်သလို အသံလည်း ချိုမြိန်လှပါတယ်။ ကျွန်တော်လည်း ကျွန်တော့်သမီးတွေ အိပ်ခိုင်းစေချင်ပြီဆိုရင် အလွတ်မရတဲ့ချင်းသီချင်းကို ရွှီးဖြန်းပြီး သီဆိုရင်း တိတ်ခဲ့ပါတယ်။ ဒိလိုနဲ့ ကျွန်တော့်ဇနီးတောင်မှ သူအိပ်မရတဲ့အခါမှာ ကျွန်တော့်ကို ချင်းသီချင်းနဲ့ အအိပ်တိတ်ခိုင်းဖူးပါတယ်။ ဂီတသံစဉ်ဟာ ကလေးတွေကို ချောတိတ်တဲ့အချိန်ကနေစပြီး အကျိုးရှိလာတာက လူတစ်ယောက်ရဲ့သေဆုံးချိန် အထိ ဖြစ်ပါတယ်။
သုတေတီနှစ်ဦးဖြစ်သော ပက်ရက်စ်နှင့်ဇာတိုရယ်တို့က ဂီတသံစဉ်ဖြစ်စဉ်ဟာ လူတစ်ယောက်ရဲ့ရှုပ် ထွေးသောခန်္ဓာကိုယ်ဖွဲ့စည်းမှုထဲတွင် ပါဝင်နေတယ်။
ဆက်လက်ပြီး၊ သူတို့နှစ်ဦးက ဂီတသံစဉ်ဟာ သာယာနာပျော်မှုထဲတွင် ပါဝင်နေသော သေးငယ် သောအာရုံကြောအမျှင်များကို လှုပ်ရှားစေပြီး စိတ်ဖိစီးခြင်းတွင် ပါဝင်နေသော ဟော်မုန်းဓါတ်များကို စနစ်တကျ ပြောင်းလဲပေးတယ်လို့ ရေးသားထားပါတယ်။
သင်ဟာ ဂီတာတီးတတ်ခြင်းအားဖြင့် သင်ရဲ့ အချိန်ကို အကောင်းဆုံး အသုံးပြုတတ်လာမယ်၊ သင့်ရဲ့ ပူထူရှုပ်ရှက်ခပ်နေတဲ့အာရုံတွေကို ပျော့ပျောင်းလာစေမယ်၊ အများအတွက် အသုံးဝင် အကျိုးရှိသော လူသား တစ်ဦးဖြစ်ခြင်း၏ တန်ဖိုးကို ပိုင်ဆိုင်လာမှာ ဖြစ်သလို၊ သင်ဟာ လူမှုဝန်းကျင်တွင် နေတတ်ထိုင် တတ်လာမှာ ဖြစ်ပါတယ်။ သင်ဟာ ဂီတာကို တီးတတ်ခြင်းအားဖြင့် မိမိဘေးရှိလူသားများကို ပြုံးစေ၊ ပျှော် ရွှင်စေနိုင်မှာ ဖြစ်ပါတယ်။
ဒါကြောင့်မို့၊ လူငယ်တို့—–ဂီတပညာနှင့်သံစဉ်များကို လေ့လာသင်ယူခြင်းအားဖြင့် လူငယ်တို့ရဲ့နုပျို လန်းဆန်းနေတဲ့ဘဝကို သံစဉ်များဖြင့်အလှဆင်တန်ဖိုးမြှင့်ပေးကြပါလို့ တိုက်တွန်းလိုက်ပါတယ်။ အယ်ဒီတာချုပ်

1083  Views
Previous: ဆလိုင်းဂျိုးဇက်ကုန်ဇမှုန်း (ခ) ဝင်းလှိုင်ဦးက မိမိ၏ဝန်ထမ်းများ ကိုရိုနားရောဂါကို ကြိုတင်ကာကွယ်ရန်အတွက်တွင် လစာနှစ်လစာကို မတ်လ ၁၉ ရက်နေ့က ထုတ်ပေး
Next: သင်သည် ယခုကူးစက်ရောဂါကပ်ဆိုးကာလ၌ မိမိအပြစ်အတွက် ရဟန်းများထံအာပတ်ဖြေခြင်းကို ပြုလုပ်ရန် မဖြစ်နိုင်ပါက မိမိစိတ်၌ အမှန်တကယ်နောင်တရယူခြင်းအားဖြင့် ဘုရားရှင်မြတ်၏ အခွင့်လွှတ်ခြင်းကို ရယူရန် ရဟန်းမင်းကြီးဖရန်စစ်က မိန့်ကြားတော်မူ