လူငယ်တို့—–လစာနည်းပေမယ့် ချမ်းသာနိုင်ပါတယ်။

ငါ့မိန်းမကအိမ်ပေါ်ကဆင်းပြီးသူ့မိဘဆီကိုတစ်ပတ်အလည်သွားတော့၊ သူ့ကိုသတိရသောအားဖြင့်၊ ဒီညနေတော့ ဖုန်းနဲ့နာရီထားခဲ့ပြီးတော့ ဘားဆိုင်ကိုပေါ့ပါးစွာဖြင့် ငွေကျပ် ၃၀၀၀၀ နဲ့ ခပ်သွက်သွက် သွားလိုက်ပါတယ်။ ဝီစကီအရက်နဲ့ဂဏန်းကြော်ကို မှာစားပြီးလွတ်လပ်စွာတွေးပလိုက်တယ်။ မိုးလည်းတဖျန်းဖျန်းရွာလာတယ်။ အိမ်ပြန်ဖို့ထီးလည်းမပါဘူး။

ထပ်မှာစားချင်တယ် ဒါပေမယ့် ငါ့ဆီမှာပါတဲ့ငွေကကျပ်သုံးသောင်းဆိုတဲ့အသိစိတ်က ငါ့ကိုသတိပေးနေတယ်။ ငွေကိုအစားအသောက်မှ ချွေတာသုံးစွဲတတ်ဖို့ အရေးကြီးပါတယ်။ ဒါကြောင့် ထပ်မမှာစားတော့ဘဲမိုးတိတ်တာကိုထိုင်စောင့်နေတယ်။

အဲဒီအချိန်မှာ ၂၀၀၄ ခုနှစ်ကရန်ကုန်ရောက် ချင်းပြည်သား (မကွေးသား)ကျွန်တော့ဘဝကို ပြန်သတိရလာတယ်။ ပညာတတ်တစ်ယောက်ဖြစ်ပေမယ့် ငွေဆိုလို့ ကျပ်ငါးသောင်းနဲ့ ရန်ကုန်မှာ ဘဝကို စတည်ဆောက်တဲ့အခါမှာကိုယ်ဟာအမြဲတမ်းခေါင်းငုတ်ခဲ့ရတယ်။ ရန်ကုန်မြို့ကိုလည်းကိုယ့်ဟာကိုယ် ရောက်လာတာမဟုတ်ဘူး။ စိန့်ပေါလ်သာသနာပြုအသင်းဂိုဏ်းထဲမှာရဟန်းဖြစ်ဖို့ ဝင်ပြီးနောက် ရန်ကုန်မှာရဟန်းဖြစ်တက်္ကသိုလ်ကိုတက်ရန် ဂိုဏ်းအကြီးအကဲကပို့လို့ ရောက်လာခြင်းသာ ဖြစ်ပါတယ်။ ဒီလိုနဲ့ပဲဒီတက်္ကသိုလ်ကိုပို့တဲ့အကြီးအကဲက ကျွန်တော့်ကိုနာခိုင်းလိုက်တော့၊ ကျွန်တော်လည်း ကိုရင်ဘဝကနေ ပျှော်ရွှင်စွာထွက်ပြီးရန်ကုန်မြို့တော်မှာငွေကျပ်ငါးသောင်းနဲ့ ဘဝကို စခဲ့တာ ဖြစ်ပါတယ်။ ကျွန်တော်ဟာပညာတချို့ကိုတတ်သိပေမယ့် ငွေမရှိတော့ လာဒကြီး ဖြစ်နေရတယ်။ မတတ်ပေမယ့် မသိပေမယ့် ငွေရှိတဲ့ သူကအသံကြယ်ပြီး သြဇာရှိတယ်။

ဒါနဲ့ရတဲ့အလုပ်လေးလိုက်ရှာရင်း၊ ကျွန်တော်ဟာတစ်လကျပ်ခုနှစ်သောင်းဖြင့် ဂျေဆွီလာဆလက် ဲနျကငအ-ူေျေူူနကျောင်းမှာအဂ်လိပ်ဆရာ စဝင်လုပ်ပါတယ်။  ကျွန်တော့ဘဝမှာ ပထမဆုံးနဲ့ နောက်ဆုံးသော ဝန်ထမ်းဘ၀ ဖြစ်ပါတယ်။ ကျွန်တော်ဟာလစာနည်းပေမယ့် လစာကိုဗဟိုမပြုဘဲအလုပ်ကိုဗဟိုပြုခဲ့တယ်။ ကျွန်တော်ဟာအတွေ့အကြုံကိုယူခဲ့ပြီးမိတ်သစ်ဆွေသစ်တွေကိုတည်ဆောက်ခဲ့ပါတယ်။

လူငယ်တို့၊ အလုပ်ကိုလစာဘယ်လောက်ရမလဲဆိုတဲ့အပေါ်အခြေခံပြီးအလုပ်မလုပ်ကြဖို့၊ လစာနည်းပေမယ့် လစာကိုဗဟိုမပြုဘဲအလုပ်ကိုဗဟိုပြုကြဖို့၊ အတွေ့အကြုံကိုယူကြဖို့ မိတ်သစ်ဆွေသစ်တွေကိုတည်ဆောက်ကြဖို့ အားပေးလိုပါတယ်။

ကျွန်တော်နေတာကအုတ်ကျင်းကတိုက်ခန်းတစ်ခုထဲကအခန်းငယ်တခန်းကိုတစ်လလျှင်ကျပ် ၁၅၀၀၀ နဲ့ဌားနေရတယ်။ ဒီလိုနဲ့ တစ်ရက်တော့ အလုပ်ရှင် ဖာသာရ်ကလေးကအဂ်လိပ်စာ ၄မျက်နှာရှိတဲ့ ပိုစတာ (ဗ၃ ျငဖန) ကိုပုံနှိပ်ဖို့ အစောင်ရေ ၃၀၀၀ နှိပ်ဖို့ ပြောလာတယ်။ သူက နှိပ်ပြီးရင် ပလာစတစ်ပါ လောင်းခိုင်းတယ်။

သူ့ပြောတဲ့အချိန်မှာငါကမသိဘူးလို့ ပြောလိုက်ရင် အခွင့်အရေးကိုရှုံးသွားမယ်။ ဒါနဲ့ တစ်ရက် လောက် အချိန်ပေးပါဆိုပြီးပြောကာအလုပ်အကြောင်းကိုလိုက်စုံစမ်းတယ်။ နောက်တစ်ရက်ရောက်တော့ သူ့ကိုသတင်းပို့ပြီးစရိုက်လို့ရပါပြီလို့ ပြောလိုက်တော့ သူက ကျွန်တော့်ကိုအလုပ်ပေးပါတယ်။

မသိဘူးဆိုတဲ့စကားကိုမသုံးပါနဲ့။ ဓသေချာစုံစမ်းကြည့်အုဲးမယ်၊ တစ်ရက်လောက် အချိန်ပေးပါဓဆိုတဲ့စကားကိုပြောတတ်ခြင်းဟာ ဘဝရဲ့အောင်မြင်မှု သော့ချက်ဖြစ်ပါတယ်။

ပုံနှိပ်လုပ်ငန်းကိုတော့ ပုံနှိပ်စက်ရှိတဲ့သူဆီမှာသွားရိုက်ပါတယ်။ ရိုက်ပြီးတာနဲ့ ပလာစတစ်လောင်းတာကိုတော့ ကျွန်တော်ကပလတ်စတစ်လောင်းစက်တစ်ခု (ကျပ် ခုနှစ်သောင်းပေး) ကိုဝယ်ပြီး ကျွန်တော့် မိန်းမကိုလောင်းခိုင်းပါတယ်။ ပလာစတစ်လောင်းစက်ကို ဝယ်ဖိုးရင်းတဲ့ငွေက ကျပ်ခုနှစ်သောင်းဖြစ်ပေမယ့် ပြန်ရတာကကျပ်သုံးသိန်းခွဲရှိပါတယ်။ အဲဒီစက်ကိုအခုထိသိမ်းထားပါတယ်။

ဘဝမှာ လစာနည်းတဲ့လုပ်ငန်းတွေထဲမှာမိမိကိုချမ်းသာစေနိုင်တဲ့အခွင့်အရေးတွေ ရလာနိုင်တယ် ဆိုတာကိုသင် သတိရပါ။ လစာကိုကြည့်ပြီးအလုပ်မလုပ်ပါနဲ့။ အလုပ်ကိုကြည့်ကြီးစိတ်ရှည်စွာဖြင့် အလုပ်လုပ်လိုက်ပါ။ အဲဒီအလုပ်ထဲမှာသင့်ဘဝကို အောင်မြင်ခြင်းချမ်းသာမှုကိုပေးမယ့်အခွင်အလမ်းတွေ ရောက်လာမှာသေချာပါတယ် မိတ်ဆွေ။

181  Views
Previous: Cardinal Charles Bo blamed Chinese National Security Law as An Offensive to the Spirit of 1997 Handover Agreement
Next: FABC President Cardinal Charles Bo condemns to Turkish President’s decision on Hagia Cathedral as foolish