လူသာရန်အသင်းတော်နှင့် ကက်သလစ်သာသနာတော်တို့အကြားတွင်ကိုယ်တော်မြတ်မုန့်တော်ကို အပြန်အလှန်ပင့်ယူခွင့် မဖြစ်နိုင်သေးဟု ဆွီဒင်ကာဒီနယ်မိန့်ကြား

20479916_2025154334386567_2280696344534149879_n

ဆွီဒင်၊ ဇွန်လ ၃၀၊ ၂၀၁၇ CNA

ဆွီဒင်နိုင်ငံ၏ ပထမဆုံးသော ကာဒီနယ် အန်ဒေအာဘို ရေလီအူးစ်က လူသာရန်အ သင်းတော်နှင့် ကက်သလစ်သာ သနာတော်တို့အ ကြားတွင် ခရစ်တော် ဘုရား၏ အသွေးတော်နှင့် အသားတော် ဖြစ်သော ကိုယ်တော်မြတ် မုန့်တော်ကို အပြန်အလှန်ပင့် ယူရန် မဖြစ်နိုင် သေးကြောင်းဖြင့် မိန့်ကြားတော် မူလိုက်သည်။

ကာဒီနယ် အန်ဒေအာ ဘိုရေလီ အူးစ်က “ဆွီဒင်နိုင်ငံဟာ လူသာရန် ခရစ်တော်ဂိုဏ်းကွဲများ၏ အများဆုံးနေထိုင်သော နိုင်ငံဖြစ်သကဲ့သို့ လူသာရန်အသင်း တော်စတင်ခွဲ ထွက်သော နိုင်ငံလည်းဖြစ်ကြောင်း၊ ကက်သလစ် ခရစ်ယာန် ဘာသာဝင်ဦး ရေသည် တစ်သိန်းခွဲခန့် သာရှိကြောင်း၊ ဆွီဒင်နိုင်ငံထဲတွင် လူသာရန်အ သင်းတော်နှင့် ကက်သလစ် အသင်းတော်တို့သည် ခရစ်တော်ဘုရား၏ အသွေးတော်နှင့် အသာ တော်ဖြစ်သော ကိုယ်တော်မြတ် မုန့်တော်ကို အပြန်အလှန်ပင့် ယူခြင်းကို ခွင့်ပြုရန် ၁၉၉၉ ခုနှစ်ကစပြီး ဆွေးနွေးခဲ့ကြသည်မှာ ကြာနေပြီဖြစ် သော်လည်း လူသာရန်အသင်း တော်ဘက်က ခရစ်တော် ဘုရား၏ အသွေးတော်နှင့် အသားတော်ဖြစ်သော  ကိုယ်တော် မြတ်မုန့်တော်အပေါ် ထားရှိသော ယုံကြည်ချက်သည် မိမိတို့ ကက်သလစ်သာသနာတော်၏ ယုံကြည် ချက်နှင့်ကွဲလွဲနေသောကြောင့် ဒီအသင်းတော်နှစ် ခုအကြားတွင် ကိုယ်တော်မြတ် မုန့်တော်ကို အပြန်အလှန်ပင့်ယူခြင်းကို ခွင့်ပြုရန် မဖြစ်နိုင်သေးခြင်း ဖြစ်သည်ဟု သတင်းထောက်များအား ဖြေကြားတော်မူလိုက်သည်။

ကာဒီနယ် အန်ဒေအာဘိုရေ လီအူးစ်သည် ငယ်ရွယ်စဉ်၌ မိမိ၏ မိဘများနှင့်အတူ လူသာရန်အသင်း သားများ ဖြစ်ခဲ့ကြသည်။ သို့သော် ကာဒီနယ် အန်ဒေအာ ဘိုရေလီအူးစ်က “ကျွန်ုပ်သည် ငယ်စဉ်တောင်ကျေးကလေးဘဝ၌ပင် ကက်သလစ် ခရစ်ယာန်ဘာသာဝင်သူငယ် များရှိခဲ့ပြီး အထူးသဖြင့် ကက်သလစ် သီလရှင်များနှင့် အဆက်အသွယ် ရရှိခဲ့ကြောင်း၊ ထိုသို့ဖြင့် မိမိသည် ကက်သလစ်ယုံကြည် ခြင်းကို ပိုမိုနှစ်သက်လာပြီး အထက်တန်းကျောင်းကို ပြီးဆုံးသောအခါ အသက် (၂၀) အရွယ်တွင်မူ ကက်သလစ် အသင်းတော်သို့ ကူးပြောင်း လာခဲ့ကြောင်း၊ ထိုအချိန်တွင်မူ မိမိက ကက်သလစ် ရဟန်း ဖြစ်လိုကြောင်းကို ဆရာတော်ကြီးအား လျှောက်ထားရာ ဆရာတော်ကြီး ခဏစောင့်ဆိုင်းစေခဲ့ရာ ကာမလိုက် ကက်သလစ်သူတော်စင် အသင်းဝင်း တစ်ပါးနှင့် စတင်တွေ့ဆုံပြီး ၁၉၇၁ ခုနှစ်တွင် ၎င်းအသင်း ဂိုဏ်း သို့ဝင်ရောက်ခဲ့ပြီး ၁၉၇၉ ခုနှစ်တွင် ရဟန်းသိက္ခာ ကိုရရှိခဲ့သည်။

၁၉၈၈ ခုနှစ်တွင်မူ ရဟန်းမင်းကြီး ယောဟန် ပေါလူး (၂) ကမိမိအား ဆွီဒင်နိုင်ငံ၏မြို့တော် အတော်ဟွမ်မြို့ ဆရာတော်အဖြစ် ရွေးချယ် ခန့်အပ်ခဲ့ပြီးနောက် မိမိ၏ဘဝသည် လုံးဝပြောင်းလဲ သွားပြီး ပြည်သူများ အကြားထဲတွင် ဝင်ရောက် လှုပ်ရှားနေခဲ့သည်” ဟု မိမိ၏ဘ ဝဖြစ်စဉ်ကို ပြန်ပြောင်းပြောဆို တော်မူသည်။

1105  Views
Previous: လိင်တူချင်းဆက်ဆံသော ယောင်္ကျားများနှင့် လိင်တူချင်းဆက်ဆံသောမိန်းမများက မိမိတို့အခေါ်ခံလိုသည့်အတိုင်း ခေါ်ဝေါ်သင့်သည်ဟု ကာဒီနယ် ဘလေ (စ်) ဂျုပိက မိန့်ကြားတော်မူ
Next: အများပြည်သူနှင့်ဆိုင်သော ပုဂ္ဂလိကပိုင် ဝန်ဆောင်မှုများကို ပြန်လည်ကြပ်မတ်ပေးပါ