သာသနာပြုရာတွင် သမားရိုးကျနည်းလမ်းများကိုသာ အသုံးမပြုရန် ဆရာတော်အသစ်များအား မိန့်မှာတော်မူ

4500_n

ဗာတီကန်၊ စက်တင်ဘာ ၁၄၊ ၂၀၁၇ CNA

ရဟန်းမင်း ကြီးဖရန်စစ် အရှင်သူမြတ်က သာသနာပြုရာတွင် သမားရိုးကျ နည်းလမ်း များကိုသာ အသုံးမပြုဘဲ ဆန်းသစ်သော နည်း လမ်းများ ကိုပါ အသုံးပြု ကြရန် ဗာတီကန်တွင် သင်တန်း တက်ရောက် လာကြသော ကမ္ဘာတစ် ဝှမ်းက ဆရာတော် သစ်များအား စက် တင်ဘာ (၁၄) ရက်နေ့က မိန့်မှာတော် မူလိုက်သည်။

ရဟန်းမင်း ကြီးက “မိမိ၏ သာသ နာပြု နည်းလမ်း များကို ပြန်လည်သုံး သပ်ခြင်းသည် “ဒီလိုပဲလုပ် ခဲ့ကြတာ၊ ဒီလိုပဲ လုပ်နေကြ၊ အချိန်ယူ ရမယ်” ဟူသော မလှုပ်မ ရှားနိုင်ခြင်းအတွက်  ဖြေဆေးတစ် ခုဖြစ်ကြောင်း၊ မိမိတို့သည် မည်သည့်အ ရာကိုမျှ ပုံသေသတ် မှတ်ပြီး မကျင့် သုံးသင့်ကြောင်း၊ ဖြေရှင်းနည်း တစ်ခုသည် နေရာတိုင်း တွင်အံဝင်ဂွင်ကျ မဖြစ်နိုင်ကြောင်း၊ အကြောင်းအ ရာအားလုံး ကိုအဖြေ တစ်ခု တည်းဖြင့် ဖြေရှင်း တတ်သောရော ဂါကို မိမိတို့ဆ ရာတော်ကြီးများ ၏ဘဝထဲတွင်  မဝင်ရောက် လာရန်သတိ ထားကြရမည်” ဟု ဆ ရာတော် သစ်များအား သတိပေးတော် မူလိုက်သည်။

ဆက်လက်ပြီး ရဟန်းမင်း ကြီးက “အရာရာကို ပေါ့ပေါ့ဆ ဆတွက်ပြီး ပြဿနာတွေ အားလုံးကို အဖြေတစ် ခုတည်းဖြင့် ဖြေရှင်းနေခြင်း သည် မိမိတို့ ၏ လုပ်ကိုင် ဆောင်ရွက် ချက်ဆိုင်ရာ စိုးရိမ်မှုများကို နှစ်သိမ့်ပေးနိုင် ရင်တောင် ရေရှည် တွင်မူ မိမိတို့၏ ဘဝကို ခြောက်သွေ့လာစေ သည့်အထိ ခြိမ်းခြောက် သည်” ဟုမီးမောင်း ထိုးပြီး ဆရာတော် သစ်များအား ဆုံးမတော် မူသည်။

ရဟန်းမင်း ကြီးက ဆရာတော် သစ်များအား “နှိမ့်နှိမ့်ချချ နေထိုင်လုပ် ကိုင်ကြပါ။ ကိုယ်တော် တို့က မိမိတို့သာ သနာအသီး သီးကိုရောက် သွားကြတဲ့ အခါမှာ မြတ်စွာဘု ရားသခင်ဟာ သင်တို့ရဲ့သာ သနာထဲမှာ ရှိနှင့်တော် မူနေပြီဖြစ်ပါ တယ်။ သင်တို့ မရှိ တဲ့နောက်ပိုင်း မှာ လည်း အရှင်မြတ် ကတော့ ဆက်ရှိနေ အုံးမယ်။ နောက်ဆုံး မှာတော့ ကျွန်တော် တို့အားလုံးဟာ ဘာတွေလုပ် ခဲ့သလဲဆိုတဲ့ အ လုပ်တွေ နဲ့ တိုင်းတာ ဆုံးဖြတ်ကြမှာ မဟုတ်ဘဲ ဝိညာဉ်များကို ကြည့်ရှု ထိန်းကျောင်းသူ များဟူသော အမည်အောက်တွင် ကျွန်တော်တို့၏ သိုး စုများကို နှလုံးသွင်း သတိရကြလျက် ဘုရားရှင်မြတ်၏ လုပ်ငန်းတော် ကြီးထွားခြင်း အပေါ်တွင် တိုင်းတာ  ဆုံးဖြတ်ကြ မည်ဖြစ်သည် (၁ ပေ တရု ၂း၂၅)” ဟုကျမ်း စာကို ကိုးကား လျက် မိန့်ကြားတော် မူသည်။

ရဟန်း မင်းကြီးက “မိမိ၏သာ သနာပြုနည်း လမ်းများကို  ပြန်လည်သုံး သပ်ခြင်းတွင် နှိမ့်ချခြင်းနှင့်နာ ခံခြင်းတို့ကို လိုအပ်ကြောင်း၊ မိမိ ၏စီမံချက် များအပေါ်နှိမ့်ချခြင်း ရှိရမည်။ ခရစ်တော် ဘုရား၏ တရားတော် အပေါ် နာခံခြင်းရှိ ကြရမည်။ ကက်သ လစ်သာသနာေ တာ်၏ သွန်သင်ခွင့် အာဏာနှင့် မိမိတို့၏ ကယ်တင်ခြင်း အတွက် ကက်သလစ် သာသနာတော် ထံမှ အကျိုးအ ရှိဆုံးသော အရာများကို ရယူရန် စောင့်မျှော်နေ ကြသော လူသားများ ၏ စစ်မှန်သော အခြေအနေကို အစေခံသော ကက်သလစ်သာ သနာတော် ၏လုပ်ထုံး လုပ်နည်းများ ကို ကျိုးနွံနာခံခြင်း ရှိကြရမည်။ ဤအချက် များကို ကျင့်ကြံ လုပ်ဆောင် ပြီးသည်နောက် ဘုရားသခင် ထံမှလာသော အကြံဟု သင်က ထင်မြင်ထားသောအကြံများ (တစ်ခုလုံး သို့မဟုတ် တစ်ဝက် တစ်ပျက်) များကို စွန့်လွှတ်ပြီး  တခြားသူ များ၏ပြောဆို မှုများကို နားထောင် တတ်သော စိတ်ဓါတ်ကို မွေးမြူ ပျိုးထောင်ကြ ရမည်” ဟုဆရာတော် သစ်များအား လမ်းပြသွန် သင်တော် မူသည်။

✍️ ဂျိုးဇက်

1041  Views
Previous: ရဟန်းမင်းကြီးကိုင်ဆောင်ထားသောတောင်ဝှေးသည် ဝိုင်းမော်စစ်ဘေးဒုက္ခသည်များ၏ လက်ဆောင်ဖြစ်သည်
Next: ဗာတီကန်နန်းတော်က လက်ထပ်ခြင်းမင်္ဂလာမြတ်ကျင်းပခွင့်ကို သီလရှင်တစ်ပါးအား ဦးဆောင်ကျင်းပခွင့်ပေး