အများပြည်သူနှင့်ဆိုင်သော ပုဂ္ဂလိကပိုင် ဝန်ဆောင်မှုများကို ပြန်လည်ကြပ်မတ်ပေးပါ

d

နိုင်ငံတစ်ခု ၏ဖွံ့ဖြိုးရေး၊ ဒေသတစ်ခု၏ ဖွံ့ဖြိုးရေး၊ တစ်ကမ္ဘာ လုံးဆိုင်ရာဖွံ့ဖြိုးရေးလုပ်ငန်း များကိုလုပ်ဆောင် ရာတွင် အဓိက မရှိမဖြစ်  သော အရာတစ်ခုကမူ ငွေဟုခေါ်သော ပိုက်ဆံပင်ဖြစ်သည်။ ဤပိုက်ဆံကို မည်သူမျှ မလိုချင်သူမရှိပေ။ ငွေလိုချင်သူ တိုင်းလည်း ငွေနှင့် ပတ်သက်ပြီး “တော်ပြီ” ဟုလည်း မရှိပေ။ ထို့ကြောင့် လူကြီးသူမများက အတောမသတ်နိုင် သောအရာမှာ စည်းစိမ် ဥစ္စာသာဖြစ်သည်ဟု ဆိုခဲ့ကြလေသည်။

နိုင်ငံတစ်ခု၏ဖွံ့ဖြိုးရေး၊ ဒေသတစ် ခု၏ဖွံ့ဖြိုးရေး၊ တစ်ကမ္ဘာလုံးဆိုင် ရာဖွံ့ဖြိုးရေး လုပ်ငန်းများကို လုပ်ဆောင်ရာတွင် လိုအပ်ငွေကို သက် ဆိုင်ရာအစိုးရနှင့် အဖွဲ့အစည်းများ သည် ပြည်သူများကို အခွန်စည်း ကျပ်ခြင်းမှ ရရှိကြသည်။ ၎င်းအခွန် သည်လည်း အစိုးရက ပြည်သူ များအားပေးသော ဝန်ဆောင်မှု (ကား၊ ရထား၊ လမ်း၊ သောက်သုံးရေ၊ မီး၊ ဆေးရုံ၊ တယ်လီဖုန်း၊ သန့်ရှင်းရေး၊ တံတားစသော) များနှင့် စီးပွားရေးလုပ် ကိုင်သူများထံမှ အခွန်များ (ဝင်ငွေခွန်၊ အမြတ်ခွန်၊ ကုန်သွယ်ခွန် စသဖြင့်) တရားဝင် ကောက်ခံ ရရှိသည်။ ၂၀ ရာစုနှောင်း ပိုင်းခေတ် (၁၉၇၀ ခုနှစ်နောက်ပိုင်း) ရောက်လာသော အချိန်တွင်မူ နိုင်ငံတကာ၌ အစိုးရများ၏ ပြည်သူများ အတွက် ဝန်ဆောင်မှုလုပ် ငန်းတွင် အသုံးစရိတ်က ပြည်သူ့ထံမှ ကောက်ခံရ ရှိငွေထက် ပိုမိုများပြား လာခြင်းကြောင့် အစိုးရများသည် အကြွေးများ ထူထပ်လာ  တော့သည်။

ထိုအချိန်မှစပြီး နိုင်ငံတကာအဖွဲ့ အစည်းများက သက်ဆိုင်ရာ အစိုးရများအား အစိုးရက ပြည်သူများအတွက် အကုန်လုံးကုန်ကျခံသည့်စ နစ်ကို ပြောင်းလဲရန် စတင်အကြံပြု လာကြရာမှ နိုင်ငံရေးအ ခင်းအကျင်း သီအိုရီက ပြောင်းလဲသွားသည်။ ၎င်းပြောင်းလဲ သွားသော နိုင်ငံတကာ ၏နိုင်ငံရေးအခင်း အကျင်းသီအိုရီကမူ တိုင်းပြည်တစ်ခု၏ ဘက်စုံတိုး တက်ရေးကို အစိုးရတစ် ခုကသာ လုပ်ဆောင်ခဲ့ရာမှ “အစိုးရနှင့် ပုဂ်္ဂလိကပူးပေါင်း လုပ်ဆောင်ခြင်း”  Public-Private Partnership (PPP or P3) ဟူသော သီအိုရီကို စတင်ကျင့်သုံးလာ ခဲ့ကြလေသည်။

အစိုးရနှင့် ပုဂ္ဂလိကပူးပေါင်း လုပ်ဆောင်ခြင်း ဟူသော သီအိုရီသည် နိုင်ငံတော်၏ တာဝန်တစ်ချို့ကို နိုင်ငံသားများအား ပါဝင်လုပ်ဆောင် ခွင့်ပေးခြင်းဖြစ် သကဲ့သို့ နိုင်ငံတော်၏ စီးပွားရေးကိုလည်း နိုင်ငံသားများအား မျှဝေခံစား လုပ်ဆောင်စေခြင်းလည်း ဖြစ်သည်။ ဤသီအိုရီ အရ နိုင်ငံတစ်ခုသည် အစိုးရ၏ရည် မှန်းချက်များကို အချိန်တိုအတွင်း လုပ်ဆောင်ပြီးမြောက် စေနိုင်ပြီး နိုင်ငံသူ နိုင်ငံသားများ ကိုလည်း ပိုမိုကောင်း မွန်သော ဝန်ဆောင်မှုကို ပေးနိုင်လေတော့သည်။

သို့သော် အစိုးရနှင့် ပုဂ္ဂလိကပူးပေါင်း လုပ်ဆောင်ခြင်းသီအိုရီ၏ လက်တွေ့နယ်ပယ် ကိုကြည့်လျှင် မြန်မာနိုင်ငံ အစိုးရသည် ကားလမ်း များ၊ တံတားများ၊ အများသုံး အိမ်သာများ၊ အဆောက်အဦများ၊ လေဆိပ်များ၊ လေယာဉ်များ၊ စက်ရုံများကို အစိုးရနှင့် ပုဂ္ဂလိက ပူးပေါင်း လုပ်ဆောင်ခြင်းဖြင့် အကောင်အ ထည်ဖော်ရာတွင် ပုဂ္ဂလိကလုပ်ငန်းရှင်များက ပြည်သူလူထုအား သွေးစုပ် ယူနေခြင်းရှိသလားဟူသော အချက်ကို ကြည့်သင့်သည်။

ဥပမာပြောရသော် နေပြည်တော်မှ တောင်ကြီးသို့သွားသော ကားလမ်းတွင် ပြေစာမပေးသော လမ်းကြေးကောက်ခံနေမှုများ၊ မုံရွာမှ ဂန့်ဂေါသို့အသွား မိုင်တိုင် (၈၂) ဝန်းကျင်တွင် ရှိနေသော လမ်းကြေး ကောက်ခံခြင်းများ၊ နေပြည်တော် လေဆိပ်၌ လေအေးစက် မဖွင့် ပေးခြင်းများ အပါအဝင် တစ်နိုင်ငံလုံးရှိ အများပြည်သူအား ဝန်ဆောင်မှုပေးသော ပုဂ္ဂလိကလုပ်ငန်း များအားလုံးကို မျက်ခြေမပြတ် စစ်ဆေးနေ သင့်သည်။ ထိုသို့စစ်ဆေးအရေး ယူခြင်းမပြုလျှင် အစိုးရသည် မကောင်းမှုကိုအားပေး နေသကဲ့သို့ ဥပဒေအရ ခွင့်မပြု သင့်သောလုပ် ငန်းများကို တရားဝင်လုပ်ကိုင် စေခြင်းမျိုးသို့ ကျရောက်ပြီး နောက်ဆုံးတွင်မူ အစိုးရ၏ထမင်း ရှင်ဖြစ်သော ပြည်သူလူ ထုကသာ နစ်နာနေရပါတော့သည်။

ထို့ကြောင့် နိုင်ငံတော် အစိုးရအနေဖြင့် ပုဂ္ဂလိကလုပ်ငန်း ရှင်များအား လုပ်ကိုင်ခွင့်ပြု ထားသော တစ်နိုင်ငံလုံးရှိ အများပြည်သူအားဝန် ဆောင်မှုပေးသောလုပ်ငန်းများ (ကားလမ်းများ၊ တံတားများ၊ အများသုံးအိမ်သာများ၊ အဆောက်အဦများ၊ လေဆိပ်များ၊ လေယာဉ်များ၊ ဆေးရုံ၊ စာသင်ကျောင်း၊ စက်ရုံများအစရှိသည့်) တွင် ပြည်သူလူထုအား ဥပဒေနှင့် စာချုပ်များနှင့်ဆန့်ကျင်ပြီး သွေးစုတ်အနိုင်ကျင့်သော ပိုမိုငွေကြေးကောက် ခံခြင်းများ ရှိ မရှိကို အမြဲတမ်းစစ် ဆေးကြပ်မတ် အရေးယူပေးပါရန် ဗဟိုနှင့် တိုင်းဒေသ ကြီးနှင့်ပြည်နယ် အစိုးရ များနှင့်ဝန်ကြီးဌာန အားလုံးကို တိုက်တွန်းအပ်ပါသည်။

#အယ်ဒီတာချုပ်

1061  Views
Previous: လူသာရန်အသင်းတော်နှင့် ကက်သလစ်သာသနာတော်တို့အကြားတွင်ကိုယ်တော်မြတ်မုန့်တော်ကို အပြန်အလှန်ပင့်ယူခွင့် မဖြစ်နိုင်သေးဟု ဆွီဒင်ကာဒီနယ်မိန့်ကြား
Next: ကာဒီနယ် (ရဟန်းမင်းအမတ်) များသည် ကက်သလစ်သာသနာတော်၏ ဘုရင်များမဟုတ်ဟု ရဟန်းမင်းအမတ်များအား ရဟန်းမင်းကြီးက သတိပေးတော်မူ