အယ်ဒီတာ့အာဘော် (ဇန်နဝါရီလ၊ ၂၀၁၈ ခုနှစ်ထုတ်) (၂၀၁၇) ခုနှစ်အတွင်းက ဂလိုရီယာသတင်းဂျာနယ်အခြေအနေကို အစီရင်ခံခြင်း

 

ဂလိုရီယာ သတင်းဂျာနယ်ကို ဖေ့စ်ဘုတ်မှ လည်းကောင်း၊ ဂျာနယ် အင်တနက်စာမျက်နှာ မှလည်းကောင်း၊ ပုံနှိပ်စာရွက်မှ လည်းကောင်း ဝယ်ယူဖတ် ရှုအားပေးကြ   ပါသော ပြည်တွင်းပြည်ပရှိဂျာနယ်ဖတ် ပရိသတ်များ အားလုံးကို ၂၀၁၈ ခုနှစ်တွင် လိုရာဆန်္ဒပြည့်ဝလျက် လူမှုဘဝအဖြာဖြာ အောင်မြင်ကြ ပါစေကြောင်းဖြင့် နှုတ်ခွန်းဆက်သ လိုက်ပါတယ်။

ထုံးစံအတိုင်း နှစ်စဉ် ဇန်နဝါရီလကို ရောက်တိုင်း၊ ဂလိုရီယာ သတင်းဂျာနယ်၏ ထုတ်ဝေသူနှင့် အယ်ဒီတာ ချုပ်ဖြစ်သော ကျွန်တော့်အေ နဖြင့်၊ ၂၀၁၇ ခုနှစ်အ တွင်းက ဂလိုရီယာ သတင်းဂျာ နယ်၏ အရောင်း အဝယ်၊ ဖြန့်ချီမှုနဲ့ ဈေးနှုန်းများ (ဈေးကွက် အခြေအနေ) များကိုအ  နည်းငယ်အစီရင်ခံလိုပါတယ်။

ဘာဖြစ်လို့ ဂလိုရီယာ သတင်းဂျာနယ်ရဲ့ စီးပွားရေး အခြေအနေကို ဂျာနယ်ဖတ်ပရိ သတ်များအား အစီရင်ခံရ သလဲဆိုရင်၊ ဒီဂျာနယ်ဟာ ခင်များတို့ဂျာနယ်ဖတ်ပရိသတ် များက အားပေးနေတဲ့ အတွက်ကြောင့် ရပ်တည်နိုင် တာဖြစ် တာမို့၊ ဒီဂျာနယ်ဟာ ခင်များတို့ပိုင် တဲ့ဂျာနယ် လည်း ဖြစ်တယ်လို့ ခံစားတဲ့အတွက် ဒီဂျာနယ်ရဲ့လက်ရှိ အခြေအနေကို ဂျာနယ်ဖတ် ပရိသတ်များလည်း သိသင့်တယ်လို့ ကျွန်တော့်အ  နေနဲ့ ခံယူတဲ့အတွက် အစီရင်ခံခြင်း ဖြစ်ပါတယ်။

ဂလိုရီယာ သတင်းဂျာနယ်၏ ၂၀၁၇ ခုနှစ်အခြေအနေတွင်မူ၊ ဒီဂျာနယ်ကို ပိတ်ပင်ထားတဲ့ ကျိုင်းတုံ၊ ပုသိမ်နဲ့ မန်္တလေး ဆရာတော်ကြီး (၃) ပါးတို့ကတော့ (၂၀၁၅) ခုနှစ်ကနေ ဒီနှစ်အထိ ဆက်လက်ပိတ် ပင်ထား ဆဲ ဖြစ်ပါတယ်။ သို့သော် ၎င်းပိတ်ပင်ထားတဲ့သာသနာ (၃) ခုထဲမှ ဂလိုရီယာ သတင်းဂျာနယ်ကို ဝယ်ယူဖတ်ရှုလိုသူများက ဘုရားရှင်ရဲ့ လမ်းပြမှုကြောင့် တစ်နှစ်ပြီးတစ်နှစ် လူဦးရေတိုး လာပြီး ဖြန့်ချီပေး မယ့်သူများလည်း ဆက်လက်ပေါ်ထွက်လာကြပါတယ်။

ဂလိုရီယာ သတင်းဂျာနယ်ရဲ့ တစ်နိုင်ငံလုံးဈေးကွက် အခြေအနေ ကိုတင်ပြရသော် တချို့သောနယ်များ (လားရှိုး၊ ဖယ်ခုံ၊ တောင်ကြီးနဲ့ ဖားအံမြို့တို့) တွင်မူ ဂျာနယ်ကို   ဖြန့်ချီရောင်းချပေးနေကြသူများက လူမှုဘ၀ အခြေအနေအကြောင့် တခြားနယ်များ သို့ပြောင်းသွားကြပြီး နောက် ၎င်းမြို့ (၄) ခုတွင်မူ ရောင်းချပေး မည့်သူများကို ထပ်မံရှာမရဖြစ်နေသေး ဖြစ်နေပါတယ်။
ဂလိုရီယာသတင်းဂျာနယ်၏အဓိကဝင်ငွေတစ်ခုဖြစ်သော ကြော်ငြာများကိုမူ ၂၀၁၆ ခုနှစ်ထက် (၂) ခု ထပ်ရရှိလာပြီး လစဉ်ကြော်ငြာထည့်သွင်းမှုသည် (၄) ခု ရှိလာပါတယ်။ နောက်ပြီးတော့ မြန်မာနိုင်ငံရှိ ကက်သလစ် ခရစ်ယာန်ဘာသာဝင်များနဲနိုင်ငံသားများကို ကက်သလစ်သာ သနာတော်ရဲ့သွင်သင်ချက်တွေ၊ လှုပ်ရှားမှုတွေနဲ့ဥပဒေ ပညာပေး ကဏ္ဍတွေကို တင်ဆက်ပေးနေတဲ့ ဂလိုရီယာသတင်းဂျာနယ်ကို လစဉ်ထုတ်ဝေနိုင်ဖို့အတွက် ကက်သလစ် ဘာသာရေးအဖွဲ့အစည်း တစ်ခုက (၂၀၁၇) ခုနှစ်မှာ ငွေကျပ်ကိုးဆယ်ခြောက်သိန်းတိတိ (၉၆၀၀၀၀၀) ကို ဂလိုရီယာ သတင်းဂျာနယ်တိုက်သို့ လှုဒါန်းခဲ့ပါတယ်။

ဂလိုရီယာသတင်းဂျာနယ်၏လက်ရှိစီးပွားရေးအခြေအနေကို တင်ပြရသော်၊ (၂၀၁၇) ခုနှစ်၏ အမြတ်ငွေသည် (၂၀၁၆) ခုနှစ်အမြတ်ငွေထက် ပိုများပြီး တချို့သောအမြတ်ငွေသည် ရဟန်းမင်းကြီး၏ မြန်မာနိုင်ငံခရီးစဉ်အတွက် ကျပ် (၁၅) သိန်းကို လှုဒါန်းပြီး ကျန်သောအမြတ်ငွေကိုမူ၊ ဂျာနယ်၏ရေရှည် ရပ်တည်နိုင်ရေးအတွက်ရည်ရွယ် ပြီး ဈေးနည်းသောမြေကွက်များကို ဝယ်ယူခြင်းဖြင့် ရင်းနှီးမြပ်နှံထားပါကြောင်းနှင့် ဤဂျာနယ်လုပ်ငန်းသည် တစ်နှစ်ထက် တစ်နှစ် ပိုပြီးကောင်းမွန်တိုးတက်အောင်မြင် နေကြောင်းဖြင့် ဂလိုရီယာသတင်းဂျာနယ်ကို ဝယ်ယူအား ပေးကြသူများအား အသိပေးလိုပါသည်။

ဂျာနယ်ဈေးနှုန်းနှင့်စပ်လျဉ်းပြီး အသိပေးလိုတာကတော့၊ ဂလိုရီယာသတင်းဂျာနယ်သည် (၂၀၁၈) ခုနှစ်မှာ လည်း လက်ရှိဖြန့်ချီဈေးနှုန်း (တစ်စောင်လျှင် ကျပ် ၆၀၀) အတိုင်းသာ ဆက်လက်ထုတ်ဝေဖြန့်ချီသွားမည် ဖြစ်ပါကြောင်း ဖြင့် အစီရင်ခံရင်း ဂလိုရီယာသတင်းဂျာနယ်ကို ဖတ်ရှုအားပေးနေကြသော မိတ်ဆွေများအားလုံးလည်း ၂၀၁၈ ခုနှစ်မှာ ဆက်လက်ဝယ်ယူအားပေးနေကြပါလို့ ဖိတ်ခေါ်ရင်း၊ ဤဂျာနယ်ကို အားပေးဖြန့်ချီရောင်းချပေးကြသော ဆရာတော်ကြီး များ၊ ရဟန်းတော်များ၊ သီလရှင်များ၊ ဓမ်္မဆရာ/မများနှင့် ဖတ်ရှုကြသောဘာသာတူညီအစ်ကိုမောင်နှများ အားလုံးကို အထူးကျေးဇူးတင်ရှိပါကြောင်းဖြင့် မှတ်တမ်းတင်ဂုဏ်ပြုလိုက်ပါသည်။

အယ်ဒီတာချုပ်

976  Views
Previous: နာတာရှည်ဝေဒနာရှင်များအား ဆေးဖြင့်ထိုးသတ်ခြင်းလုပ်ငန်းကို ရပ်တန့်ရန် ဘယ်လ်ဂျီယံနိုင်ငံရှိ ကက်သလစ်သူတော်စင်ဂိုဏ်းတစ်ခုအား ရာဇသံပေး
Next: ဂလိုရီယာသတင်းဂျာနယ်၏ ၂၀၁၇ ခုနှစ်အတွက် ဂုဏ်ပြုထိုက်သော ပုဂ်္ဂိုလ်များရွေးချယ်ကြေညာခြင်း Persons of The Year 2017