မြန်မာနိုင်ငံကက်သလစ်သာသနာတော်သည် အရှိန်အဟုန်နဲ့ရှေ့သို့ တိုးတက်နေပြီ

d

(၂၆ ရက်နေ့ညက ကျွန်တော့်ဆရာ သမားဆီကနေ အီးမေးလ်တစ်စောင် ရောက်လာပြီး၊ Do Not ဆိုတဲ့ ခေါင်းစဉ်အောက်မှာ ရဟန်း မင်းကြီး ခရီးစဉ်နှင့်စီမံ ခန့်ခွဲမှုနှင့် စပ်လျဉ်းသော အကြောင်းအရာကို မရေးရန် လှမ်းသတိပေးသောကြောင့် ပထမအယ်ဒီတာ့ အာဘော် ကို ဖျက်ပြီး ယခုအယ်ဒီတာ့ အာဘော်နှင့် အစားထိုးလိုက် ရပါတယ်။)

အောက်တိုဘာလ ၂၃ ရက်နေ့က ကက်သလစ် ဘာသာဝင် မိတ်ဆွေတစ်ဦးက ကျွန်တော့် ရုံးခန်းကို ရောက်လာပြီးတော့ ကျွန်တော် ထုတ်ဝေတဲ့စာအုပ်တွေကို လာတောင်းသွားပါတယ်။ ဒီမိတ်ဆွေက အစီပါကြားဖူး သလားလို့ ကျွန်တော့်ကို မေးတော့ ကျွန်တော်က အစီပါတော့ မသိဘူး၊ သိတာက လားရှိုးသာသနာက အသာဖာတော့ သိတယ်လို့ ဖြေလိုက်တော့ ဟက်ဟက်ပက်ပက် ရယ်ချလိုက် တယ်။ ဆက်ပြီးသူက အစီပါဆိုတာ ခင်များဆရာ၊ ဖာသာရ်အားနိုဦး ဆောင်တဲ့ဘာသာ ရေးအဖွဲ့အစည်း တစ်ခုလို့ ကျွန်တော့်ကို ထပ်ပြောပြမှ၊ ဆရာ့ကို သွားသတိရသလို အစီပါသင်တန်းတွေ လိုက်သင်ပေး နေတာကိုလည်း ပြန်ပြောင်းသတိရ လာမိတော့တယ်။

လက်ရှိမြန် မာနိုင်ငံ ကက်သလစ်သာ သနာတော်ကို သုံးသပ်ရလျှင် အရှိန်အဟုန်နှင့်ကြီး ထွားလှုပ်ရှားနေသော အစီပါ Asian Integrated Pastoral Approach (AsIpA) အဖွဲ့နှင့်သမ်္မာကျမ်း စာတမန်တော် လုပ်ငန်းအဖွဲ့ Basic Biblical Sharing တို့သည် ကက် သလစ်သာ သနာတော်၏ အုတ်မြစ်ဖြစ်သော သာမန်ဘာသာ ဝင်များ၏ သွေးကြော ထဲတွင် စိမ့်ဝင်နေကြ လေသည်။ ဤအဖွဲ့နှစ်ခုကို ဦးဆောင် နေကြသူများအား ကျွန်တော်အထူး ဂုဏ်ပြုလိုပါသည်။ အဘယ် ကြောင့်ဆိုသော်၊ ဤအဖွဲ့နှစ်ခုသည် ကက်သလစ်သာ သနာ တော်ထဲတွင် ဖြစ်ပေါ်နေသော လေဟာနယ် (ဓမ်္မပညာရပ် များကို သင်ကြားခွင့် ကင်းမဲ့ခြင်းနှင့် သာသနာပြုရာတွင် ပါဝင်နိုင် သောအခြေ အနေကို မဖန်တီးပေးခြင်း) ကို တိုက်ဖျက် ပေးသူများ၊ တနည်းဆိုရသော် သာမန်ကက်သလစ် ဘာသာဝင်များကို အသင်းတော်ထဲတွင် မရှိမဖြစ် သူများအဖြစ် ပညာပေးနေသကဲ့သို့ လုပ်ပိုင်ခွင့်ကိုလည်း အပ်နှင်းနေခြင်းလည်း ဖြစ်လေသည်။

မိမိသိသ လောက်ပြောရလျှင် အစီပါသည် မြန်မာနိုင်ငံသို့ ၂၀၁၀ ခုနှစ်ဝန်းကျင်က ဦးစွာ ရောက်ရှိလာခဲ့သည်။ သို့သော် ၎င်းအစီပါကို ဦးဆောင် ဦးရွက်ပြုသူများက အခြေအမျိုးမျိုးကြောင့် သာမန်ကက်သလစ် ဘာသာဝင်များ အကြားထဲတွင် စိမ့်ဝင်နိုင်အောင် မလုပ် ဆောင်နိုင်ခဲ့ကြပေ။ သမ်္မာကျမ်းစာ တမန်တော် လုပ်ငန်းအဖွဲ့ Biblical Pastoral Ministry အဖွဲ့သည် ဆရာတော်ကြီးပေါလ် ဂရောင်၏ ဦးဆောင် မှုအောက်တွင် ဖိလစ်ပိုင်နိုင်ငံမှ သီလရှင်တစ်ပါးက အရင်ဆုံး မြန်မာနိုင်ငံတွင် စတင်ခဲ့သည်မှာ (၆) နှစ်ဝန်းကျင်သာ ရှိသေး သည်။

ဤအဖွဲ့အ စည်းနှစ်ခုတို့သည် ဦးဆောင်သူများ၏ အချိန်ပေးနိုင်မှု၊ လိုအပ်သော ငွေကြေးနှင့် ပညာရှင် အရင်းအမြစ်များ ကိုရှာဖွေမွေး ထုတ်နိုင်ခြင်း တို့ကြောင့် ယခုအခါတွင်မူ တစ်နိုင်ငံလုံးရှိ သာမန်ကက်သလစ် ဘာသာဝင်များအား သာသနာ ပြုနည်းနှင့် ကျမ်းစာတော် မြတ်ကို လေ့လာသင်ကြားခြင်း နည်းလမ်းတို့အား ပညာသင်ကြား ပေးနေကြပြီ ဖြစ်သည်။ ထို့ကြောင့် ဤအဖွဲ့အ စည်းနှစ်ခုတို့အနေဖြင့် လက်ရှိအရှိန်ထက် မလျှော့သော မောင်းနှင်အားဖြင့် ကက်သလစ် သာသနာ တော်၏အခြေခံ အုတ်မြစ်ဖြစ်သော သာမန်ဘာသာဝင်များ ကို ကက်သလစ် အသင်းတော်ထဲတွင် ဆက်လက်လက်တွဲ သင်ပေးကြပါရန် ထောက်ခံအား ပေးလိုက်ပါသည်။ ကုန်ဇမှုန်း

1048  Views
Previous: Pope Francis will visit Myanmar on 27 to 30, November 2017
Next: ASIA/MYANMAR – A trace of mercy in a Buddhist country: Francis’ legacy