မြန်မာနိုင်ငံသူ/သား များထံ ပုပ်ရဟန်းမင်းကြီး၏ သတင်းစကား

n

ချစ်လှစွာသော မိတ်ဆွေတို့

မြန်မာနိုင်ငံကို အလည် အပတ် ကြွရောက်လာဖို့ ကျွနု်ပ်ပြင်ဆင်နေ စဉ်မှာ နိုင်ငံသား အားလုံးထံ နှုတ်ခွန်းဆက် စကားနဲ့ ခင်မင်မှုကို ပေးပို့ လိုပါတယ်။ ကျွနု်ပ်တို့အတူ တွေ့ဆုံမယ့် အချိန်ကို မျှော်လင့်နေ ပါတယ်။ ကျွနု်ပ်အနေနဲ့ ယေဇူးခရစ်တော်ရဲ့ သတင်းကောင်းကို ကြေငြာဖို့ လာရောက်ခြင်း ဖြစ်ပါတယ်။ ပြန်လည်သင့်မြတ်ခြင်း၊ အခွင့်လွှတ်ခြင်းနဲ့ ငြိမ်းချမ်းခြင်း သတင်းစကားဖြစ်ပါတယ်။
ကျွနု်ပ်ကြွရောက် လာခြင်းရဲ့ ဆိုလိုရင်းက မြန်မာနိုင် ငံမှာရှိတဲ့ ကက်သလစ် အသင်းတော်ကို ဘုရားသ ခင်အား ယုံကြည်စွာ ဝတ်ပြုကိုး ကွယ်ခြင်းနဲ့ အမျိုးသား အမျိုးသမီး တိုင်း၏ ဂုဏ်သိက္ခာကို သင်ကြားပေးသော အခြားသူများ အထူးသဖြင့် ဆင်းရဲချို့တဲ့ သူများအတွက် နှလုံး သားကို ဖွင့်ထားရန် ခိုင်းစေသော သတင်းေ ကာင်းအား သက်ေ သခံခြင်းတို့၌ တည်ကြည်ခိုင် မာစေရန် ဖြစ်ပါတယ်။
တချိန်တည်းမှာပဲ နိုင်ငံတော် ဆီကို လေးစားသော စိတ်ထားနဲ့ အလည်အပတ် ကြွရောက် လိုခြင်းဖြစ်ပါတယ်။ သဟဇာ တကို ဆောက် တည်နေသော အားထုတ် လုပ်ဆောင်ခြင်းကို အားပေးရန် အများကောင်းကျိုး သယ်ပိုးခြင်း များ၌ ပူးပေါင်းဆောင် ရွက်ရန် ဖြစ်ပါတယ်။ ကျွနု်ပ်တို့ရှင်သန်နေ ထိုင်တဲ့ကာ လဟာ ဘာသာတရား ယုံကြည် သူများနဲ့ စိတ်ကောင်းနှ လုံးကောင်းရှိ သူတို့ဟာ အပြန်အလှန်နား လည်မှုနှင့် လေးစားခြင်း တို့၌ တိုးတက်ရန် လိုအပ်နေ သည်ကို နေရာတိုင်း၌ခံ စားနေရသော အချိန်အခါဖြစ် ပါတယ်။ လူသားထု တရပ် လုံးကို မိသားစုဝင်များလို မှတ်ယူကာ အချင်းချင်း ယိုင်းပင်း ကူညီဖေးမ ဖို့လည်း လိုအပ်နေပါတယ်။ အကြောင်းမှာ ကျွနု်ပ်တို့အား လုံးဟာ ဘုရား သခင်ရဲ့သား သမီးများ ဖြစ်ကြလို့ပါ။
မြန်မာပြည်မှာ လူတွေ အများကြီးဟာ ကျွနု်ပ်ရဲ့ ခရီးစဉ်အတွက် ပြင်ဆင်ခြင်း အလုပ်တွေ အများကြီး လုပ်နေကြ တယ်ဆိုတာ ကျွနု်ပ်သိ ပါတယ်။ သူတို့အား လုံးကို ကျွနု်ပ်ကျေးဇူး တင်ပါတယ်။ သင်တို့အ လယ်မှာ ကျွနု်ပ်ရှိနေ မယ့်နေ့ရက် များဟာ အားလုံးအတွက် မျှော် လင့်ခြင်းနဲ့ ခွန်အားရစရာ အကြောင်းဖြစ်စေ ဖို့ ဆုတောင်းပေး ကြဖို့ မေတ္တာရပ် ခံပါတယ်။ သင်တို့နဲ့ သင်တို့မိသား စုများအပေါ်သို့ ပျော် ရွှင်ခြင်း၊ ငြိမ်သက်ခြင်း စတဲ့ ဘုရားရဲ့ ကောင်းကြီးများ သက်ရောက် ပါစေလို့ ကျွနု်ပ် ဆုတောင်းပေး လိုက်ပါတယ်။ မကြာခင်မှာ တွေ့ဆုံ ကြမယ်။

854  Views
Previous: ရဟန်းမင်းကြီးအရှင်သူမြတ်ဖရန်စစ်က ကာနွန်ဥပဒေပုဒ်မ (၈၃၈) ကို ဒေသခံ ကက်သလစ်ဆရာတော်ကြီးများအတွက် ပြင်ဆင်လိုက်ပြီ
Next: တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ရဟန်းမင်းကြီး ဖရန်စစ်နှင့်တွေ့ဆုံ နှုတ်ဆက်