၂၁ ရာစု ပင်လုံညီလာခံအတွက် ကာဒီနယ်ချားလ်စ်ဘိုက ညီလာခံကိုယ်စားလှယ်များအား အားပေးထောက်ခံတော်မူ

14063856_1850056205229715_522719317540573237_n

ရန်ကုန်၊ သြဂုတ်လ ၂၈၊ ၂၀၁၆

ကာဒီနယ်ချားလ်စ်ဘိုက (၂၁) ရာစု ပင်လုံငြိမ်းချမ်းရေး ညီလာခံတွင် တက်ရာက် ဆွေးနွေးဆုံးဖြတ်ကြမည့် ကိုယ်စားလှယ်များ အနေဖြင့် အချင်းချင်း အပြန်အလှန်မုန်းတီးမှုဖြင့် ကြေကွဲပျက်စီးနေသော နိုင်ငံတော်ကို ပြည်လည်ကုစားရန်အတွက် ဆွေးနွေးဆုံးဖြတ်ကြရန် တိုက်တွန်းအားပေးသော ကြေညာချက် တစ်စောင်ကို သြဂုတ်လ (၁၆) ရက်နေ့က ထုတ်ပြန်တော်မူလိုက်သည်။

ကာဒီနယ် ချားလ်စ်ဘိုက “၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ (၁၂) ရက်နေ့တွင် ပြုလုပ်ခဲ့သော ပထမအကြိမ် ပင်လုံညီလာခံသည် ပြည်ထောင်စု
မြန်မာနိုင်ငံကိုမွေးဖွားပေးခဲ့ကြောင်း၊ ထိုစာချုပ်တွင် ဗမာ၊ ချင်း၊ ကချင်၊ ရှမ်းလူမျိုးခေါင်းဆောင်များက လက်မှတ်ရေးထိုးခြင်းဖြင့် ငြိမ်းချမ်း ရေး ပေါ်ထွန်းလာနိုင်ကြောင်းကို ဗိုလ်ချုပ်အောင်ဆန်း ကြိုတင် တွေးဆခဲ့သော်လည်း အချိန်မတိုင်မှီ ဗိုလ်ချုပ်အောင်ဆန်းသည် လုပ်ကြံ အသတ်ခံခဲ့ရကြောင်း၊ ဗိုလ်ချုပ်၏ ကျဆုံးခြင်းကြောင့် မြန်မာလူမျိုးများသည် ကံဆိုး မိုးမှောင်ကျခဲ့ပြီး ပြည်တွင်းစစ်မီးလည်း   တောက်လောင်ခဲ့ကာ မြောက်များစွာသော နိုင်ငံသူ/သားများသည်သေဆုံးကြရခြင်း၊ ဒုက္ခသည်များ ဖြစ်ကြရခြင်း၊ အိုးအိမ်ပြောင်းရွှေ့ခံကြရခြင်း၊ လယ်မြေ အသိမ်းခံကြရခြင်းတို့ကို ကြုံတွေ့ခဲ့ကြရသည်မှာယနေ့တိုင်ပင်ဖြစ်သည်” ဟု မီး မောင်းထိုးပြသည်။

နောက်ဆုံးအနေဖြင့် ဆရာတော်ကြီး ချားလ်စ်ဘိုက ဒေါ်အောင်ဆန်းစုကြည်၏ ငြိမ်းချမ်းရေးလုပ်ဆောင်ချက်ခြေလှမ်းများကို အားပေး     ထောက်ခံကြောင်းဖြင့် လည်းကောင်း၊ တပ်မတော်သည် ငြိမ်းချမ်းခြင်းနှင့်တရားမျှတခြင်းတို့ကိုအခြေခံပြီး ဤတိုင်းပြည်အား ပြန်လည်     ပေါင်းစည်းမည့် ရည်မှန်းချက်ကို အကောင်အထည်ဖော်နိုင်လိမ့်မည်ဟု မျှော်လင့်ကြောင်းဖြင့် လည်းကောင်း၊ အရှင်မြတ်၏ ကြေညာချက်တွင် ထည့်သွင်းထားတော်မူသည်။       အယ်ဒီတာချုပ်

1623  Views
Previous: Peace Conference, Intervention by the Representative of the Catholic Church
Next: ဆင်းရဲသားများကို ပွေ့ဖက်ကူညီပေးခဲ့သော အိန္ဒိယနိုင်ငံမှ သူတော်စင်မ မာသာရ်ထရေဇားကို ရဟန္တာအဖြစ် စက်တင်ဘာလ (၄) ရက်နေ့တွင် ကြေညာမည်