ကက်သလစ်ဆရာတော်တွေနဲ့ ရဟန်းတော်တွေမဟုတ်တာလုပ်ရင် တိုင်ကြားလို့ရတယ်လို့မြွက်ကြားတော်မူသော ဆရာတော်ကြီးချားလ်စ်ဘိုနှင့်မေးမြန်းခန်း

70-b

ရန်ကုန်၊ ဖေဖော်ဝါရီလ ၁၃၊ ၂၀၁၃

ယခုတင်ဆက်ပေးလိုက်သော တွေ့ဆုံမေးမြန်းခန်းသည် ၂၀၁၃ ခုနှစ်ဖေဖော်ဝါရီလက ပြုလုပ်ခဲ့သော တွေ့ ဆုံမေးမြန်းမှု ဖြစ်ပါသည်။

မေး။    ။ ဂွတ်မော်နင်း၊ ကိုယ်တော်ဘုရား။ ဒီနှစ်က ယုံ ကြည်ခြင်းနှစ်ဖြစ်တာမို့ မြန်မာပြည်က  ကက်သလစ် ဘာသာဝင်တွေရဲ့ ယုံကြည်ခြင်းကို ဘယ်လိုမြင်ပါသလဲ။
ဆရာတော်။    ။ မြန်မာပြည်အနေနဲ့ကတော့ ယဉ်ကျေးမှု အရက ဘုရား၊ တရား၊ သံဃာ၊ မိဘဆိုတာတွေ ကို ရိုသေ ပြီးသားပါ။ ကက်သလစ်ဘာသာဝင်တွေက ဘုရား၊ တရားမှာ ကြည်ညိုမှုတွေက အရမ်းကောင်း တယ်။ ဒါပေမယ့် ဘုရား တရား ကြည်ညိုမှုထက် စက္ကရမင်းတူး အသက်တာ၊ ယုံကြည်ခြင်းကို လက်တွေ့ အသက်ရှင်ဖို့က ပိုပြီးတော့ လိုအပ်ပါတယ်။ မိမိတို့ရဲ့ ယုံကြည်ခြင်းကို ဘုရားကျောင်းတက်ရုံမဟုတ်ဘဲ အပြင်မှာ သူများနဲ့ သွားလာတဲ့နေရာမှာ လက်တွေ့ကျင့်ကြံဖို့ လိုပါသေး တယ်။ ခရစ်တော်ဘုရားရဲ့ တရားတော်ကို သူများကိုပါ ဝေမျှနိုင်ရမှာ ဖြစ်တယ်။
မေး။    ။ နှစ်နှစ်သက်တမ်းရှိပြီဖြစ်တဲ့ ဒီမိုကရေစီအစိုးရ လက်ထက်မှာ ဘာသာရေးလွတ်လပ်ခွင့်က ဘယ်လောက် ရှိပြီလဲ။
ဖြေ။    ။ ရေးသားခွင့်နဲ့ ပြောဆိုခွင့်မှာတော့ တကယ် လွတ်လပ်မှု ရှိလာပါတယ်။ ဘာသာရေးမှာလည်း အကန့်အသတ်မရှိ၊ ရဲရဲတင်းတင်း ဟောနိုင်၊ ပြောနိုင်၊ ရေးနိုင်ကြပါပြီ။ ဒါပေမယ့် ဘာသာရေးအဆောက် အဦ တွေနဲ့ပတ်သက်ပြီးတော့က လွတ်လပ်မှုမရှိသေးဘူး။ ဥပမာပြောရရင် သန်လျင်မှာ ဆောက်လက် စဖြစ်နေတဲ့ ရဟန်းဖြစ်တက္ကသိုလ်ဆိုရင် ဆောက်လုပ်ခွင့်မရသေးဘူး။ နောက်ပြီးတော့ နိုင်ငံတကာမှာ ဘာသာရေးဆိုင်ရာ ဗီဇာ Religious Visa ဆိုတာ ရှိတယ်။ မြန်မာပြည်မှာက ဘာသာရေးဆိုင်ရာ ဗီဇာ Religious Visa ဆိုတာကို မပေးသေးဘူး။ အဲဒီတော့ နိုင်ငံခြားကနေ မြန်မာပြည်ကို လာချင်တဲ့ ဘာသာရေးပုဂ္ဂိုလ်တွေက စီးပွားရေးဗီဇာနဲ့ ဝင်လာရတယ်။ ဒါပေမယ့် နောက်ပိုင်းတော့ ဒါတွေ အားလုံး အဆင်ပြေလာမယ်လို့ ယူဆပါတယ်။
မေး။    ။ မြန်မာပြည်ရဲ့ဒီမိုကရေစီအပြောင်းအလဲက မြန်မာပြည်ကက်သလစ်အသင်းတော်ထဲမှာ ဘယ်လို သက်ရောက်မှုရှိမလဲ။ အသင်းတော်အနေနဲ့ ဘယ်လို ပြင်ဆင်ထားရမလဲ။
ဖြေ။    ။ အဆိုးဖက်ကနေပြောရင် ပြည်သူတွေဖက်က ဒီမိုကရေစီအကြောင်းကို ကောင်းကောင်း နားမလည်ဘူးဆိုရင် လွတ်လပ်မှုဆိုတာကို မှားယွင်းစွာ အသုံးပြု နိုင်တယ်။ မှန်ကန်တဲ့လွတ်လပ်မှုကို နားလည်ဖို့ လိုအပ် ပါတယ်။ ဥပမာ အင်တာနက်ကို လွတ်လွတ်လပ်လပ် အသုံးပြုခွင့်ပေးထားပေမယ့် အကျိုးရှိရှိအသုံးမပြု တတ်ဘူးဆိုရင် အင်တာနက်ကို စွဲသွားနိုင်တယ်။ အန္တရာယ်များတယ်။ လူကြီးရော လူငယ်ရော လွတ်လပ်မှုကို အကျိုးရှိရှိအသုံးပြုတတ်ဖို့လို တယ်။ မြန်မာ ပြည်ရဲ့အပြောင်းအလဲ က မြန်ဆန် လွန်းတော့ သတိ မထားဘူးဆိုရင် ပျက်စီးမှုဖက်ကို ဦးတည်နိုင်တယ်။ လွတ်လပ်ပြီဆိုတော့ ဘာသာ သူတွေအနေနဲ့ ဧဝံဂေလိ သတင်းကောင်းကို သူများကို ဝေငှတဲ့ နေရာမှာ ပိုပြီး တော့ စိတ်အားထက်သန်ဖို့ လိုအပ်လာတယ်။ အခွင့်အရေးကိုပဲ မလိုချင်ဘဲနဲ့ ကိုယ့်ရဲ့တာဝန်တွေကိုလည်း နိုင်ငံတော် အတွက် ကျေပွန် ကြဖို့ လိုအပ်ပါတယ်။ ကက်သလစ်ဆရာတော်တွေ၊ ဘုန်းကြီးတွေအနေနဲ့ ဘာသာသူတွေကို ယုံကြည်ခြင်းနဲ့ပတ်သက်ပြီးတော့ ပိုပြီး သင်တန်းတွေစီစဉ်ပေးဖို့ လိုအပ်ပါတယ်။ သာသနာ ကျောင်းတွေ မရှိတော့လို့ ဘုရားစကားမသင်နိုင်တော့ ဘူးဆိုတာ မျိုးတွေ ပြောခဲ့ကြပေမယ့် အခုကတော့ ဘာသာ တူတွေကို ပညာပေးဖို့အတွက် အချိန်ယူပြီး စီစဉ်ကြဖို့ တာဝန်ရှိလာကြပြီ။ ဆင်ခြေတွေပေးလို့ မရ တော့ဘူး။

မေး။။ အခုမြန်မာပြည်ရဲ့ ပုပ်ရဟန်းမင်းကြီး ကိုယ်စားလှယ်က ကိုးရိယားနိုင်ငံသားဆိုတော့ တပည့်တော် တို့ အနေနဲ့ ဘာများမျှော်လင့်လို့ရမလဲ။
ဖြေ။    ။ ဘယ်နိုင်ငံသားပဲဖြစ်ဖြစ်၊ လုပ်ပိုင်ခွင့်တွေက အတူတူပါပဲ။ ဒါပေမယ့် သူကတော့ ကွန်မြူ နစ်နိုင်ငံ၊ မြောက်ကိုးရိယားနိုင်ငံနယ်စပ်၊ ကိုးရိယားနိုင်ငံသားဖြစ်တဲ့ အတွက် မြန်မာပြည်မှာပိုပြီးတော့ နားလည်မှုပိုရှိလာ မယ်။ နောက်ပြီး သူက တောင်ကိုးရိယားနိုင်ငံသား သံတမန်ဖြစ်တဲ့အတွက် တောင် ကိုရိးယားအစိုးရကို မြန်မာနိုင်ငံသားတွေအတွက် ပိုပြီးတော့ မြန်မာပြည် အစိုးရကို အကူအညီတွေပေး ဖို့ နှစ်နိုင်ငံဆက်ဆံရေးထဲ မှာ ပါဝင်လာခြင်းအားဖြင့်  မြန်မာပြည်အတွက် ပိုပြီးတော့ အကျိုးရှိလာမယ် လို့ မျှော်လင့်ပါတယ်။
မေး။    ။ ဆရာတော်ဘုရားက ပုပ်ရဟန်းမင်းကြီးကို သိရှိခဲ့တာ ၁၀ နှစ်ကျော်လာပြီဆိုတော့ အနားယူတော့ မယ်လို့ ကြေငြာလိုက်တဲ့အခါမှာ အနားယူတော့မယ့် ပုပ်ရဟန်းမင်းကြီးဆီကနေ အတုယူသင့်တာတွေ ကို ပြောပြပါ။
ဖြေ။    ။ ရဟန်းမင်းကြီးက သူဟာ ကာဒီနယ်ဘဝက တည်းက အရမ်းနှိမ့်ချတယ်။ လူရှေ့သူရှေ့မှာဆိုရင် သူ့မျက်နှာက ရှက်တတ်တဲ့ မျက်နှာပါ။ လူအေးဖြစ်တယ်။ ဒါပေမယ့် ပုပ်ရဟန်းမင်းကြီးဖြစ်လာတဲ့ အခါမှာ လူ တကာနဲ့ ဆက်ဆံလာရတယ်။ အခုတော့ ရုတ်တရက် အနားယူမယ်လို့ ကြေငြာလိုက်တော့ အားလုံး လန့်သွား တယ်။ ဒီရဟန်းမင်းကြီးက အမှန်တရားနဲ့ပတ်သက် လာပြီဆိုရင် လုံးဝအလျှော့မပေးဘူး။ ဘုရားမဲ့သူတွေက သူ့ကို တိုက်ခိုက်လာကြတယ်။ သူ နားသွားတာကလည်း အသင်းတော်ထဲမှာ မနားရ ဘူးဆိုတဲ့ဥပဒေမရှိဘူး။ သို့သော် အရင်ပုပ်ရဟန်းမင်းကြီးတွေက သေတဲ့အထိ တာဝန်ထမ်းဆောင်ခဲ့ကြ တယ်။ သူလည်း မနားဘဲ ဆက်လုပ်နေရင် ရတာပဲ။ ဆရာတော်လည်း လွန်ခဲ့တဲ့ ၃ နှစ်လောက်ကနေ အစည်းအဝေးတွေမှာ သူဟာ ပိုပြီးတော့ အားနည်းလာတာကို ရိပ်မိတယ်။ သူက အတွေးအခေါ်အရ လုပ်နိုင်သေးသော်လည်း ခန္ဓာကိုယ် အရ အားနည်းနေတဲ့အတွက် လုပ်နိုင်မယ့်ပုဂ္ဂိုလ် ကို နေရာပေးတာ ဟာ အသင်းတော်ကြီးအတွက်၊ ဗာတီကန်နိုင်ငံအတွက်လည်း ပိုပြီးအကျိုးရှိမယ်လို့ ယုံကြည် လို့ ဒီတာဝန်ကနေ အနားယူပေးလိုက်တာ။ အဲဒီတော့ ပုပ်ရဟန်းမင်းကြီးလိုပဲ၊ ကာဒီနယ်တွေ၊ ဆရာတော် ကြီး တွေ၊ ဘုန်းတော်ကြီးတွေ၊ ဗိုလ်ချုပ်ကြီးတွေ၊ သမ္မတတွေ၊ ဝန်ကြီးချုပ်တွေလည်း ကျန်းမာရေး မကောင်းတော့ဘူး၊ မလုပ်နိုင်တော့ဘူးဆိုရင် အနားယူကြဖို့ ရဟန်းမင်းကြီး က ပုံသက်သေပေးတာလေ။ ဒါကြောင့်မို့ ကက်သလစ် ဆရာတော်တွေလည်း ကျန်းမာရေးမကောင်းဘူးဆိုရင် နားပြီးတော့ လုပ်နိုင်တဲ့သူတွေကို နှိမ့်နှိမ့်ချချနဲ့ နေရာ ပေးကြဖို့လိုအပ်ပါတယ်။
မေး။    ။ ဆရာတော်ဘုရားက မြန်မာပြည်မှာ ကက်သလစ် သာသနာ ၅ ခုကို ပျံလွန်တော်မူတဲ့ ပုပ်ရဟန်းမင်းကြီး ဒုတိယမြောက် ဂျွန်ပေါလ်လက်ထဲကနေ ပုပ်ရဟန်းမင်းကြီး ဘေနေဒစ် ၁၆ အထိ ပြောင်းရွှေ့ပြီး အုပ်ချုပ်ခဲ့ရတယ် ဆိုတော့ သာသနာအသစ်တစ်ခုကို ဝင်ဝင်ချင်း ပထမဆုံး ဘာလုပ်သလဲ။
ဖြေ။    ။ ပထမဆုံးလုပ်တာကတော့ survey စစ်တမ်း ကောက်တာပေါ့လေ။ ဘုန်းတော်ကြီးတွေ ကို ခေါ်ပြီး တော့ သူတို့ကို နားထောင်တယ်။ ဒုတိယအဆင့်မှာ တော့ သာသနာ့ညီလာခံ Diocesan Synod ကို ခေါ် ယူပြီးတော့ ဘုန်းကြီး၊ မိဘ၊ လူငယ်၊ သူတော်စင်အားလုံး နဲ့ သာသနာတော်ရဲ့ အစီအစဉ်တွေကို ဝိုင်းဆွဲကြတယ်။ နောက်ပြီးတော့ မိမိရဲ့နေ့စဉ် အစီအစဉ်အကြမ်း daily tentative program ကို တစ်နှစ်စာရေးဆွဲပြီးတော့ ၎င်းင်းအစီအစဉ်အတိုင်း သာသနာတော်ကို ဦးဆောင် သွားပါတယ်။
မေး။    ။ အဲဒီလို သာသနာအသစ်တွေကို ဝင်ရောက် အုပ်ချုပ်ရတဲ့အခါမှာ ကြုံတွေ့ရတဲ့ အခက်အခဲက ဘာ တွေလဲ။
ဖြေ။    ။ သာသနာအသစ်တွေကို ဝင်ရောက်အုပ်ချုပ် ရတဲ့အခါမှာ တွေ့ကြုံရတဲ့ အခက်အခဲတစ်ခုကတော့ သာသနာ ၂ ခုမှာတော့ ဘုန်းကြီးနှစ်ပါးသုံးပါးလောက် က လူမျိုးရေးကို အခြေခံပြီး ဆရာတော့်ကို ကလန် ကဆန်လုပ်တာ ကြုံရပါတယ်။ အထူးသဖြင့် အဲလိုလူမျိုး ရေးအရဖြစ်တာက ကရင်အသိုင်းအဝိုင်း မှာ ဖြစ်တာ များတယ်။ ဗမာ၊ ကချင်၊ ချင်းအကြားမှာ အဲလိုမျိုးမကြုံ ဘူး။ ဒါကလည်း သူတို့အပြစ်ရယ် လို့ ပြောလို့မရဘူး။ သမိုင်းကြောင်းခံလည်း ပါမှာပါ။ မြန်မာနိုင်ငံမှာ ရှိနေ ကြတဲ့ တိုင်းရင်းသားအားလုံးက အမျိုးသားမှတ်ပုံတင် National Identity ထက် တိုင်းရင်းသားမှတ်ပုံတင် ethnic identity ကို ဦးစားပေးပြီး ပြောကြတယ်။ ကျွန်တော်က ကချင်လူမျိုး၊ ချင်းလူမျိုး၊ ရှမ်းလူမျိုး၊ ဗမာ လူမျိုးဆိုပြီး ပြောကြ တယ်။ တကယ်တော့ ကျွန်တော်က မြန်မာနိုင်ငံသား National Identity လို့ ပြောရင် ပိုပြီးတော့ ကောင်းတယ်။
မေး။    ။ ဘုန်းတော်ကြီးတစ်ပါးက နံနက် ၄ နာရီမှာ ထပြီး ဘုရားကျောင်းမှာ မိစ္ဆားဟောတယ်။ အဲဒီအချိန်မှာ ဘုရားကျောင်းမလာတဲ့ ဘာသာတူတွေကို စက္ကရမင်း တူးတွေ မပေးဘဲငြင်းတာမျိုးတွေ သာသနာတစ်ခုမှာ ဖြစ်တယ်။ အဲဒီလိုဖြစ်တဲ့အခါမှာ ဘာသာသူတွေက ဆရာတော်ကိုတိုင်တော့ ဆရာတော်က မင်းတို့ ဘုန်းကြီးစကားကိုသာ နားထောင်ပါဆိုပြီး ပြန်ရေး လိုက်တယ်။ ဆရာတော်က သူ့ဘုန်းကြီးဖက်ကို ရပ်တည်ပေးလိုက်တယ်။ အဲလိုမျိုးဘုန်းတော်ကြီးတစ်ပါးက ဘာသာသူတွေရဲ့ ဝိညာဉ်ရေးရပိုင်ခွင့်တွေကို ငြင်းဆန် တယ်ဆိုရင် ဘာသာဝင်တွေက သူတို့ရဲ့ ရပိုင်ခွင့်တွေကို ဘယ်မှာ အယူခံဝင်ရမလဲ။
ဖြေ။    ။ ဆရာတော်လည်း အဲဒီသတင်းကို ကြားတယ်။ တကယ်တော့ ခေါင်းဆောင်ဖြစ်ပြီဆိုရင် သူများကို အမြဲတမ်းထည့်သွင်းစဉ်းစားပေးရတယ်။ ကိုယ့်ဘုန်းကြီး လုပ်တာက တကယ်မှန်ရဲ့လားဆိုတာကို ဆရာတော် ဖြစ်သူက သေချာစုံစမ်းပြီးတော့ လုပ်ပုံလုပ်နည်းက မှန်နေရင်တော့ ဘာမှမဖြစ်ဘူး။ ဒါပေမယ့် ကိုယ့်ဘုန်း ကြီးလုပ်ပုံမှားနေတာကိုပဲ အားပေးထောက်ခံရင်တော့ ဘာသာတူတွေက ကြိုက်တဲ့နေရာကို တိုင်လို့ရတယ်။  ကိုယ့်ရဲ့ဘုန်းကြီးက မဟုတ်တာလုပ်ရင် ကိုယ့်ဆရာ တော်ဆီကို တိုင်။ ကိုယ့်ဆရာတော် က အရေးမလုပ်ဘူး ဆိုရင် မြန်မာပြည်ကက်သလစ်ဆရာတော်ကြီးများ အဖွဲ့ချုပ်ရုံးကို တိုင်လို့ရသလို ရဟန်းမင်းကြီးကိုယ်စားလှယ်ဆီရော၊ ဟိုးရဟန်းမင်းကြီးရုံးအထိကို တိုင်လို့ရပါ တယ်။ အသေး အမွှားလေးတွေကိုတော့ အောက်ခြေမှာ ပဲ ဖြေရှင်းပေါ့။ ကြီးမားတဲ့ပြဿနာတွေကိုသာ အခု ပြောတဲ့နေ ရာတွေကို တိုင်ကြပါ။ စက္ကရမင်းတူးတွေဆို တာ ဘာသာသူတွေအများစုပါဝင်နိုင်တဲ့အချိန်နဲ့နေရာ မှာပဲ ကျင်းပရမှာဖြစ်ပါတယ်။ ရဟန်းမင်းကြီးရုံးကနေ ပြီးတော့ သက်ဆိုင်ရာ ဆရာတော်ဆီကို ပြန်ပြီးတော့ စုံစမ်းဖြေရှင်းပေးဖို့ ပြန်ညွန်ကြားလာမှာ ဖြစ်ပါတယ်။
မေး။    ။ ကိုယ်တော်က ၂၀၁၃ ခုနှစ်ကနေစပြီး ကော်မ ရှင် ၇ခုလောက်ကိုင်ရတယ်ဆိုတော့ အဲဒီကော်မရှင် တွေထဲက ပညာရေးကော်မရှင်နဲ့ ဧဝံဂေလိ ကော်မရှင် တွေနဲ့ပတ်သက်ပြီး ဘယ်လိုမျိုးအစီ အစဉ်တွေ စဆွဲနေ ပြီလဲဆိုတာ သိချင်ပါတယ်။
ဖြေ။ အစည်းအဝေးပြီးခါစဆိုတော့ ဖေဖော်ဝါရီလ ထဲမှာ အာရှတိုက်က ဂျေဆွေီဂိုဏ်းအုပ် ဘုန်းတော်ကြီး တွေနဲ့တွေ့ဆုံပြီး ကက်သလစ်တက္ကသိုလ်တွေ ဖွင့်နိုင်ဖို့ ဆွေးနွေးကြမှာ ဖြစ်ပါတယ်။
မေး။    ။ နေပြည်တော်မှာ ကက်သလစ်အသင်းတော်ရဲ့ ရုံးခန်းဖွင့်ဖို့ အစီအစဉ်ရှိပါသလား။
ဖြေ။    ။ ရှိပါတယ်။ မြေကွက်ဝယ်ဖို့ ဖာသာရ်သက်တင်၊ ဆရာတော်များအဖွဲ့ချုပ်ရဲ့ အတွင်းရေးမှူးဖြစ်စဉ် ကတည်းက ရှိနေပြီးသားပါ။ အခုတော့ မြေကွက်ဝယ်ဖို့ စီစဉ်နေပါတယ်။
မေး။ နေပြည်တော်အစိုးရနဲ့ကက်သလစ်ဆရာတော် များအဖွဲ့ချုပ်က ဘယ်လောက်များ သိကျွမ်းမှုတွေရှိနေ ပြီလဲ။
ဖြေ။    ။ အစိုးရကတော့ စစ်အစိုးရလက်ထက်က မူဝါဒ အတိုင်းပဲ ဘာသာရေးက ဘာသာရေးသီးသန့်နေ ဆိုတဲ့ မူဝါဒကို ကျင့်သုံးနေတဲ့သဘောရှိတယ်။ ခေါ်ပြီးတော့ တွေ့ဆုံတာမျိုးတွေ မရှိဘူး။ အဲဒီတော့ ကက်သလစ် အသင်းတော်ရဲ့အသံတွေကို အစိုးရက ကြားချင်မှ ကြားမှာပါ။ ဒါပေမယ့် အခုတော့ လွှွတ်တော်ထဲက ကက်သလစ်လွှတ်တော်အမတ်တွေကို ဖိတ်ခေါ်ပြီး တော့ တွေ့ဆုံဖို့ စီစဉ်နေပါတယ်။
မေး။    ။ မြန်မာနိုင်ငံမှာ ဗာတီကန်သံရုံးဖွင့်ဖို့အစီအစဉ် ရှိသလား၊ အဲဒီလိုဖွင့်ဖို့ အစိုးရနဲ့ ဗာတီကန်အကြား မှာ ဘယ်သူက စပြီးလုပ်သင့်သလဲ။
ဖြေ။    ။ တကယ်တော့ မြန်မာနိုင်ငံမှာ ဗာတီကန်သံရုံး ဖွင့်ဖို့ဆိုပြီး နှစ် ၂၀၀၀ တုန်းက စစ်အစိုးရလက် ထဲမှာ ဗာတီကန်ဖက်ကနေ စပြီးလုပ်သေးတယ်။ ဒါပေမယ့် စစ်အစိုးရက အစဉ်သင့်မရှိသေးဘူး ဆိုပြီး ပြန်ပြောတာ နဲ့ မဖွင့်ဖြစ်ခဲ့တာပါ။ ပုပ်ရဟန်းမင်းကြီးအနေနဲ့က နိုင်ငံတစ်ခုမှာ ဗာတီကန်သံရုံး ဖွင့်တော့မယ်ဆိုရင် အဲဒီ နိုင်ငံရဲ့အစိုးရဆီကနေ ကတိ (၃)ချက် တောင်းပါတယ်။ အဲဒါတွေကတော့ ကက်သလစ်ဘာသာဝင်တွေ လွတ် လပ်စွာ ဘုရားဝတ်ပြုခွင့်ရှိဖို့၊ နိုင်ငံသားတွေအနေနဲ့ အခြေခံလူ့အခွင့် အရေးတွေ ရရှိဖို့၊ ဘာသာရေးလွတ် လပ်ခွင့်ပေးဖို့ဆိုတာတွေကို အာမခံချက်တောင်းပါ တယ်။ နောက် ပြီးတော့ ဗာတီကန်သံရုံးဖွင့်ဖို့က ကက် သလစ်ဆရာတော်များအဖွဲ့ချုပ်ရဲ့ ထောက်ခံမှုနဲ့ တောင်းဆိုမှုလဲ လိုအပ်ပါတယ်။
မေး။    ။ စာဖတ်ပရိသတ်တွေကို နောက်ဆုံးအနေနဲ့ ဘာများမှာချင်လဲ၊ ကိုယ်တော်။
ဖြေ။    ။ နိုင်ငံရေး ပြောင်းလဲခါစမှာ ပြည်သူတွေအနေနဲ့ မိမိတို့ရဲ့ တိုင်းပြည်အတွက် ဘာတာဝန်တွေရှိသ လဲဆို တာကို ဦးစားပေးအလုပ်လုပ်ကြဖို့ တိုက်တွန်းလိုပါ တယ်။
ဂလိုရီယာသတင်းဂျာနယ်။ အခုလိုအချိန်ပေးပြီး တွေ့ဆုံ မေးမြန်းခွင့်ပေးတော်မူတဲ့အတွက် ပါပါကြီးကို အထူး ကျေးဇူးတင်ရှိပါတယ်။ ဝင်းလှိုင်ဦး

1951  Views
Previous: ဂျာမနီနိုင်ငံက ပြည်တွင်းစစ်နဲ့ရုရှားနိုင်ငံတို့၏ တိုက်ခိုက်မှုကို ခံနေရသော ယူကရိန်းနိုင်ငံအား ချေးငွေ ယူရို သန်း ၄၀၀ ပေးအပ်
Next: မျိူးစောင့်ဥပဒေကို သေချာစဉ်းစားပြီးမှ လုပ်သင့်ကြောင်း ကက်သလစ်ဆရာတော်ကြီး ပေါလ်ဇိန်ထုန်းဂရောင် မိန့်ကြားတော်မူ