ကက်သလစ်ဆရာတော်ကြီးများ၏ လုပ်ငန်းတာဝန်နှင့်ဆိုင်သော အသက်ကန့်သတ်ချက်ဥပဒေကို ရဟန်းမင်းကြီးက ပြင်ဆင်လိုက်ပြီ

ဗာတီကန်၊ ဖေဖော်ဝါရီလ ၁၅၊ CNA
ရဟန်းမင်းကြီးဖရန်စစ် အရှင်သူ မြတ်သည် ကက်သလစ် ဆရာတော်ကြီးများ နှင့်ဗာတီကန်နန်းတော်ရှိ အရာရှိဝန် ထမ်းများ၏  တာဝန်ထမ်းဆောင်နိုင်သော အသက် ကန့်သတ်ချက် ကာနွန်ဥပဒေကို ဖေဖော်ဝါရီလ (၁၂) ရက်နေ့က ပြင်ဆင်တော်မူလိုက်ပြီဖြစ်ကြောင်း  သတင်းရရှိပါသည်။

၎င်းဥပဒေအား ပြင်ဆင်ခြင်းနှင့် စပ်လျဉ်းပြီး အရှင်သူမြတ်က““သင်၏ တာဝန်မှထွက်ခွာခြင်းကို သင်ယူပါ” ဟု အမည်ရသောညွှန်ကြားချက်ထဲတွင်  ဗာတီကန်နိုင်ငံ၏ဝန်ထမ်းများ (ဗာတီကန် နန်းတော်အတွင်းရှိ ကာဒီနယ်များ၊ ဆရာတော်များ၊ အမှုထမ်းအရာထမ်းများ၊  ဗာတီကန် သံတမန်များ) နှင့် တကမ်္ဘာလုံးရှိ ကက်သလစ်ဆရာတော်ကြီးများသည် အသက် (၇၅) နှစ်ပြည့်လျှင်တာဝန်မှ  အနားယူခွင့် ပြုပါဟူသောစာကို ရဟန်းမင်းကြီးထံ တင်ကြရမည်ဖြစ်သော်လည်း ရဟန်းမင်းကြီးက သူတို့၏တင်ပြစာအား အတည်ပြုပေးခြင်း သို့မဟုတ် ဆက်လက်တာဝန်  ထမ်းဆောင်စေခွင့်ရှိသည်”” ဟု ရေးသား ထားတော်မူသည်။

ဤညွှန်ကြားစာ မထွက်ခင်အထိ ကက်သလစ် အသင်းတော်၏ ကာနွန် ဥပဒေက ဗာတီကန်နိုင်ငံ၏ ဝန်ထမ်းများ  (ဗာတီကန်နန်းတော်အတွင်းရှိ ကာဒီနယ်များ၊ ဆရာ တော်များ၊ အမှုထမ်းအရာထမ်းများ၊ ဗာတီကန် သံတမန်များ) နှင့် တကမ်္ဘာလုံးရှိ  ကက်သလစ် ဆရာတော်ကြီးများသည် အသက် (၇၅) နှစ်ပြည့် လျှင် တာဝန်မှ အနားယူ ခွင့်ပြုပါဟူသောစာကို ရဟန်းမင်းကြီးထံတင်ကြရပြီး အငြိမ်းစားယူကြရသည်။ သို့သော် ရဟန်းမင်းကြီးများသည် အသက် (၇၅) နှစ် ပြည့်ကြသော ဗာတီကန်သံတမန်တချို့များကိုမူ  ချက်ချင်း အငြိမ်း စားယူခွင့်မပြုဘဲ အသက် (၈၀) နှစ် အထိ ထမ်းဆောင်စေခြင်းများ ပြုလုပ်ခဲ့ကြသည် ဟုသိရှိရသည်။

အရှင်သူမြတ်က ““သင်၏ တာဝန် မှ ထွက်ခွာခြင်းကိုသင်ယူပါ”” ဟု အမည် ရသောညွှန်ကြားချက်အသစ်ထဲတွင်မူ  ““ရက် ရောသော တာဝန်လုပ်ဆောင်မှုနှင့်  တကမ်္ဘာလုံးရှိဆရာပိုင်သာသနာများစွာ  သို့မဟုတ် ဗာတီကန်နန်းတောထဲတွင်  တာဝန်ထမ်းဆောင်နေကြသော မြောက်များစွာသောဆရာတော်ကြီးများ၏  အတွေ့အကြုံတို့ကြောင့် ဤညွှန်ကြားချက်  အသစ်သည် ထွက်ပေါ်ရသောအကြောင်းရင်း ဖြစ်သည်ဟု မီးမောင်းထိုးပြတော်မူသည်။

၎င်းညွှန်ကြားချက်ထဲတွင် ရဟန်းမင်းကြီးက  စပ်ကူးမပ်ကူးကာလဖြစ် အနားယူခွင့်ပြုသည်ဖြစ်စေ၊ မပြုသည်ဖြစ်စေ၊ အနားယူခြင်းကို  လိုလိုလားလား လက်ခံနိုင်သောအတွင်းရှိ  စိတ်နေစိတ်ထားသည်ရှိထားရန်လိုအပ်ပြီး  အနားယူသွားသူသည် မိမိ၏တာဝန်များ ပြီးဆုံးဖြစ်သော်လည်း လိုအပ်ချက်အပေါ်မူတည်ပြီ မိမိ၏အငြိမ်းစားဘဝထဲမှာလည်း  ဆက်လက်သာသနာပြုနေရန်  မိမိ၏အတွင်းစိတ်ကို ပြင်ဆင်ထားကြရမည်””  ဟု တိုက်တွန်း ထားတော်မူသည်။

ရဟန်းမင်းကြီးက ဗာတီကန် နန်းတော်ထဲတွင်  တာဝန်ထမ်းဆောင်ကြပြီး  အသက် (၇၅) နှစ်ကျော်ပြီဖြစ်သော  ဆရာတော်များ၏တာဝန်ကို ဘာကြောင့် ဆက်လက် တာဝန်ထမ်းဆောင်ရန်  ဆရာတော်ကြီးများအား ခွင့်ပြုထားပါသနည်းဟူသော  အကြောင်းရင်းကို ဥပမာဖြင့်လည်းဖော်ပြပေးထားတော်မူသည်။

ရဟန်း မင်းကြီးက ၎င်းအကြောင်း ရင်းများထဲတွင်  အရေးကြီးသော စီမံချက်များကို လုံလောက်စွာ ပြီးမြောက် လုပ်ဆောင် ရန်နှင့် ဆက်လက်လုပ်ဆောင်ခြင်း ၏အရေး ကြီးခြင်း၊ ဗာတီကန်နန်းတော် အတွင်းရှိ  စပ်ကူးမပ်ကူးကာလတွင်း ဝန်ကြီးဌာနများတွင် ခေါင်းဆောင်များကိုအပြောင်းအလဲလုပ်ခြင်းနှင့် စပ်လျဉ်းသောအခက်အခဲများ၊ ဗာတီကန် နန်းတော်ကနေ ချမှတ်လာသော လုပ်ထုံးလုပ် နည်းသစ်များ  သို့မဟုတ်ညွှန်ကြား ချက်သစ်များကို အသုံးပြုတဲ့နေရာလူတစ်ယောက်ရဲ့ကြိုးစား လုပ်ဆောင် နေခြင်းတို့လည်း ပါဝင်သည်ဟု ရှင်းပြတော်မူသည်။

ဆက်လက်ပြီး၊ ““တက်ကြွသော တာဝန်ထမ်း ဆောင်ခြင်းမှ အငြိမ်းစား ဘဝသို့ရောက် ရှိခြင်း အပြောင်း အလဲသည် မိမိတို့၏ အတွင်းစိတ်ကို ပြင်ဆင်ထားရန် လိုအပ် ကြောင်း၊ မိမိ၏အာဏာလွန်ချင်သော စိတ်ကို ချွတ်ခွာခြင်း သို့မဟုတ် တခြားသူများအပေါ်မှာ မှီခိုလိုစိတ်ကို ချွတ်ခွာရန် လိုအပ်လာသည်။  ထိုကဲ့သို့သော ကြိုတင်ပြင်ဆင်ခြင်းသည်  နာကျင်မှု နှင့်ပဋိပက်္ခတို့အစား မိမိဘဝ၏  အပြောင်းအလဲ ချို့အကွေ့အား ငြိမ်းချမ်းပြီး  မိမိကိုယ်ကိုယုံကြည်စိတ်ချရခြင်းတို့ကို ရရှိစေနိုင်မည်ဖြစ်သည်”” ဟု အရှင်သူမြတ်က တိုက်တွန်းတော်မူသည်။  ““အဖြစ်နိုင်ဆုံးကတော့ အနားယူသွားရသော ဘဝသစ်ကို ပြန်လည် စတင်ရချိန်တွင် ခြိုးခြံချွေ တာရခြင်း၊ နှိမ့်ချစွာ နေထိုင်ရခြင်း၊  ဆုတောင်း ရခြင်းနှင့် စာဖတ်ချိန်နှင့် ရိုးရှင်းသော  သာသနာပြု လုပ်ငန်း များကိုလည်း  လုပ်ဆောင်ရန် အချိန် သတ်မှတ် ရမည်ဖြစ်ကြောင်း၊  မှတ်ထားရ မည့်အချက်တစ်ခုကား၊  ဆုတောင်းမေတ်္တာ ဆိုခြင်းသည် အငြိမ်းစား ဘဝကို မည်ကဲ့သို့ ဖြတ်သန်း ရမည်ဟူသော  နည်းလမ်းများကို တွေ့ရှိစေ မည်ဖြစ်သည်”” ဟု  ရ ဟန်းမင်းကြီးက ဆက်လက်ညွှန်ကြားတော်မူသည်။  ရဟန်း မင်းကြီးက ““တဖက်တွင်လည်း  ဆရာတော် ၏ အသက် (၇၅) နှစ်ပြီးပြီး အနားယူခွင့် တင်ပြစာကို ရဟန်း မင်းကြီးက လက်မခံခဲ့လျှင်လည်း ၎င်းဆရာတော်သည် သူ၏တာဝန်များကို ပိုမိုကြာရှည်စွာလုပ်ဆောင်နိုင်သောကြောင့်  သူ၏ပုဂ်္ဂလလိုလားချက်များနှင့် စီမံချက်များကို  ရက်ရောစွာ စွန့်လွှတ်ရန်လိုအပ်သည်။  သို့သော် ရဟန်းမင်းကြီးက သူ့အား  ဆက်လက်တာဝန်ထမ်းဆောင်စေခြင်းကိုလည်း အထူးမျက်နှာသာအခွင့်အရေးအဖြစ်  မရှုမြင်ဘဲ ၎င်းဆရာတော်၏  သာသနာအပေါ် ထမ်းဆောင် ခဲ့သော လုပ်ငန်းများ အတွက် ကျေးဇူးဆပ်ခြင်း အဖြစ် လက်ခံရမည်”” ဟုလည်း သတိပေး ထားတော်မူ သည်။  နောက်ဆုံးအနေဖြင့် ရဟန်းမင်းကြီးက ““အသက် (၇၅) နှစ်ပြည့်သော ဆရာတော်အား အငြိမ်းစားမယူခိုင်းဘဲ ဆက်လက် တာဝန် ထမ်းဆောင် စေခြင်းသည် အသင်း တော်၏  လိုအပ်ချက် အပေါ် မူတည်ပြီး ဆုံးဖြတ် ချက် ပြုလုပ်မည်ဖြစ်ပြီး အလိုအလျောက် လုပ်ဆောင်ခြင်း မဟုတ်ဘဲ အုပ်ချုပ်ရေး ဆိုင်ရာလုပ်ဆောင်ခြင်းသာ ဖြစ် သည်”” ဟုလည်း အကျင့်တဝင့်  ရှင်းပြရေးထားတော်မူသည်။
ကုန်ဇမှုန်း

1263  Views
Previous: ပါလက်စတိုင်းအစိုးရက ဂျေရုစလင်မြို့အား ပါလက်စတိုင်းနယ်မြေထဲတွင် ထည့်နိုင်ရေး ဗာတီကန်အစိုးရအား အကူအညီတောင်းခံ
Next: လုဒ်မြို့တွင် ထင်ရှားပြတော်မူခဲ့သော မယ်တော် သခင်မ (မေရီ) က မသန်စွမ်းသော သီလရှင် ဘဲနဒေးတေ မိုရီအိုဟာ၏ရောဂါကိုပျောက်ကင်းစေ