“ကက်သလစ်သာသနာတော်တွင် Dogma ယုံကြည်ရာအချက်ပေါင်း ၂၅၅ ခုရှိသည်” ဟု ဘုန်းတော်ကြီး ဒေါက်တာ ဒေါမိနစ်သက်တင် မိန့်ကြားတော်မူ (ဒုတိယပိုင်း)

ဂလိုရီယာသတင်းဂျာနယ်မှ တတိယအကြိမ် ဦးဆောင်ကျင်းပသော ကက်သလစ်သာသနာတော်၏ ယုံကြည်ရာအချက်များ (Catholic Dogmatic Forum) ဆိုင်ရာ ဟောပြောပွဲ (စိန်မေရီ၊ ရန်ကုန်)

ဂလိုရီယာသတင်းဂျာနယ်တိုက်မှ မတ်လ (၂၀) ရက်နေ့၌ တတိယအကြိမ်အဖြစ်ဦးဆောင်ကျင်းပသော “ကက်သလစ်သာသနာတော်၏ ယုံကြည်ရာအချက်များဆိုင်ရာ ဟောပြော ဆွေးနွေးပွဲ”၌ ဟောပြောဆွေးနွေးပေးတော်မူသောရန်ကုန်မြို့တော်ရှိ စိန်မေရီကာသီဒြယ်   ကျောင်းထိုင်ဘုန်းတော်ကြီး ဒေါက်တာဒေါမိနစ်သက်တင်က “ကက်သလစ်သာသနာတော်တွင် ယုံကြည်ခြင်းအချုပ်သည် (၁၂) ချက်သာရှိသော်လည်း ၎င်း (၁၂) ချက်အောက်တွင် ယုံကြည်ရာအချက်ပေါင်း ၂၅၅ ချက်နှင့် ယုံကြည်ရာအချက်အဆင့်သို့ မရောက်သေးသော အမှန်တရားအပေါင်း (၁၀၂) ခု ရှိသည်” ဟု  မိန့်ကြားတော်မူလိုက်သည်။

(၂၀၁၆ ခုနှစ် မေလထုတ် ဂလိုရီယာသတင်းဂျာနယ်တွင် ဖော်ပြထားသော ကက်သလစ်သာသနာတော်၏ ယုံကြည်ရာအချက် (၂၅၅) ချက်များထဲမှ ကျန်နေသေးသောအချက်များ၏ အဆက် (၂) ကို အောက်တွင် ဖော်ပြပေးထားပါသည်။)

အဆက် (၂)
၁၀၄။ မယ်တော်မာရီယားသည် လူသား၏ပူးပေါင်းဆောင်ရွက်ခြင်းမရှိဘဲ သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် သနေ်္ဓစွဲတော်မူသည်။
၁၀၅။ မယ်တော်မာရီယားသည် သူမ၏ အပျိုစင်တည်ကြည်ခြင်းကို ချိုးဖောက်ခြင်းမရှိဘဲ သူမ၏သားတော်ယေဇူးကို သနေ်္ဓတည်တော်မူသည်။
၁၀၆။ ယေဇူးခရစ်တော်ကိုမွေးဖွားပြီးနောက် မယ်တော်မာရီယားသည် အပျိုစင်အဖြစ် ဆက်လက်တည်ရှိတော်မူသည်။
၁၀၇။ မယ်တော်မာရီယားသည် ခရစ်တော်ယေဇူးကို မမွေးဖွားခင် မွေးဖွားစဉ်ကာလနှင့် မွေးဖွားပြီးနောက်ပိုင်းတွင်လည်း အမြဲအပျိုစင်အဖြစ် ရှိတော်မူသည်။
၁၀၈။ မယ်တော်မာရီယားသည် မိုးကောင်းကင်သို့ ခန်္ဓာနှင့် ဝိညာဉ်နှစ်ပါးတို့ဖြင့် ပင့်ဆောင်ခြင်း ခံရတော်မူသည်။
၁၀၉။ လူ့ဝိညာဉ်၏ စွမ်းရည်များထဲတွင် ဘုရားသခင်၏ သဘာဝလွန်ကြားဝင်ဆောင်ရွက်ချက်သည် လူ၏လွတ်လပ်သော စိတ်၏လုပ်ဆောင်ချက်မတိုင်မှီ အရင်လက်ဦးတော်မူသည်။
၁၁၀။ လူ့ဝိညာဉ်၏ စွမ်းရည်များထဲတွင် ဘုရားသခင်၏ သဘာဝလွန်ကြားဝင်ဆောင်ရွက်ချက်သည် လွတ်လပ်သော လူ့စိတ်၏လုပ်ဆောင်ချက်နှင့် တိုက်ဆိုင်တော်မူသည်။
၁၁၁။ ကျန်းမာစေသော ပြုမူချက်တိုင်းတွင် ဘုရားသခင်၏ အတွင်းကျပြီး သဘာဝထက်လွန်ကဲသော ကျေးဇူးတော်သည် လုံးလုံးလျားလျား လိုအပ်တော်မူသည်။
၁၁၂။ အတွင်းကျပြီး သဘာဝထက်လွန်ကဲသော ကျေးဇူးတော်သည် ယုံကြည်ခြင်းနှင့် ကယ်တင်ခြင်းတို့၏အစအတွက် လုံးဝလိုအပ်နေသည်။
၁၁၃။ ဘုရားသခင်၏ ထူးခြားသောအကူအညီမပါဘဲ ဖြောင့်မတ်သောလူသားသည် အမှန်တရား၌ အဆုံးတိုင် မတည်ကြည်နိုင်ပေ။
၁၁၄။ ဖြောင့်မတ်မှန်ကန်သောပုဂ်္ဂိုလ်သည် မြတ်စွာဘုရားသခင်၏ ကျေးဇူးတော်ဆိုင်ရာ အထူးအခွင့်အရေးမပါဘဲ သေးငယ်သောအပြစ်ကိုပင် တစ်သက်လုံး မပြုလုပ်မိဘဲမနေနိုင်ပေ။
၁၁၅။ ပုထုဇဉ်လူသားသည် အပြစ်ရှိသောအခြေအနေတွင်ပင် မိမိ၏သဘာဝအသိညဏ်စွမ်းရည်ဖြင့် ဘာသာတရားနှင့် ကိုယ်ကျင့်တရားဆိုင်ရာ အမှန်တရားများကို သိရှိနိုင်သည်။
၁၁၆။ ကောင်းမွန်သောအပြုအမှုတစ်ခုကို လုပ်ဆောင်ရန်အလို့ငှာ ဖြောင့်မတ်ခြင်းကျေးဇူးတော်သည် မလိုအပ်ပေ။
၁၁၇။ အပြစ်ထဲသို့ ကျရောက်ခဲ့သော လူ့ဇာတိကြောင့် မြတ်စွာဘုရားသခင်၏ ဗျာဒိတ်တော်မပါလျှင် လူသားသည် သဘာဝတရားက ချမှတ်ထားသော ဘာသာရေးနှင့် ကိုယ်ကျင့်တရားဆိုင်ရာ       အမှန်တရားများကို မှားယွင်းမှုကင်းစင်လျက် တိကျသေချာစွာ သိရှိရန်မဖြစ်နိုင်ပေ။
၁၁၈။ ကျေးဇူးတော်သည် သဘာဝနှင့် ဆိုင်သော လုပ်ဆောင်ချက်များ၏ ထိုက်တန်ခြင်း သို့မဟုတ် သင့်လျော်ခြင်းတို့မှ မရရှိနိုင်ပေ။
၁၁၉။ မြတ်စွာဘုရားသခင်သည် ဖြောင့်မတ်သောလူသားအားလုံးတို့အား ဘုရားရှင်မြတ်၏ပညတ်တော် (၁၀) ပါးကို လိုက်နာကျင့်ကြံနိုင်ရန်အတွက် လုံလောက်သောကျေးဇူးတော် ပေးသနားတော်မူသည်။
၁၂၀။ မြတ်စွာဘုရားသခင်သည် အရှင်မြတ်၏ ထာဝရတည်ကြည်သော အလိုတော်အားဖြင့် လူသားတချို့ကို ထာဝရသုခဘုံအတွက် ကြိုတင်စီမံထားပေးတော်မူသည်။
၁၂၁။  မြတ်စွာဘုရားသခင်သည် အရှင်မြတ်၏ ထာဝရတည်ကြည်သော အလိုတော်အားဖြင့် လူသားတချို့အား မိမိတို့၏ ကြိုတင်မြင်နိုင်သောအပြစ်များကို ထာဝရငြင်းပယ်နိုင်ရန် ကြိုတင်စီမံပေးထား       တော်မူသည်။
၁၂၂။ ပုထုဇဉ်လူသားတို့၏ ဆန်္ဒသည် ခုခံတွန်းလှန်၍မရနိုင်သော ပြည့်စုံစေသောကျေးဇူးတော်၏ လွှမ်းမိုးခြင်းအောက်တွင် လွတ်လပ်စွာတည်ရှိနေသည်။
၁၂၃။ အမှန်တကယ်လုံလောက်သော ကျေးဇူးတော်ပင်ဖြစ်သော်လည်း မပြည့်စုံခြင်းအဆင့်တွင် တည်ရှိနေသည်။
၁၂၄။ အပြစ်ရှိသူသည် မိမိအတွက် ခိုင်လုံစေသောကျေးဇူးတော်ကို လက်ခံရန်အလို့ငှာ စစ်မှန်သောကျေးဇူးတော်၏အကူအညီဖြင့် မိမိကိုယ်ကို ပြင်ဆင်နိုင်သကဲ့သို့ ပြင်ဆင်ရန်လည်း ဝတ်္တရားရှိလေသည်။
၁၂၅။ အရွယ်ရောက်ကြောင်းကို သက်သေပြုထောက်ခံခြင်းသည် ယုံကြည်ခြင်းမပါလျှင် မဖြစ်နိုင်ပေ။
၁၂၆။ ယုံကြည်ခြင်းအပြင် လက်တွေ့ကျင့်ကြံရန်အစီအစဉ်သည်လည်း ရှိရမည်ဖြစ်သည်။
၁၂၇။ သန့်ရှင်းစင်ကြယ်ခြင်းကျေးဇူးတော်သည် ဝိညာဉ်ကို ဖြုစင်စေတော်မူသည်။
၁၂၈။ သန့်ရှင်းစင်ကြယ်ခြင်းကျေးဇူးတော်သည် ဖြောင့်မတ်သောလူသားကို မြတ်စွာဘုရားသခင်၏ မိတ်ဆွေ ဖြစ်စေတော်မူသည်။
၁၂၉။ သန့်ရှင်းစင်ကြယ်ခြင်းကျေးဇူးတော်သည် ဖြောင့်မတ်သောလူသားကို မြတ်စွာဘုရားသခင်၏ သား (သမီး) ဖြစ်စေတော်မူသည့်အပြင် ၎င်းလူသားအား ကောင်းကင်နိုင်ငံတော်၏အမွေတော်ကို       တောင်းဆိုခွင့် ပေးတော်မူသည်။
၁၃၀။ ဓမ်္မသဂြိုလ်ဆိုင်ရာ (သို့မဟုတ်) ဘုရားသခင်နှင့် ဆိုင်သောပါရမီသုံးပါး (ယုံကြည်ခြင်း၊ မျှော်လင့်ခြင်း၊ ချစ်လေးမြတ်ခြင်း) တို့သည် သန့်ရှင်းစင်ကြယ်ခြင်းကျေးဇူးတော်နှင့် ရောယှက်ထားသည်။
၁၃၁။ မြတ်စွာဘုရားသခင်၏ ထူးခြားသောဗျာဒိတ်တော်မပါလျှင် အကယ်၍ သူသည် ကျေးဇူးတော်၏အခြေအနေတွင်ရှိနေလျှင် မည်သူကမျှယုံကြည်ခြင်း၏ တိကျမှန်ကန်ခြင်း သိရှိနိုင်မည်မဟုတ်ပေ။
၁၃၂။ ဖြောင့်မတ်ခြင်းကျေးဇူးတော်၏ အတိုင်းအတာသည် ဖြောင့်မတ်သူတို့၏ဘဝထဲတွင် ထပ်တူမဟုတ်ချေ။
၁၃၃။ ကောင်းမြတ်သော အလုပ်များကိုလုပ်ဆောင်ခြင်းဖြင့် ကျေးဇူးတော်ကို တိုးပွားစေနိုင်သည်။
၁၃၄။ ကျွန်ုပ်တို့သည် မိမိတို့အား ဖြောင့်မတ်စေသောကျေးဇူးတော်ကို ပျောက်ဆုံးစေနိုင်သကဲ့သို့ အပြစ်ကြီးကို ကျူးလွန်ခြင်းကြောင့် ၎င်းကျေးဇူးတော်သည် ပျောက်ဆုံးသွားသည်။
၁၃၅။ ဖြောင့်မတ်သောသူသည် မိမိ၏ကောင်းမြတ်သောဒါနလုပ်ရပ်ကြောင့် မြတ်စွာဘုရားသခင်ထံတော်မှ သဘာဝထက်လွန်ကဲသော ဆုလဒ်တော်ကို ရရှိခွင့်ရှိသည်။
၁၃၆။ ဖြောင့်မတ်သောလူသားသည် ကုသိုလ်လုပ်ရပ်တစ်ခုပြုတိုင်း မိမိအတွက် သန့်ရှင်းဖြူစင်ခြင်းကျေးဇူးတော်၏ တိုးပွားမှုကိုအကျိုးခံစားရပြီး အပြစ်ကြီးမရှိသော အခြေအနေတွင် သေဆုံးခဲ့လျှင်မူ       ထာဝရအသက်တာကိုရရှိကာ ကောင်းကင်နိုင်ငံတော်နှင့်ဆိုင်သော ဘုန်းဂုဏ်တော်၏ တိုးပွားမှုကိုလည်း ခံစားရသည်။
၁၃၇။ ကက်သလစ်သာသနာတော်သည် ဘုရားအဖြစ်လူ့အဖြစ်ကိုယူတော်မူသော ယေဇူးခရစ်တော်မြတ်က စတင်ထူထောင်တော်မူခဲ့သည်။
၁၃၈။ ကျွန်ုပ်တို့၏ကယ်တင်ရှင်သည် မိမိအရှင်မြတ်ကိုယ်ကိုပင် မိမိကိုယ်တိုင်တည်ထောင်တော်မူခဲ့သော ကက်သလစ်သာသနာတော်ကို ဘုရား၏တန်ခိုးတော်အားဖြင့် ထိန်းသိမ်းကာကွယ်တော်မူသည်။
၁၃၉။ ယေဇူးခရစ်တော်အရှင်မြတ်သည် အရှင်မြတ်၏ခန်္ဓာတော်ဖြစ်တော်မူသော အသင်းတော်၏ ကယ်တင်ရှင်ဘုရားဖြစ်တော်မူသည်။
၁၄၀။ ယေဇူးခရစ်တော်အရှင်မြတ်သည် အရှင်မြတ်၏ကယ်တင်ခြင်းလုပ်ငန်းကို အချိန်ပြည့်ဆက်လက်လုပ်ဆောင်ရန်အလို့ငှာ ကက်သလစ်သာသနာတော်ကို ထူထောင်တော်မူခဲ့သည်။
၁၄၁။ ယေဇူးခရစ်တော်အရှင်မြတ်သည် အရှင်မြတ်၏အသင်းတော် (သာသနာတော်) အား အဆင့်ဆင့်အုပ်ချုပ်ရသော ဖွဲ့စည်းပုံကို ပေးအပ်တော်မူခဲ့သည်။
၁၄၂။ တမန်တော်ကြီးများအပေါ်တွင် အပ်နှင်းတော်မူခဲ့သော လုပ်ပိုင်ခွင့်အာဏာများသည် ဆရာတော်ကြီးများထံသို့ ဆက်လက်ဆင်းသက်လာသည်။
၁၄၃။ ယေဇူးခရစ်တော်အရှင်မြတ်သည် တမန်တော်ကြီးပီတာ (ပေတရု) အား ချက်ချင်းနှင့် မိမိကိုယ်တော်တိုင် တရားစီရင်ဆုံးဖြတ်ခြင်း၏ အမြင့်ဆုံးဂိုဏ်းချုပ်အဖြစ် ခန့်အပ်တော်မူခြင်းအားဖြင့်        မိမိ၏တမန်တော်ကြီးများထဲတွင် ပထမဆုံးသော တမန်တော်အဖြစ်နှင့် ကက်သလစ်သာသနာတော်တစ်ခုလုံး၏ မြင်နိုင်သောဦးခေါင်းအဖြစ် ခန့်အပ်တော်မူသည်။
၁၄၄။ ခရစ်တော်ဘုရားမြတ်၏ စည်းမျဉ်းဥပဒေအရ ပီတာသည် တစ်ကမ်္ဘာလုံးရှိ ကက်သလစ်သာသနာတော်အပေါ် မိမိ၏ အမြင့်ဆုံးသောဂိုဏ်းချုပ် (သာသနာပိုင်ချုပ်) တာဝန်ထဲတွင် အချိန်ပြည့်       အရိုက်အရာကို ဆက်ခံသူများထားရှိရမည်ဖြစ်သည်။
၁၄၅။ ပီတာ၏ သာသနာပိုင်ချုပ်ရာထူးထဲတွင် ဆက်ခံသူများမှာ ရောမမြို့ရှိ ဆရာတော်များဖြစ်တော်မူကြသည်။
၁၄၆။ ရဟန်းမင်းကြီးသည် ယုံကြည်ခြင်းနှင့် ကိုယ်ကျင့်တရားဆိုင်ရာများတွင်သာမဟုတ်ဘဲ အသင်းတော်၏စည်းမျဉ်းဥပဒေများနှင့် အသင်းတော်အတွင်းရှိ အုပ်ချုပ်မှုများတွင်လည်း ကက်သလစ်      အသင်းတော်တစ်ခုလုံးအပေါ် ပြည့်ဝပြီး အမြင့်ဆုံးသောတရား စီရင်ခွင့်အာဏာကို ပိုင်ဆိုင်ထားတော်မူသည်။
၁၄၇။ ရဟန်းမင်းကြီးသည် ရဟန်္တာပီတာ၏ ထိုင်ခုံပေါ်မှ သွန်သင်မိန့်ကြားလျှင် မမှားယွင်းနိုင်ပေ။
၁၄၈။ ကက်သလစ်ဆရာတော်ကြီးများသည် ဘုရားသခင်နှင့် ဆိုင်သော လုပ်ပိုင်ခွင့်အရ မိမိတို့အုပ်ချုပ်ရန်သတ်မှတ်ထားသော သာသနာများအပေါ်တွင် အုပ်ချုပ်ရမည့်အာဏာကို ပိုင်ဆိုင်ထားကြသည်။
၁၄၉။ ခရစ်တော်အရှင်မြတ်သည် ကက်သလစ်သာသနာတော်၏ ခေါင်းဆောင်ဖြစ်တော်မူသည်။
၁၅၀။ ယုံကြည်ခြင်းနှင့် ကိုယ်ကျင့်တရားဆိုင်ရာ အယူဝါဒသွန်သင်ချက်တို့၏ နောက်ဆုံးဆုံးဖြတ်ချက်ကို ချမှတ်ရာတွင်မူ ကက်သလစ်သာသနာတော်သည် မမှားယွင်းနိုင်ပေ။
၁၅၁။ မမှားယွင်းနိုင်ခြင်း၏ အဓိကအချက်သည်ကား ယုံကြည်ခြင်းနှင့် ကိုယ်ကျင့်တရားတို့နှင့်စပ်လျဉ်းပြီး ခရစ်ယာန်ယုံကြည်ခြင်း အယူဝါဒ၏ တရားဝင်ဖွင့်ဟတော်မူခဲ့သော အမှန်တရားများပင် ဖြစ်ကြပေသည်။
၁၅၂။ တကမ်္ဘာလုံးရှိ ကက်သလစ်ဆရာတော်ကြီးများအားလုံး၏ တစ်စုလုံးသည် ဓမ်္မညီလာခံကောင်စီတွင် စုရုံးခြင်းဖြင့်ဖြစ်စေ သို့မဟုတ် မိမိတို့သီတင်းသုံးရာ နေရာအသီးသီးတွင် ဖြန့်ကြဲနေစေ       ကာမူ ယုံကြည်ခြင်း သို့မဟုတ် ကိုယ်ကျင့်တရားနှင့် စပ်လျဉ်းသော သွန်သင်ချက်တစ်ခုကို တစ်ကမ်္ဘာလုံးရှိ ကက်သလစ်ခရစ်ယာန်ဘာသာဝင်များအားလုံးက လက်ခံယုံကြည် ကျင့်ကြံရန်       အဆိုပြုရာတွင် မမှားယွင်းနိုင်ပေ။
၁၅၃။ ယေဇူးအရှင်မြတ် တည်ထောင်တော်မူခဲ့သော ကက်သလစ်သာသနာတော်သည် တစ်ခုတည်းနှင့် ပြိုင်ဖက်ကင်းသည်။
၁၅၄။ ယေဇူးအရှင်မြတ် တည်ထောင်တော်မူခဲ့သော ကက်သလစ်သာသနာတော်သည် သန့်ရှင်းတော်မူသည်။
၁၅၅။ ယေဇူးအရှင်မြတ် တည်ထောင်တော်မူခဲ့သော ကက်သလစ်သာသနာတော်သည် တစ်ကမ်္ဘာလုံးနှင့် သက်ဆိုင်တော်မူသည်။
၁၅၆။ ယေဇူးအရှင်မြတ် တည်ထောင်တော်မူခဲ့သော ကက်သလစ်သာသနာတော်သည် တမန်တော်တို့မှ ဆင်းသက်လာတော်မူသည်။
၁၅၇။ ကက်သလစ်သာသနာတော်ထဲတွင် အသင်းသူ/သားအဖြစ် ဝင်ရောက်ခြင်းသည် လူသားအားလုံး၏ ကယ်တင်ခြင်းအတွက် မရှိမဖြစ် လိုအပ်လေသည်။
၁၅၈။ ကောင်းကင်ဘုံသို့ ရောက်ရှိတော်မူသွားကြသော ရဟန်္တာများကို ကြည်ညိုခြင်းနှင့် ရဟန်္တာများ၏ ကြားဝင်ဆုတောင်းပေးခြင်းကို ဖိတ်ခေါ်ခြင်းသည် အကျိုးရှိပြီး ခွင့်ပြုသင့်သောလုပ်ရပ်ဖြစ်ပေသည်။
၁၅၉။ ရဟန်္တာများ၏ ဓာတ်တော်မွေတော် (ရုပ်ကလပ်) များကို ကြည်ညိုခြင်းသည် အကျိုးရှိပြီး ခွင့်ပြုသင့်သော လုပ်ရပ်ဖြစ်ပေသည်။
၁၆၀။ ရဟန်္တာများ၏ ရုပ်ပုံကားချပ်များကို ကြည်ညိုခြင်းသည် အကျိုးရှိပြီး ခွင့်ပြုသင့်သောလုပ်ရပ်ဖြစ်ပေသည်။
၁၆၁။ လောကတွင် အသက်ရှင်နေကြသော ခရစ်ယာန်များသည် မိမိတို့၏ ကြားဝင်ဆုတောင်းပေးခြင်းကြောင့် ငရဲငယ်ထဲတွင် ရောက်ရှိနေသောဝိညာဉ်များအတွက် အကူအညီဖြစ်လာနိုင်ကြသည်။
၁၆၂။ ပဋိညာဉ်သစ်၏ စက်္ကရမင်းများတွင် ကျေးဇူးတော်ပါဝင်နေပြီး ၎င်းကျေးဇူးတော်ကို အဟန့်အတားမပြုသူများအပေါ်တွင် မိမိတို့နိမိတ်ပြထားပြီး သွန်းလောင်းပေးတော်မူသည်။
၁၆၃။ စက်္ကရမင်းများသည် ၎င်းစက်္ကရမင်းများကိုကျင်းပခြင်းအားဖြင့် ၎င်းစက်္ကရမင်းများနှင့် ပတ်သက်သော ကျေးဇူးတော်များကို ပေးကမ်းတော်မူသည်။
၁၆၄။ ပဋိညာဉ်သစ်၏ စက်္ကရမင်းများအားလုံးသည် ၎င်းစက်္ကရမင်းများကို လက်ခံရရှိသူများအပေါ်တွင် သန့်ရှင်းစင်ကြယ်ခြင်း ကျေးဇူးတော်ကိုပေးအပ်တော်မူသည်။
၁၆၅။ စက်္ကရမင်း (၃) ပါး ဖြစ်ကြသော ဆေးကြောခြင်း၊ ခရစမတ်အားပေးခြင်းနှင့် ရဟန်းသိက်္ခာခံယူခြင်းတို့သည် မပျောက်မပျက်နိုင်သော ဝိညာဉ်ရေးဆိုင်ရာအမှတ်တံဆိပ်ကို ရိုက်နှိပ်ပေးတော်       မူသောကြောင့် တစ်ခါသာ ခံယူခွင့်ရှိသည်။
၁၆၆။ စက်္ကရမင်းဆိုင်ရာအသွင်အပြင်သည် ဝိညာဉ်ပေါ်တွင် ရိုက်နှိပ်ထားသော ဝိညာဉ်ရေးဆိုင်ရာ အမှတ်တံဆိပ်ဖြစ်သည်။
၁၆၇။ စက်္ကရမင်းဆိုင်ရာအသွင်အပြင်သည် ၎င်းစက်္ကရမင်းကို လက်ခံရယူသူ၏ နောက်ဆုံးသေဆုံးချိန်အထိ ဆက်လက်တည်ရှိနေသည်။
၁၆၈။ ပဋိညာဉ်သစ်၏ စက်္ကရမင်းများအားလုံးသည် အရှင်မြတ်ယေဇူးဘုရားက တည်ထောင်ပေးတော်မူခဲ့သည်။
၁၆၉။ ဓမ်္မသစ်ကျမ်းစာထဲတွင် စက်္ကရမင်း (၇) ပါး ရှိလေသည်။
၁၇၀။ ပဋိညာဉ်သစ်၏ စက်္ကရမင်းများသည် ပုထုဇဉ်လူသားတို့၏ကယ်တင်ခြင်းအတွက် မရှိမဖြစ်လိုအပ်လေသည်။
၁၇၁။ စက်္ကရမင်းများကို အကျိုးရှိစွာကျင်းပနိုင်ရန်အတွက် ၎င်းစက်္ကရမင်းများကို ကျင်းပပြုလုပ်သူသည် စက်္ကရမင်းဆိုင်ရာအမှတ် လက်္ခဏာကို အကောင်းဆုံးပုံစံဖြင့် ပြုလုပ်ပြီးစီးရမည်ဖြစ်သည်။
၁၇၂။ စက်္ကရမင်းကို ကျင်းပပြုလုပ်သူသည် အသင်းတော်ပြုလုပ်သည့်အတိုင်း ပြုလုပ်သည်ဟူသော ရည်ရွယ်ချက်ကို အနည်းဆုံးရှိရမည်ဖြစ်သည်။
၁၇၃။ အရွယ်ရောက်သူများက စက်္ကရမင်းများကို လက်ခံရယူရာတွင် ၎င်းစက်္ကရမင်းများကို အကျိုးရှိစွာ လက်ခံနိုင်ရန်အတွက် ကိုယ်ကျင့်တရားဆိုင်ရာ ထိုက်တန်မှုသည် အထူးလိုအပ်ပေသည်။
၁၇၄။ ဆေးကြောခြင်းစက်္ကရမင်းသည် အရှင်မြတ်ခရစ်တော်ယေဇူးက အမှန်တကယ်ထူထောင်ခဲ့သောစက်္ကရမင်း ဖြစ်သည်နေသည်။

1444  Views
Previous: သင်မသိသေးသော ဗာတီကန်နိုင်ငံအကြောင်း (၁၀) ခု
Next: တောင်ကြီးဂိုဏ်းချုပ်သာသနာ စီမံအုပ်ချုပ်ဆရာတော်ကြီး ဘာစီလီအိုအားသိုက် အား တွေ့ဆုံမေးမြန်းခြင်း