ကက်သလစ်သာသနာတော်အနေဖြင့် ဒေါ်အောင်ဆန်းစုကြည်အစိုးရနှင့်လက်တွဲဆောင်ရွက်ရန် အသင့်ရှိနေပြီဟု ကာဒီနယ်ချားလ်စ်ဘိုက ထုတ်ပြန်

03-b

ရန်ကုန်၊ ဒီဇင်ဘာလ ၂၄

ရန်ကုန်ကက်သလစ်ကာဒီနယ်ချားလ်စ်ဘိုသည် ဒီဇင်ဘာလ ၂၅ ရက်နေ့တွင် ကျရောက်သော ခရစ်တော်ဘုရားမြတ်၏ မွေးနေ့ ပွဲတော်အတွက် မြန်မာနိုင်ငံသူ/သားများထံသို့ ပေးပို့သော ခရစ်စမတ်သဝဏ်လွှာ၌  မြန်မာပြည် ကက်သလစ်သာသနာတော်သည် တိုင်းပြည်၏ငြိမ်း ချမ်းရေးနှင့်တရားမျှတမှုတို့အတွက် ဒေါ်အောင်ဆန်းစုကြည်အစိုးရနှင့် လက်တွဲလုပ်ဆောင်ရန် အစဉ်သင့်ရှိကြောင်းဖြင့် ကမ်းလှမ်းတော်မူလိုက် သည်။

ထို့အပြင် ဆရာတော်ချားလ်စ်ဘို၏ သဝဏ်လွှာထဲတွင်မူ၊ ““နိုင်ငံရေးရွေးကောက်ပွဲကို ရှုံးနိမ့်ခြင်းအပေါ် သက်္ခာရှိရှိ လက်ခံပေးပြီး အနိုင်ရပါတီ ကို အသိအမှတ်ပြုကြတဲ့ ကြံ့ခိုင်ရေးပါတီဝင်များကိုလည်း သမိုင်းမှတ်ကျောက်တင် ခံရမည်ဖြစ်ကြောင်း၊ လွန်ခဲ့သော (၅) နှစ်အတွင်းက တိုင်းပြည်တိုးတက်ရေးအတွက် အများကြီးလုပ်ဆောင်ပေးခဲ့မှုအပေါ် အထူးကျေးဇူးတင်ကြောင်းဖြင့် ဖော်ပြထားသည်။

အနိုင်ရရှိသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကိုလည်း ဆရာတော်ကြီးက  ““အတိတ်ရဲ့အမှားအယွင်းတွေကို အခွင့်လွှတ်တတ်ခြင်း အားဖြင့် စိတ်နှလုံးကောင်း ရှိသူတွေဖြစ်ကြောင်းကို သက်သေပြပေးရန် တောင်းဆိုလိုက်ပြီး တပ်မတော်ကိုလည်း ဒီမိုကရေစီအသွင် ကူးပြောင်းမှုမှာ လက်တွဲလုပ်ဆောင်မှုအပေါ် ကျေးဇူးတင်ရှိပါကြောင်း”” ဖြင့် ထည့်သွင်းရေးသားထားသည်။ ၀၀၃ ဂျိုးဇက်

2622  Views
Previous: သနားကြင်နာခြင်းဂျူဗလီတံခါးကြီးကို ရဟန်းမင်းကြီး ဖရန်စစ်အရှင်သူမြတ်က ဖွင့်လှစ်တော်မူ
Next: ဂျိုးဇက်ပညာရေးကျောင်းမှ ပထမဆုံးအကြိမ် စာပေးစာယူထူးချွန်အောင်လက်မှတ် ပေးအပ်ပွဲ ကျင်းပပြုလုပ်