ကက်သလစ်သာသနာတော်၏ ငွေကြေးများကို စာရင်းအင်းများဖြင့် သေချာကိုင်တွယ် မည်ဟု ဗာတီကန်ဘဏ္ဍာရေးဥက္ကဌသစ် ကာဒီနယ်ဆရာတော် ဂျော့ပယ်လ်က မီးစိမ်းပြ

74-b
သြဂုတ်လ ၅ ရက်၊ ဗာတီကန်

ကက်သလစ်သာသနာတော်၏ အတိတ်က ငွေကြေးစီမံခန့်ခွဲမှုသည် မသေသပ်သော၊ မထိရောက်သော နည်းစနစ်ကို ကျင့်သုံး ခဲ့ကြောင်းဖြင့် ဗာတီကန်ဘဏ္ဍာရေးကော်မရှင်ဥက္ကဌ ဖြစ်တော်မူသော ကာဒီနယ် ဆရာတော်ကြီး ဂျော့ပယ်လ်က ဝေဖန်တော်မူ လိုက်သည်။ ဆက်လက်ပြီး ဆရာတော်ကြီးက ““ကက်သလစ်သာသနာတော်ရဲ့ ဘဏ္ဍာရေးစီမံခန့်ခွဲမှုကို စာရင်းအင်းများဖြင့် ကောင်းကောင်းထိန်းချုပ် ထားသော စီမံခန့်ခွဲမှုအဖြစ်သို့ ပြုပြင်ပြောင်းလဲသွားမည် ဟု ကြေညာတော်မူလိုက်သည်။ ရဟန်းမင်းကြီး က ဗာတီကန်ဘဏ်ကို ပြုပြင်မှုလုပ်ရာတွင် ၎င်းဆရာတော်ကြီးက ရဟန်းမင်းကြီးက ဦးဆောင်ပြီးပြု လုပ်နေသော သာသနာတော်၏ စီးပွားရေးဆိုင်ရာပြု ပြင်ပြောင်းလဲမှုများတွင် ဗာတီကန်နိုင်ငံ၏ဘဏ္ဍာရေး ကိုင်တွယ်မှုကို ပြုပြင်ပြောင်းလဲခြင်းလည်း ပါဝင်နေသည်ဟု မီးမောင်းထိုးပြတော်မူလိုက်သည်။

ဆရာတော်ကြီး ဂျော့က ““ရဟန်းမင်းကြီး ဖရန်စစ်အရှင်သူမြတ်က ကက်သလစ်သာသနာတော်ကို ဆင်းရဲသားများအတွက် ရပ်တည်ပေးတဲ့ဆင်းရဲတဲ့သာသနာတော် ဖြစ်စေချင်တယ်လို့ မိန့်ကြားခဲ့ပါတယ်။ ဒါပေမယ့် ဆင်းရဲတဲ့သာသနာလို့ ပြောတာက ကက်သလစ်သာသ နာတော်ဟာ ငွေမရှိတဲ့သာသနာ လို့ ပြောလိုတာမဟုတ်သလို စီမံခန့်ခွဲမှုညံ့ဖျင်းတဲ့သာသနာ၊ ခြစားမှုကို ခွင့်ပြုတဲ့ သာသနာ လို့ ပြောလိုတာမဟုတ်” ဟု ရှင်းပြတော်မူသည်။ ဆက်လက်ပြီး ဆရာတော်ကြီးက ““ကျွန်တော်တို့က စီမံခန့်ခွဲမှုအားလုံးကို နိုင်ငံတကာအဆင့်အတန်းနဲ့ကိုက်ညီအောင် အမြင့်ဆုံးအဆင့်မှာ ရှိနေအောင် လုပ်ဆောင်နေပါတယ်။ အခုကတော့ ဗာတီကန် နိုင်ငံရဲ့ဘဏ္ဍာရေးဟာ သမိုင်းဝင်ရလောက်အောင် အင်အားကောင်း နေပါပြီ။ နိုင်ငံတကာလုပ်ထုံးလုပ်နည်းနဲ့ ကိုက်ညီအောင် စနစ်တစ်ခုလုံးကို အသက် သွင်းနေပါပြီ”” ဟု သတင်းထောက်များအား ရှင်းပြတော်မူသည်။

ထို့အပြင် ကာဒီနယ်ဆရာတော်ကြီးက ““ပုံမှန် စာရင်းစစ်မယ်။ ဒီနှစ်မကုန်ခင်မှာ လွတ်လပ်တဲ့စာရင်း စစ်ချုပ်ကို ခန့်ပါမယ်။ အဲဒီစာရင်းစစ်ချုပ်က မိမိနှစ် သက်တဲ့လူနဲ့ဌာနကို ကြိုက်တဲ့အချိန်မှာ ကြိုက်သလို စာရင်းစစ်ခွင့် ပြုသွားမှာ ဖြစ်ပါတယ်။ အဲဒီလိုလုပ်သွားရင်တော့ လူတစ်ဦးက စီးပွားရေးတစ်ခုလုံးကို မိမိကြိုက်သလို လုပ်လို့ မရနိုင်တော့ကြောင်း၊ ဗာတီကန်မှာ ရှိနေကြတဲ့ ဌာနအားလုံးက ရ/သုံး မှန်းချေဘတ်ဂျက်စနစ်ကို ကျင့်သုံးကြရတော့မယ်။ ဘာဖြစ်လို့လဲဆိုတော့ သာသနာတော်ကို လှူဒါန်းကြတဲ့ အလှူရှင်တွေက မိမိတို့ရဲ့အလှူငွေကို စည်းကမ်းရှိရှိအကျိုးရှိရှိ အသုံးပြုတာကိုပဲ မြင်ချင်နေကြ ပါကြောင်း” ဖြင့် မိန့်ကြားတော်မူသည်။

ကာဒီနယ်ဆရာတော်ကြီး ဂျော့ပယ်လ်သည် သြစတြေးလျနိုင်ငံ၊ ဆစ်ဒနီမြို့၏ ဂိုဏ်းချုပ်ဆရာတော်ကြီး ဖြစ် ခဲ့ပြီးနောက် ရဟန်းမင်းကြီးဖရန်စစ်က သူ့အား ဗာတီကန်နိုင်ငံ၏စီးပွားရေးဥက္ကဌအဖြစ် ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီလက ခန့်အပ်တော်မူခဲ့သည်။ ထိုသို့ခန့်အပ်ခြင်းခံရပြီးနောက်၊ ဆရာတော်ကြီးသည် ပွင့်လင်းသောဘဏ္ဍာရေးရှင်းတမ်းများ၊ ငွေစာရင်းအဖွင့် အပိတ်များ နှင့်ကျွမ်း ကျင်သော ပြင်ပ ပညာရှင်များကို ခန့်အပ်တော်မူပြီး ဗာတီကန်နိုင်ငံ၏ဘဏ္ဍာရေးစနစ်တစ်ခုလုံးကို နိုင်ငံတကာစံနှုန်း များနှင့်ကိုက်ညီအောင် ပြုပြင်လုပ်ဆောင်နေ တော်မူသည်။ ဆရာတော်ကြီးက ကက်သလစ်သာ သနာတော်သည် ပြင်ပကမ္ဘာက ကောင်းမွန်သော အရာများကို လေ့လာသင်ယူစရာများ များစွာရှိသကဲ့ သို့ ပြင်ပကမ္ဘာကိုလည်း သွန်သင်စရာများစွာရှိနေသည်ဟု မှတ်ချက်ပြုတော်မူလိုက်သည်။ ၀၀၅ ဝင်းလှိုင်ဦး

1630  Views
Previous: ဆရာတော်ကြီး ချားလ်စ်ဘိုအား မြန်မာနိုင်ငံကက်သလစ် ဆရာတော်ကြီးများအဖွဲ့ချုပ်၏အထွေထွေဘဏ္ဍာရေးမှူးအဖြစ် ရွေးချယ်ခန့်အပ်ခြင်းခံရ
Next: ရဟန်းမင်းကြီးဖရန်စစ်က အီရတ်နိုင်ငံတွင် ညှင်းပန်းသတ်ဖြတ်ခြင်း ခံနေကြရသော လူနည်းစုများအရေးအတွက် မိမိကိုယ်စားလှယ်ကို ခန့်အပ်တော်မူ