ကက်သလစ်သာသနာတော်ထဲမှာ ဘာသာဝင်တွေကို သာသနာထဲကနေ ထုတ်ပယ်ခြင်း လုပ်တာမျိုးကို မကျင့်သုံးချင်တော့ဘူးလို့ရဟန်းမင်းကြီး ဖရန်စစ်အရှင်သူမြတ် မိန့်ကြားတော်မူ

ရဟန်းမင်းကြီး ဖရန်စစ်အရှင်သူမြတ်က “ ကျွန်တော်ရေးသားထုတ်ဝေခဲ့တဲ့ အချစ်ရဲ့ရွှင်လန်းမှု Amoris laetitia စာအုပ်မှာ ခွဲနေကြတဲ့လင်နဲ့မယား၊ ကွဲနေကြတဲ့လင်နဲ့မယားတွေကို ကက်သလစ်သာသနာတော်က အဖော်ပြုပေးရမယ်လို့ ရေးထားတဲ့အချက်ပေါ်မှာ ကျွန်တော့်ရဲ့ရေးသားချက်ကို၊ ကက်သလစ်သာသနာတော်ရဲ့ သွန်သင်ချက်နှင့်ဆန့်ကျင့်ခြင်းဆိုပြီးတော့ တချို့သော ကာဒီနယ်တွေဆရာတော်တွေနဲ့ရဟန်းတော် တွေဆီကနေ ဆန်ကျင့်တဲ့မုန်တိုင်းတွေ ထန်လာတာကို မှတ်မိမယ်ထင်ပါတယ်။ ဘုရားသခင်ကိုကျေးဇူးတင်တယ်၊ ဒီဆန့်ကျင်ပြောဆိုမှုတွေအပေါ်မှာ ဓမပညာရှင်ကြီး ကာဒီနယ်ဆရာတော်ကြီးစကောဘွန်းက ဝင်ရောက်ဖြေရှင်းပေးလိုက်ရလို့ ပြီးသွားတာဖြစ်ပါတယ်။

 

အမြဲတမ်း ရှုတ်ချခြင်း၊ ရှုတ်ချခြင်း၊ သူများကို ကက်သလစ်သာသနာတော်ကနေ ထုတ်ပယ်ခြင်းလုပ်တာမျိုးတွေဟာ တော်ပါပြီ။ ကက်သလစ်သာသနာတော်ထဲမှာ ဘာသာဝင်တွေကို သာသနာထဲကနေ ထုတ်ပယ်ခြင်း လုပ်တာမျိုးကို မကျင့်သုံးချင်တော့ဘူး။ သနားစရာကောင်းတဲ့လူတွေပါ။ ခွဲနေကြတဲ့လင်နဲ့မယား၊ ကွဲနေကြတဲ့လင်နဲ့မယားတွေဟာ ဘုရားသခင်ရဲ့သားသမီးတွေ ဖြစ်ကြပါတယ်။ ခွဲနေကြတဲ့လင်နဲ့မယား၊ ကွဲနေကြတဲ့လင်နဲ့မယားတွေဟာ ကက်သလစ်သာသနာထဲကနေ အပြင်မှာ ယာယီရောက်နေကြသူတွေပါ။ ခွဲနေကြတဲ့လင်နဲ့မယား၊ ကွဲနေကြတဲ့လင်နဲ့မယားတွေဟာ ဘုရားသခင်ရဲ့သားသမီးတွေ ဖြစ်ကြတာမို့၊ ကက်သလစ်သာသနာတော်ဆီကနေ နွေးထွေးမှု၊ အဖော်ပြုပေးမှုကို လိုချင်နေကြသလို တကယ်လည်း လိုအပ်နေကြသူတွေ ဖြစ်ကြပါတယ်။ ဘာသာရေးခေါင်းဆောင်တွေဟာ ဘုရားရဲ့စိတ်သဘောထားကို ဝတ်ဆင်ပြီးတော့ ဘာသာရေးလုပ်ငန်းကို လုပ်ဆောင်ကြရမှာ ဖြစ်ပါတယ်။” လို့ ကက်သလစ်ဆရာတော်ကြီးများနဲ့ရဟန်းများကို စက်တင်ဘာလ (၁၅) ရက်နေ့က ဆော်သြတိုက်တွန်းတော်မူလိုက်ပါတယ်။

 

မူရင်းဘာသာဖြစ်သော အင်္ဂလိပ်ဘာသာမှ မြန်မာဘာသာသို့ ဘာသာပြန်ဆိုသူမှာ ဂျိုးဇက်ကုန်ဇမှုန်း (ခ) ဝင်းလှိုင်ဦး ဖြစ်ပါသည်။

443  Views
Previous: ဟန်ဂေရီနှင့်ဆလိုဗက်ကီးယားနိုင်ငံများသို့လေးရက်တာခရီးအပြီး ရဟန်းမင်းကြီးဖရန်စစ်နှင့် တွေ့ဆုံမေးမြန်းခန်း
Next: ဒေါ်အောင်ဆန်းစုကြည်၏ သက်တော်စောင့် ဒုရဲအုပ်ချယ်ရီထက်အား ပုဒ်မ ၅၀၅- က ဖြင့် ဖမ်းဆီး