ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင်ရှိသော စစ်ဘေးဒုက္ခသည်များတွက် ကျပ်ငါးရာသုံးဆယ်ငါးသိန်းကျော်ရရှိ

ရန်ကုန်၊ ဒီဇင်ဘာလ ၃၁၊ ၂၀၁၈

ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင်ရှိသော စစ်ဘေးဒုက်္ခသည်များတွက် ရည်စူးပြီး၊ ရန်ကုန်ဂိုဏ်းချုပ် သာသနာ ဂိုဏ်းချုပ်ဆရာတော်ကြီး ကာဒီနယ် ချားလ်စ်ဘို၏ သက်တော် ၇၀ ပြည့်မွေးနေ့ လက်ဆောင်အဖြစ် ရန်ကုန်ကက်သလစ်သာသနာရှိ ဘာသာဝင်များထံမှ ကောက်ခံရရှိသော ငွေသားမှာ ခန့်မှန်းချေ သိန်းငါးရာကျော် (၅၃၅၅၈၀၅၀) ကျပ် ဖြစ်သည်ဟု သတင်းရရှိပါသည်။

ဂိုဏ်းချုပ်ဆရာတော်ကြီး ကာဒီနယ် ချားလ်စ်ဘို၏ရုံးတော်မှ တရားဝင်ထုတ်ပြန်ထားသော ငွေစာရင်းမှာ (မြန်မာကျပ် ၄၆၇၅၁၃၀၀၊ အမေရိကန်ဒေါ်လာ ၃၅၉၀၊ ဥရောပ ယူရို ၆၇၅၊ စင်္ကာပူ ဒေါ်လာ ၁၀၀) ဖြစ်သည်။ ၎င်းငွေသားများထဲမှာ နိုင်ငံခြားငွေများကို ကာလပေါက်ဈေးဖြင့် တွက်ချက်ပြီး စုစုပေါင်းကျပ်ငွေမှာ (၅၃၅၅၈၀၅၀) ကျပ် ဖြစ်သည်ဟု ထုတ်ပြန်သည်။

၎င်းထုတ်ပြန်ချက်ထဲ၌ ကာဒီနယ် ချားလ်စ်ဘိုက ၎င်းငွေများကို ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ (၉-၁၃) ရက်နေ့အထိ ကျင်းပပြုလုပ်မည့် မြန်မာနိုင်ငံကက်သလစ်ဆရာတော်ကြီးများအဖွဲ့ချုပ်၏ နှစ်ပတ်လည်မျက်နှာစုံ ညီအစည်းအဝေးတွင် လားရှိုး၊ ဗန်းမော်နှင့်မြစ်ကြီးနားကက်သလစ်ဆရာတော်များတဆင့် စစ်ဘေးဒုက်္ခသည်များ တွက် ပေးပို့လှူဒါန်းသွားမည်ဟု ဖော်ပြထားသည်။ ဝင်းလှိုင်ဦး

832  Views
Previous: မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးသောရုံးကိုမြန်မြန်ပြုပြင်ပြောင်းလဲပေးပါ
Next: ခရစ်စမတ် အခါကြီးနေ့တွင်ရောမမြို့နှင့် ကမာ်္ဘအရပ်ရပ်ရှိ လူသားအပေါင်းတို့အား ရဟန်းမင်းကြီးက ပေးသည့် မင်္ဂလာကောင်းချီး သတင်းစကား