ကလေးမြို့၌ ခရစ်တော်မွေးနေ့အထိမ်းအမှတ် ခရစ်္စမတ်အကြို သံဃာတော်အပါး(၁၀၀)အား ရိုမန်ကက်သလစ် ကလေးသာသနာမှ နေ့ဆွမ်းဆက်ကပ်လှူဒါန်း

ကလေးမြို့၊ ဒီဇင်ဘာလ ၂၁၊ ၂၀၁၈

ကလေးကက်သလစ်သာသနာပိုင်ဂိုဏ်းအုပ်ဆရာတော်ကြီး ဖဲလစ်လျန်ခင်းထန်သည် ဗုဒဘာသာမှ သံဃာတော်အပါး (၁၀၀)တို့အား ခရစ်တော်မွေးနေ့အထိမ်းအမှတ် နေ့ဆွမ်းဆက်ကပ်လှူဒါန်းပွဲကို ဒီဇင်ဘာ (၂၁) ရက် နံနက် ၁၀ နာရီက ကက်သလစ် ကလေးသာသနာနယ်ဝင်းအတွင်း၌ ကျင်းပပြုလုပ်တော်မူခဲ့သည်ဟု သတင်းရရှိပါသည်။
၎င်းပွဲတွင်၊ ရှေးဦးစွာ မြန်မာနိုင်ငံကက်သလစ်ဆရာတော်ကြီးများအဖွ့ဲချုပ်၏ဥက်္ကဌ၊ ကလေးကက်သလစ် သာသနာပိုင်ဂိုဏ်းအုပ်ဆရာတော်ကြီး ဖဲလစ်လျန်ခင်းထန်က အဖွင့်နှုတ်ခွန်းဆက်ဝမ်းမြောက်မေတ်္တာစကားမိန့်ကြား ပြီးနောက် ကလေးမြို့နယ် သံဃနာယကအဖွဲ့ဥက်္ကဌ၊ မဟာသန်္တာရုံကျောင်းတိုက်ဆရာတော် အဂ်္ဂမဟာဂန်္ထဝါစက ပဏ္ဍိတ အဂ်္ဂမဟာကျော် ဘဒ်္ဒန်္တပုညသေဋ္ဌ အရှင်သူမြတ်က ကျေးဇူးတင်ဝမ်းမြောက်ကြောင်း မေတ်္တာစကား ပြန်လည်မြွက်ကြားသည်။
ယင်းနောက် ကြွရောက်တော်မူလာကြသောဆရာတော်၊ သံဃာတော်များမှ မေတ်္တာသုတ်ပရိတ်တရား တော်များ ရွတ်ဖတ်သရဇျ်္စယ်ခြင်းများပြုလုပ်ပြီး ရိုမန်ကက်သလစ် ကလေးသာသနာပိုင်ဆရာတော်က သံဃာတော် အရှင် သူမြတ်များကို အမှတ်တရလှူဖွယ်ပစ်္စည်းများ လက်ရောက်လှူဒါန်းသည်။
ဆက်လက်၍ မြန်မာနိုင်ငံကက်သလစ်ဘုန်းတော်ကြီးများအဖွဲ့ဥက်္ကဌ ရိုမန်ကက်သလစ် ကလေး သာသနာ ပိုင် ဂိုဏ်းအုပ်ဆရာတော်ကြီးက ရှေ့တန်းသံဃာတော်များထံသို့ အမှတ်တရလှူဖွယ်ဝတ်္ထုပစ်္စည်းများ ဆက်ကပ်လှူ ဒါန်းပြီးနောက် ဆရာတော်သံဃာတော်များကိုယ်စား နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင် ချမ်းမြေ့အောင်စည် ဆရာတော်က ကလေးကက်သလစ်သာသနာပိုင်ဂိုဏ်းအုပ်ဆရာတော်ထံသို့ ခရစ်္စမတ်အမှတ်တရလက်ဆောင် ပစ်္စည်းများကို ပြန်လည်ချီးမြှင့် ပေးအပ်သည်။
အခမ်းအနားတွင် ကက်သလစ်သာသနာနယ်မှ သီချင်းသံစုံအဖွဲ့မှ ခရစ်္စမတ်ဓမ်္မတေးသီချင်းများဖြင့် ဂုဏ်ပြုသီဆိုကြကာ ဆရာတော်သံဃာတော်များနှင့် ကက်သလစ်အသင်းတော်မှ ဆရာတော်များက အမှတ်တရ မှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးကြပြီးနောက် ကက်သလစ်သာသနာပိုင်ဆရာတော်ကြီးမှ နေ့လယ်စာသုံးဆောင်မည့် အစားအစာများကို ဆုတောင်းကောင်းချီးပေးပြီး ကြွရောက်လာကြသည့်ဆရာတော်၊ သံဃာတော်အပါး(၁၀၀)အား နေ့ဆွမ်းဆက်ကပ် လှူဒါန်းခဲ့ကြကြောင်း သိရသည်။
အဆိုပါအခမ်းအနားသည် ဘာသာဓလေ့ထုံးစံမပျက်စေရန်နှင့် စည်းလုံးညီညွှတ်မှုရှိစေရန် ရည်ရွယ်လျက် ခရိုင်နှင့် မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက်္ကဌများဦးဆောင်၍ ခရိုင်နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရိုမန်ကက်သ လစ်အသင်းတော်များမှပူးပေါင်းကူညီဆောင်ရွက်မှုဖြင့် စည်ကားသိုက်မြိုက်ခမ်းနားထည်ဝါစွာ ခရစ်္စမတ်အကြို အထိမ်းအမှတ်ပွဲတော်ကိုကျင်းပခဲ့သည်မှာ ယခုနှစ်တွင် တတိယကြိမ်အဖြစ်ကျင်းပပြုလုပ်ခြင်းဖြစ်ကြောင်း သိရသည်။ ၀၁၂

807  Views
Previous: ခရစ်စမတ် အခါကြီးနေ့တွင်ရောမမြို့နှင့် ကမာ်္ဘအရပ်ရပ်ရှိ လူသားအပေါင်းတို့အား ရဟန်းမင်းကြီးက ပေးသည့် မင်္ဂလာကောင်းချီး သတင်းစကား
Next: ကိုလန်ဘန်သာသနာပြုရဟန်းဂိုဏ်းတည်ထောင်ခြင်း နှစ် ၁၀၀ ပြည့် ဂျူဘီလီပွဲတော်နှင့် မြစ်ကြီးသာသနာမှ ရဟန်းသစ် ၅ ပါးတို့အား ရဟန်းသိက်္ခာတင်ပွဲ