ကာဒီနယ်ချားလ်စ်ဘိုက ကိုရင် (၉) ပါးအား ရဟန်းသိက်္ခာတင် ဘာသာဝင်များကို အစေခံကြရန် ဆုံးမသတိပေးတော်မူ


စက်တင်ဘာလ ၁၆၊ ၂၀၁၉

ရန်ကုန်ကက်သလစ်ဂိုဏ်းချုပ်သာသနာပိုင်ဆရာတော်ကြီး ကာဒီနယ်ချားလ်စ်ဘိုသည် ရန်ကုန် ကက်သလစ်ဂိုဏ်းချုပ်သာသနာအတွက် ကိုရင်(၆) ပါးနှင့် ယေဇူး၏ အသင်းဂိုဏ်းမှ ကိုရင် (၃) ပါးတို့အား စက်တင်ဘာလ (၂၁) ရက်နေ့က ရဟန်းသိက်္ခာကို စိန့်မေရီကာသီဒြယ်ဘုရားကျောင်းတော်ကြီးထဲတွင် တင်ပေးတော်မူလိုက်သည်။
ရန်ကုန်ကက်သလစ်ဂိုဏ်းချုပ်သာသနာပိုင်ဆရာတော်ကြီး ကာဒီနယ်ချားလ်စ်ဘို၏လက်တော်မှ ရဟန်းသိက်္ခာကို ရရှိကြသူများမှာ ရန်ကုန်ကက်သလစ်ဂိုဏ်းချုပ်သာသနာမှ ဘုန်းတော်ကြီးဇော်မင်းထွန်း၊ ဘုန်းတော်ကြီးပေါလ်လင်းထဋ်၊ ဘုန်းတော်ကြီးထွန်းထွန်း၊ ဘုန်းတော်ကြီးသာဆူး၊ ဘုန်းတော်ကြီးသိန်းစိုး၊ ဘုန်းတော်ကြီးသန်းတင့်၊ ယေဇူး၏အသင်းဂိုဏ်းဟူသော ကက်သလစ်သူတော်စင်အသင်းဂိုဏ်းမှ ဘုန်းတော်ကြီး နေမျိုးထက် (ဂျေဆွီး)၊ ဘုန်းတော်ကြီးဇော်ဂွန် (ဂျေဆွီး) နှင့်ဘုန်းတော်ကြီးသန်းနိုင်လင်းတို့ ဖြစ်ကြပါသည်။
၎င်းရဟန်းသိက်္ခာတင်ပွဲသို့ ဖားအံကက်သလစ်ဆရာတော်ကြီး ဂျက်စတင်းစောမင်းသိုက်၊ အိနိယနိုင်ငံမှ ဧည့်သည်ဆရာတော်ကြီး သီအိုဒေါ၊ ရန်ကုန်လက်ထောက်ဆရာတော်ကြီး ဂျွန်စောယောဟန်၊ ဖိတ်ကြားထားသော ရဟန်းသီလရှင်များ၊ မိဘများနှင့်ရပ်နီးရပ်ဝေးမှ ရဟန်းသစ်များ၏ဆွေမျိုးသားချင်းများနှင့်ဘာသာဝင်ပေါင်း (၃၀၀၀) ကျော် ပါဝင်ချီးမွမ်းကြပါသည်။
၎င်းရဟန်းသိက်္ခာတင်ပွဲ၌ ကာဒီနယ်ချားလ်စ်ဘိုက ဆရာတော်ရဟန်းတော်များက ကျင့်ကြံရမည့်အချက် (၇) ချက်ကို အကျယ်တဝင့်ဟောကြားတော်မူပြီး ရဟန်းသစ်များကိုလည်း ဆုံးမတော်မူလိုက်သည်။ ကာဒီနယ်ချားလ်စ်ဘိုက ရဟန်းဆိုသည်မှာ မိမိရဲ့ဘဝကို ခရစ်တော်ဘုရားနှင့် နေ့စဉ်ထိတွေ့နေရန် လိုအပ် ကြောင်း၊ မိမိရဲ့ဘာသာဝင်တွေဆီကို အရောက်သွားရမှာ ဖြစ်ကြောင်း၊ ရဟန်းသြဇာအာဏာသည် မိမိအစေခံ အမှုထမ်းဆောင်မှုအပေါ်မူတည်သည်။ ရဟန်းတစ်ပါးသည် တည်ကြည်ရမည်၊ သမာသတ်္တိရှိရမည်၊ ဂုဏ်သိက်္ခာကို ထိမ်းသိမ်းရမည်။ မာန်တက်ပြီး မောက်မာတဲ့ အထက်စီးလို တဲ့စိတ် စိတ်ကြီးဝင်တာမျိုး မရှိစေရ။ ကိုယ့်ရာထူး အာဏာကို အလွဲသုံးစားခြင်းမပြုရ ရာထူးအဆင့်အတန်းကို မမက်မောဖို့ သတိထားရပါမည်လို့ သတိပေး တော်မူလိုက်သည်။

677  Views
Previous: မယ်တော်သခင်မ၏ မွေးနေ့ပွဲတော်နှင့်ဗေလန်ကန်နီကျန်းမာခြင်းမစ်္ဆားတရားတော်ကို ကျင်းပ
Next: မြန်မာနိုင်ငံတွင် သာသနာပြုရင်း အသတ်ခံရသော အီတလီလူမျိုး ဘုန်းတော်ကြီး အဲဖရက်ဒို ခရေမိုနီစီအား မြန်မာနိုင်ငံ၏ သူတော်စင် ဓမ်္မအာဇာနည်အဖြစ် တင်မြှောက်လိုက်ပြီ