ကာဒီနယ်ချားလ်စ်ဘိုက မြစ်ကြီးနား၊ လားရှိုးနှင့် ဗန်းမော် ဂိုဏ်းအုပ် သာသနာ (၃)ရှိ စစ်ဘေးရှောင်သူများအတွက် ကျပ် (၁၇၈) သိန်းကျော်ဖြင့် ခွဲဝေကူညီ


ရန်ကုန်၊ ဇန်နဝါရီလ ၁၂၊ ၂၀၁၉

ရန်ကုန် ဂိုဏ်းချုပ် ဆရာတော်ကြီး ကာဒီနယ် ချားလ်စ်ဘိုမှ သူ၏ (၇၀) နှစ်မြောက် မွေးနေ့ အထိမ်းအမှတ် အဖြစ် ရန်ကုန် ဂိုဏ်းချုပ်သာသနာနယ်ရှိ ကက်သလစ်ခရစ်ယာန်ဘာသာဝင်များထံမှ ကောက်ခံယူရရှိသော အလှူငွေများကို မြစ်ကြီးနား၊ လားရှိုးနှင့် ဗန်းမော် ဂိုဏ်းအုပ် သာသာနယ်များရှိ စစ်ဘေးရှောင် ဒုက်္ခသည်များအား သာသနာတစ်ခုလျှင် ကျပ် (၁၇၈) သိန်းကျော်ဖြင့် ၂၀၁၉ ခုနှစ် ဇန်္နဝါရီလ ၁၀ ရက်နေ့တွင် ကူညီဝေမျှပေး တော်မူလိုက်သည်။
၎င်းမွေးနေ့အလှူငွေပေးအပ်ပွဲ အခမ်းအနားကို ၂၀၁၉ ခုနှစ် ဇန်္နဝါရီလ ၁၀ ရက်နေ့တွင် ရန်ကုန်ဂိုဏ်းချုပ် ဆရာတော်ကြီး ကျောင်းတိုက်၌ ကျင်းပခဲ့သည်။ ၎င်းအလှူငွေများကို မြန်မာနိုင်ငံဆိုင်ရာ ဗာတီကန်သံအမတ်ကြီး ဂိုဏ်းချုပ်ဆရာတော် ပေါ်လ် ချန်အင်နမ်က မြစ်ကြီးနား၊ လားရှိုးနှင့် ဗန်းမော် ဂိုဏ်းအုပ် သာသနာပိုင်ဆရာ တော်ကြီးများအား ပေးအပ်တော်မူခဲ့သည်။
မြစ်ကြီးနားဂိုဏ်းအုပ် သာသနာမှ ဆရာတော်ကြီးဖရန်စစ်ဒေါတန်၊ လားရှိုးဂိုဏ်းအုပ် သာသနာမှဖိလစ် ဇဟောင်းနှင့် ဗန်းမော် ဂိုဏ်းအုပ်သာသနာမှ ရေမွန်ဆွမ်လုကန်တို့က မိမိတို့သာသာနယ်များရှိ စစ်ဘေးရှောင် ဒုက်္ခသည်များအတွက် ဂိုဏ်းအုပ်သာသနာ တစ်ခုလျှင် ကျပ်ငွေ သိန်း (၁၇,၈၃၈,၀၀၀) ကျပ် အသီးသီးရရှိခဲ့သည်။
ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင်ရှိသော စစ်ဘေးဒုက်္ခသည်များတွက် ရည်စူးပြီး၊ ရန်ကုန်ဂိုဏ်းချုပ် သာသနာ ဂိုဏ်းချုပ်ဆရာတော်ကြီး ကာဒီနယ် ချားလ်စ်ဘို၏ သက်တော် ၇၀ ပြည့်မွေးနေ့ လက်ဆောင်အဖြစ် ရရှိသော ငွေသားမှာ ခန့်မှန်းချေ သိန်းငါးရာကျော် (၅၃၅၅၈၀၅၀) ကျပ် ဖြစ်သည်ဟု သတင်းရရှိပါသည်။
ရန်ကုန် ဂိုဏ်းချုပ် ဆရာတော်ကြီး ကာဒီနယ် ချားလ်စ်ဘိုမှ သူ၏ (၇၀) နှစ်မြောက် မွေးနေ့ အထိမ်းအမှတ် အဖြစ် ရန်ကုန် ဂိုဏ်းချုပ်သာသနာနယ်ရှိ ကက်သလစ်ခရစ်ယာန်ဘာသာဝင်များထံမှ ကောက်ခံယူရရှိသော အလှူငွေများကို မြစ်ကြီးနား၊ လားရှိုးနှင့် ဗန်းမော် ဂိုဏ်းအုပ် သာသာနယ်များရှိ စစ်ဘေးရှောင် ဒုက်္ခသည်များအား သာသနာတစ်ခုလျှင် ကျပ် သိန်း (၁၇,၈၃၈,၀၀၀) ဖြင့် တန်းတူကူညီဝေမျှပေးတော်မူလိုက်သည်။

705  Views
Previous: မြန်မာနိုင်ငံကက်သလစ်ဆရာတော်ကြီးများအဖွဲ့ချုပ်က ဂျိုးဇက်ပညာရေးကျောင်း Joseph Education Instituteအား စစ်ဆေးကူညီပေးမည့် ကော်မတီတစ်ခုကို ဖွဲ့စည်း
Next: ဂလိုရီယာသတင်းဂျာနယ်တိုက်မိသားစုက မရမ်း-ပိတောက်စုကျေးရွာအား အရေးပေါ်လူနာတင်ယာဉ်တစ်စီးလှူဒါန်း