ကာဒီနယ်ချားလ်စ်ဘိုက ၎င်း၏ အမည်ဖြင့် အမည်မသိသူ တစ်ဉီးဉီးမှ ဖွင့်ထားသော Twitter တွီတာအကောင့်ကို တွီတာကုမ္မဏီအား ဖျက်သိမ်းခိုင်းလိုက်ပြီ

ဆလိုင်းကုန်ဇမှုန်း

ကာဒီနယ်၏အတွင်းရေးမှူး ဘုန်းတော်ကြီးဆလိုင်းမိုင်ကယ်က ကာဒီနယ်ချားလစ်ဘိုအမည်ဖြင့်ဖွင့်ထားသောတွီတာ အကောင့်ကို မတ်လ (၅) ရက်နေ့လောက်မှာ တွီတာ Twitter ကုမ္မဏီမှ ဖျက်သိမ်းလိုက်ပြီဖြစ်သည်ဟု  ဂလိုရီယာသတင်းဂျာနယ်သို့ မတ်လ (၁၀) ရက်နေ့က မိန့်ကြားလိုက်သည်။


ထိုသတင်းထုတ်ပြန်ချက်နှင့်ပတ် သက်၍ ကာဒီနယ်၏အတွင်းရေးမှူး ဘုန်းတော်ကြီးဆလိုင်းမိုင်ကယ်က၊ ကာဒီနယ်ကိုယ် တိုင်က ၎င်းအကောင့်ကို ဖွင့်ထားခြင်း မရှိသလိုသုံးခြင်းလည်း မပြုဘဲ ကာဒီနယ်အမည်ကို အခြားသူ တစ်ဉီးဉီးက အသုံးပြုထားသော ကြောင့်ဖြစ်ကြောင်းသည်ဟု ဂလိုရီယာသတင်းဂျာနယ်သို့ရှင်းပြခဲ့သည်။

ဘုန်းတော်ကြီးက ကာဒီနယ်အမည်ဖြင့်ဖြင့် ဖွင့်ထားသော တွီတာစာမျက် နှာပေါ်၌တင်ထားသောအကြောင်း အရာများသည် ကာဒီနယ်တင်ထားခြင်းမဟုတ်ကြောင်းကိုလည်းရှင်းပြခဲ့သည်။

809  Views
Previous: မည်သည့်ကြားဝင်ဆွေးနွေးပေးမှုကိုမျှ လက်မခံဟု နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ကြေညာ
Next: Myanmar’s military accuses Suu Kyi of taking illegal $600,000 and gold