ကိုယ်ဝန်ဖျက်ချခြင်းအား ဆန့်ကျင်ခြင်းသည် ယနေ့ခေတ်၏ အရေးကြီးဆုံးသော လူ့အခွင့်အရေးကာကွယ်မှုဖြစ်သည်ဟု ဆရာတော်ကြီး ဂျိုးဇက် နော်မန်းက မိန့်ကြား


ကန်ဆပ်စ်၊ သြဂုတ်လ ၉၊ ၂၀၁၉ (CNS)

အမေရိကန်နိုင်ငံ၊ ကန်းစပ်စ်ကက်သလစ်ဂိုဏ်းချုပ်ဆရာတော်ကြီး ဂျိုးဇက်နော်မန်း ဗမခ့ဘငျ့သစ ဲသျနစ့ ြကောညေည က ကိုယ်ဝန်ဖျက်ချခြင်းအား ဆန့်ကျင်ခြင်းသည် ယနေ့ခေတ်၏ အရေးကြီးဆုံးသော လူ့အခွင့်အရေးကာကွယ်မှုဖြစ်သည်ဟု သြဂုတ်လ (၅) ရက်နေ့က မိန့်ကြားတော်မူလိုက်သည်။
ဆရာတော်ကြီး ဂျိုးဇက်နော်မန်းသည် သြဂုတ်လ (၅) ရက်မှ (၇) ရက်နေ့အထိ၊ လူးဝီစ်ဝီလာမြို့တွင် ကျင်းပပြုလုပ်သော ကိုယ်ဝန်ဖျက်ချခြင်းကိုဆန့်ကျင်ကြသူတို့၏ ညီလာခံ၌ ထိုကဲ့သို့ အဖွင့်စကား မိန့်ကြားလိုက် ခြင်း ဖြစ်သည်။
အမေရိကန်ကက်သလစ်ဆရာတော်ကြီးများအဖွဲ့ချုပ်လက်အောက်ရှိ ကိုယ်ဝန်ဖျက်ချခြင်းကို ဆန့်ကျင်ကြသောခေါင်းဆောင်တို့၏ညီလာခံကို အမေရိကန်နိုင်ငံရှိ ကက်သလစ်ဆရာတော်အုပ်ချုပ်သော သာသနာ (၆၃) ခုမှ ခေါင်းဆောင်များက ဦးစီးကျင်းပသော ညီလာခံဖြစ်သည်။
ဆရာတော်ကြီး ဂျိုးဇက်နော်မန်းသည် အမေရိကန်ကက်သလစ်ဆရာတော်ကြီးများအဖွဲ့ချုပ် လက်အောက်ရှိ ကိုယ်ဝန်ဖျက်ချခြင်းကို ဆန့်ကျင်ကြသောကော်မရှင်၏ ဥက်္ကဌ ဖြစ်တော်မူသည်။
““လူ့ဘဝက အနိုင်ရရှိမယ်”” ဟူသော ဆောင်ပုဒ်ကို အခြေခံလျက်၊ ဆရာတော်ကြီး ဂျိုးဇက်နော်မန်းက ““ယနေ့ခေတ်၊ မိမိတို့ရဲ့ယဉ်ကျေးမှုမှာ ကက်သလစ်ဆရာတော်နှင့် ရဟန်းတော်တချို့၏ လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့်မှုများက ကက်သလစ်သာသနာတော်ကို ဒါဏ်ရာရစေသည့် ကာလတွင် အမေရိကန်တရား လွှတ်တော်ချုပ်၏ ကိုယ်ဝန်ဖျက်ချခြင်းအား ဆန့်ကျင်နေသောအချိန်ကာလနှင့် တရားဝင်ကိုယ်ဝန်ဖျက်ချခြင်းကို အားပေးသောလှုပ်ရှားမှုများ အားကောင်းနေချိန်တွင် ယခုကဲ့သို့သောညီလာခံကို ကျင်းပနိုင်ခြင်းအတွက် သာသနာ့ကိုယ်စားလှယ်များအားလုံးကို အထူးကျေးဇူးတင်ရှိပါကြောင်း”” ဖြင့် ထည့်သွင်း မိန့်ကြားတော် မူလိုက်သည်။
ဆရာတော်ကြီး ဂျိုးဇက်နော်မန်းက ညီလာခံတက်ရောက်သူများအား ““ဘာဖြစ်လို့ဒီခေတ်ကြီးမှာ ကက်သလစ်ခရစ်ယာန်ဘာသာဝင်အဖြစ် ရှိနေကြသင့်သလဲ”” ဟူသော ခေါင်းစဉ်ဖြင့် အောက်ပါအချက် (၃) ချက်ကို အခြေခံပြီး သွန်သင်ပေးတော်မူသည်။
(၁) ကက်သလစ်ခရစ်ယာန်သာသနာတော်သည် မြတ်စွာဘုရားသခင်အကြောင်းကို ဟောကြားနေသည်။ ကက်သလစ်ခရစ်ယာန်သာသနာတော်သည် ဘုရားမဲ့ဝါဒနှင့်ဗာဟီရဝါဒတို့ ကြီးထွားနေချိန်တွင် မြတ်စွာ ဘုရားသခင်အကြောင်းကို ဟောကြားနေသည်။ (၂) ကျွန်တော်တို့၌ ရဟန်္တာများ ရှိနေကြသည်။ (၃) ကက်သလစ်သာသနာတော်၏သွန်သင်ပိုင်ခွင့်အာဏာ ဖြစ်သည်။ ကက်သလစ်သာသနာတော် သည် မြတ်စွာဘုရားသခင်၏နှုတ်ထွက်စကားတော်အား မှန်ကန်သောအနက်ဖွင့်ဆိုခြင်းအာဏာကို ပိုင်ဆိုင်ထား လေသည်။ ၎င်းအာဏာသည် ဘာသာဝင်တစ်ဦးစီ၏အားနည်းချက်များအကြားထဲက ဝိညာဉ်တော်ဘုရား၏ ဆုကျေးဇူးတော်သက်သက်သာ ဖြစ်လေသည်။ ၎င်းဝိညာဉ်တော်သည် ကျွန်ုပ်တို့၏သွန်သင်ချက်များထဲတွင် ကက်သလစ်သာသနာတော်နှင့်ကျွန်ုပ်တို့ကို အမြဲတမ်းတည်ရှိနေခြင်းနှင့် ထိန်းသိမ်းနေတော်မူသည်။
ဆရာတော်ကြီး ဂျိုးဇက်နော်မန်းက ““ကျွန်ုပ်တို့အားလုံးက ကက်သလစ်သာသနာတော်၏ ကိုယ်ကျင့် တရားသွန်သင်ချက်များကိုသာ သစာရှိစွာ ကျင့်ကြံလိုက်နာကြမယ်ဆိုလျှင် ကက်သလစ်သာသနာတော်ထဲ၌ မကောင်းသက်သေများ၊ အနိုင်ကျင့်မှုများနှင့် အလွဲသုံးစားမှုများ ရှိနေမည်မဟုတ်”” ဟု ဆော်သြတော်မူလိုက်သည်။

666  Views
Previous: ရဟန်းမင်းကြီးက ဗာတီကန်နိုင်ငံ၏ဘဏ်ဥပဒေအသစ်ကို ပြဌာန်းလိုက်တော်မူ
Next: သာသနာတော်ကို ခုတုံးလုပ်ပြီး မိမိအကျိုးအတွက် အသုံးချတဲ့ ဆရာတော်တွေ၊ ဘုန်းကြီးတွေဟာ သာသနာတော်ကို ဖျက်စီတဲ့သူတွေဖြစ်တယ်လို့ ရဟန်းမင်းကြီးက ရှုတ်ချတော်မူ