ကျားမခွဲခြားဆက်ဆံမှုနှင့် အခွင့်အရေးသင်တန်း

015-b

ကက်သလစ်ခရစ်ယာန်အမျိုးသမီးများ အထောက်အကူပြုသင်တန်းအမှတ်စဉ် (၃) ဖြစ်သော ကျားမခွဲခြားဆက်ဆံမှုနှင့် အခွင့်အရေးသင်တန်း ကို တောင်ကြီး မြို့ St. Anne Convent တွင် ၂၀၁၅ ခုနှစ်မတ်လ (၆) ရက်မှ (၈) ရက်နေ့အထိ ပထမဆုံးအကြိမ်အဖြစ် ကျင်းပပြုလုပ်ခဲ့ပါသည်။ ၎င်းသင်တန်းသို့ သီလရှင်ဂိုဏ်း များဖြစ်သော (Sisters of Charity, Sisters of Reparation, St, Francis Saviour, Divine Providence) နှင့် စေတမန် သီလရှင်ဂိုဏ်းမှသီလရှင်များ၊ သီလရှင်လောင်များနှင့် ကက်သလစ်အမျိုးသမီးအဖွဲ့အသီးသီးမှ အမျိုးသမီးများ စုစုပေါင်း(၄၇)ဦး စိတ်ပါဝင်စားစွာ တက်ရောက်ခဲ့ ကြပါသည်။

ဤသင်တန်းကို တောင်ကြီးဂိုဏ်းချုပ်ဆဆရာတော်ကြီး၏ လမ်းညွှန်ချက်အရ ကက်သလစ်အမျိုးသမီးများခေတ်နှင့်လျော်ညီ သောဗဟုသုတများရရှိစေရန်ရည်ရွယ်၍ MIWA အဖွဲ့၏ပံ့ပို့ကူညီမှု Gender Network အဖွဲ့မှ ဆရာမဒေါ်နန်ဖြူဖြူလင်း ၏ပို့ချမှုနှင့် သင်တန်းမှူးဒေါ်ဇက်စီစီ၏ ဦးဆောင်စီစဉ်မှုဖြင့် အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ခဲ့ပါသည်။

သင်တန်းတွင် ကျားမသဘာဝ (Sex & Gender) ကျားမဆိုင်ရာခန်းကဏ္ဍ များ (Gender Roles) ဂျန်ဒါဆိုင်ရာ တရားသေ၊ ပုံသေကားကျယူဆခြင်း Gender Stereotyping၊ ဂျန်ဒါအပေါ်အခြေခံသော အကြမ်းဖက်မှုGender Based Violence) အာဏာပါဝါ၊ အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးကြေငြာစာ တမ်း၊ အမျိုးသမီးဆိုင်ရာစာချုပ် သမိုင်းနှင့် အမျိုးသမီးများ အားနည်းမျိုးစုံဖြင့် ခွဲခြားဖိနှိပ်ထားမှုများအားလုံးဖျက်သိမ်းရေး သဘောတူစာချုပ် Conventioon on the Elimination of all Forms of Discrimination Against Women-CEDAW  နှင့် အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာ အမျိုးသား အဆင့်မဟာ ဗျူဟာစီမံကိန်း (၂၀၁၃-၂၀၂၂) ကို ဆွေးနွေးပို့ချပေးသွားပါသည်။ သင်တန်းပို့ချရာတွင်လည်း ဆွေးနွေးခြင်း ပြန်လည်တင်ပြခြင်း၊ ကစားခြင်း၊ အပြန်အလှန်မေးခွန်းများမေးမြန်းခြင်း၊ ဗီဒီယိုဇာတ်လမ်းများပြသခြင်း အစရှိသော နည်းလမ်းတို့ဖြင့် တက်ရောက်သူ အမျိုးသမီးများ သေချာစွာနား လည်သဘောပေါက်စေရန် ဝေမျှသွားပါသည်။

မတ်လ(၈) ရက်နေ့၊ တောင်ကြီးမြို့တွင် ကျင်းပပြုလုပ်သော အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့အခမ်းအနားသို့ သင်တန်းတက်ရောက်သူ ကက်သလစ်အမျိုး သမီးများ တက်ရောက်ခဲ့ကြပါသည်။ ၎င်းင်းအခမ်းအနားတွင် ရှမ်းပြည်နယ် ဝန်ကြီးနှစ်ပါး(စက်မှုဝန်ကြီးနှင့်စည်ပင်သာယာဝန်ကြီး)၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စား လှယ်ဒေါ်နန်ဝါနု(ကွန်ဟိန်း)၊ အမျိုးသမီးရေးရာအဖွဲ့မှ ဒေါ် သန်းနွယ်အောင် Gender Network အဖွဲ့မှ ဒေါ်နန်ဖြူဖြူလင်းနှင့် အဖွဲ့အစည်း အသီးသီးမှ ဖိတ်ကြားထားသော ဧည်သည်တော်များ တက်ရောက်ကြပါ သည်။ ဒေါ်သန်းနွယ်အောင်မှ ပညာရေးနှင့်သက်ဆိုင်သော တင်ပြချက် များ၊ ဒေါ်နန်ဖြူဖြူလင်းမှ အမျိုးသမီးအခွင့်အရေးနှင့် သက်ဆိုင်သောတင်ပြချက် များနှင့် ကက်သလစ်အမျိုးသမီးအဖွဲ့၊ ဒေါ်ဇက်စီစီမှဘာသာမတူ လက်ထပ် ထိမ်းမြားခြင်းတို့ တင်ပြဆွေးနွေးခဲ့ကြပါသည်။ ၀၀၁

1481  Views
Previous: အမျိုးသားပညာရေးဥပဒေကြမ်းအပေါ် ပြည်ထောင်စုလွှတ်တော်သို့ပေးစာ
Next: အယ်ဒီတာ့အာဘော် အတွဲ (၃) ၊ အမှတ် (30)