ကာဒီနယ်လ်ချားလ်စ်ဘို၏ ခရစ္စမတ်သတင်းစကား၊ ခရစ္စမတ်ရဲ့မျှော်လင့်ခြင်းသတင်းစကားကို ဖြည့်ဆည်းပေးတဲ့ နွားစားခွက်ရဲ့စွမ်းအား

ကာဒီနယ်လ်ချားလ်စ်ဘို၏ ခရစ်စမတ်သတင်းစကား

ချစ်လှစွာသော မြန်မာပြည်သူပြည်သားအပေါင်းတို့၊
မျှော်လင့်ခြင်း၊ ပြန်လည်ကုစားခြင်းတို့နဲ့ ပြည့်၀တဲ့ ခရစ္စမတ်ကာလဖြစ်ပါစေလို့ ဦးစွာနှုတ် ခွန်းဆက်သပါတယ်။ ဆင်းရဲတဲ့မိသားစုမှာ လူ့ဇာတိအဖြစ်ကို ခံယူခြင်းအားဖြင့် မိမိရဲ့အနှိုင်းမဲ့ ချစ်ခြင်းကို ပြသတော်မူခဲ့တဲ့ ဘုရားသခင်ရဲ့မေတ္တာတော်ကို ရှင်လုကာဧဝံဂေလိကျမ်းမှာ တွေ့ရပါ တယ်။ ခရစ်တော်ဖွားမြင်တော်မူခဲ့တဲ့ ခရစ္စမတ်ညမှာလည်း ကောင်းကင်တမန်တော်တွေဟာ ငြိမ်း ချမ်းခြင်း၊ ပြန်လည်သင့်မြတ်ခြင်းနဲ့ မျှော်လင့်ခြင်းတေးသီချင်းတွေကို သံပြိုင်သီကျူးခဲ့ကြပါတယ်။
ယခုအချိန်မှာတော့ ကျွန်ုပ်တို့မြန်မာနိုင်ငံမှာ ငြိမ်းချမ်းခြင်းအကြောင်း ဟောပြောဖို့ အရမ်း ကို ခက်ခဲတဲ့ကာလဖြစ်နေပါတယ်။ တစ်ချိန်တည်းမှာလည်း အဲဒီငြိမ်းချမ်းခြင်းနဲ့ တရားမျှတခြင်း အကြောင်းတွေကို မဟောပြောဘဲနေဖို့ဆိုတာ ဘယ်လိုမှမဖြစ်နိုင်တဲ့အချိန်လည်း ဖြစ်နေပြန်ပါ တယ်။ ဒါကြောင့် ကျွန်ုပ်တို့ဟာ မျှော်လင့်ချက်ကို စွဲကိုင်ရင်း ဒီနိုင်ငံမှာ ငြိမ်းချမ်းခြင်းနဲ့ ပြန်လည် သင့်မြတ်ခြင်း စိုးမိုးဖို့ အဆက်မပြတ် ဆုတောင်းကြရပါလိမ့်မယ်။
ဒီအချိန်မှာ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရတဲ့သူတွေ၊ တောတောင်ထဲက ဒုက္ခသည်စခန်းမှာ ခိုလှုံနေရတဲ့သူတွေ၊ စိုးရိမ်ကြောက်လန့်စိတ်နဲ့အတူ အကြမ်းဖက်မှု၊ အစာရေစာပြတ်လပ်မှု ခံစား နေရသူတွေအတွက် အထူးသတိရ ဆုတောင်းပေးလိုပါတယ်။ ကျွန်ုပ်တို့အားလုံး ကိုယ့်အိမ်ကိုယ့် ယာဆီ အမြန်ဆုံး ပြန်လာနိုင်ကြဖို့ကိုလည်း ကျွန်ုပ်ဆုတောင်းပေးပါတယ်။
အခုလိုဒုက္ခဆင်းရဲကြီးမားစွာကြုံတွေ့နေရတဲ့နိုင်ငံမှာ ငြိမ်းချမ်းခြင်းသတင်းစကားကို ကျွန်ုပ် တို့ဘယ်လိုဟောပြောကြမလဲ။ ယေဇူးဘုရားရှင်ကို သမ္မာကျမ်းစာက ]]ငြိမ်းချမ်းခြင်း၏သခင်}}လို့ ခေါ်ဆိုထားပါတယ်။ အဲဒီငြိမ်းချမ်းခြင်းရဲ့သခင်ကို ကျွန်ုပ်တို့နိုင်ငံထဲမှာ ဘယ်လိုကြိုဆိုကြမလဲ။ သာမန်နွားစားခွက်လေးကနေ မေတ္တာစွမ်းအား ဘယ်လိုထွက်ပေါ်လာနိုင်မလဲ ဆိုတဲ့မေးခွန်းတွေရှိ နေပါတယ်။ ကျွန်ုပ်တို့အတွက် စိန်ခေါ်မှုတွေများလှပေမဲ့ အဲဒီစိန်ခေါ်မှုတွေကို အခွင့်အရေးအဖြစ် ကျွန်ုပ်တို့ပြောင်းလဲနိုင်ပါတယ်။
ခရစ်တော်ဖွားမြင်တော်မူတဲ့ ပထမဆုံးခရစ္စမတ်မှာ လက်သမားဖြစ်တဲ့ သံဇူဇယ်နဲ့ မယ် တော်တို့ဟာလည်း အခက်အခဲမျိုးစုံရင်ဆိုင်ခဲ့ရပြီး တိုင်းတစ်ပါးမှာ သွားရောက်ခိုလှုံခဲ့ရတဲ့အထိ ဒုက္ခရောက်ခဲ့ကြပါတယ်။ ပြီးခဲ့တဲ့ကာလတွေမှာလည်း ကျွန်ုပ်တို့မြန်မာနိုင်ငံမှာ ပြည်သူပြည်သား တွေ အကြီးအကျယ်ဒုက္ခရောက်ခဲ့ကြပါတယ်။ လူ့သဘာ၀အရ ပြန်လည်တုံ့ပြန်ကလဲ့စားချေတတ် ကြပါတယ်။ ဒါပေမဲ့ လက်နက်ချင်းတိုက်ခိုက်တာဟာ နောက်ဆုံးအဖြေမဟုတ်ပါဘူး။ ငြိမ်းချမ်းခြင်း နဲ့ ပြန်လည်သင့်မြတ်ခြင်းမရှိဘဲနဲ့ ကျွန်ုပ်တို့နိုင်ငံဟာ ပြန်လည်ထူထောင်နိုင်မှာမဟုတ်ပါဘူး။
မင်းပညာရှိသုံးပါးက ဖွားမြင်တော်မူမယ့် မင်းလောင်းအကြောင်း ဟေရုဒ်မင်းကို မိန့်ကြား တဲ့အခါမှာ ဟေရုဒ်မင်းက သူ့ကို နန်းလုမယ့်သူအဖြစ် ရှုမြင်ခဲ့ပါတယ်။ ဒါပေမဲ့ ယေဇူးဘုရားရှင် ဟာ လက်နက်အားကိုးသူမဟုတ်ဘဲ မေတ္တာတရားနဲ့ ပြန်လည်သင့်မြတ်ခြင်းကိုသာ အားပေးသွန် သင်တဲ့အရှင်ဖြစ်ပါတယ်။ ဒီနေ့ဖတ်ရှုတဲ့ ပထမကျမ်းမှာ ပရောဖက် အီဇာအိယက သူငယ်တော်ကို ဘုရင်အဖြစ် ရေးသားခဲ့ပါတယ်။ ဒါပေမဲ့ ဒီဘုရင်ဟာ ငြိမ်းချမ်းခြင်းရဲ့အရှင်ဖြစ်ပြီး လူသားအားလုံး အတွက် တရားမျှတမှုကို ဖော်ဆောင်ပေးမယ့်ဘုရင်ဖြစ်ပါတယ်။
ခရစ္စမတ်သတင်းစကားမှာ ချစ်ခြင်းမေတ္တာအကြောင်း၊ ငြိမ်းချမ်းဖို့နဲ့ ပြန်လည်သင့်မြတ်ဖို့ အကြောင်းတွေပဲ ပြောနေလို့ သဘောမတွေ့ဖြစ်နေကြတဲ့ ကျွန်ုပ်ရဲ့မိတ်ဆွေတွေကို ပြောလိုတာက တော့ ဒီအချက်တွေဟာ သူရဲဘောကြောင်သူတွေရဲ့အမူအကျင့်တွေမဟုတ်ဘူးဆိုတဲ့အချက်ပါပဲ။ မဟတ္တမဂန္ဓီရဲ့စကားအတိုင်း ပြန်ပြောရရင်
]]သူရဲဘောကြောင်သူဟာ မေတ္တာမပြနိုင်ပါဘူး။ ဒါဟာ ရဲရင့်သူတွေသာ လုပ်နိုင်တဲ့အချက် ပါ။ များစွာသောလူတွေက သင့်ကို အမှန်အတိုင်း ပြောလို့ဆိုပြီး အပြစ်တင်ကြပါလိမ့်မယ်။ ကိုယ် မှန်နေတဲ့အရာအတွက် ဘယ်တော့မှ မတောင်းပန်ပါနဲ့။}}
ကိန္နနဲ့ အာဘေလ ခေတ်ကတည်းက ကလဲ့စားနဲ့ သွေးထွက်သံယိုမှုတွေ အစပြုခဲ့ပါတယ်။ သမိုင်းကို ပြန်ကြည့်ရင်လည်း သတ်ကြဖြတ်ကြတာက လူ့သဘာ၀လိုတောင် ဖြစ်နေပါပြီ။ ရာစုနှစ် တိုင်းမှာ စစ်ပွဲနဲ့ သွေးကြွေးတွေကြောင့် လူသန်းပေါင်းများစွာ အသက်ဆုံးရှုံးခဲ့ကြရပါတယ်။ ကျွန်ုပ် တို့နိုင်ငံကရော အဲဒီလမ်းစဉ်ကို လိုက်တော့မလို့လား။
ခေတ်အဆက်ဆက်မှာလည်း ဒီလိုစိတ်သဘောထားကို ချေဖျက်ဖို့ ပရောဖက်အသီးသီးပေါ် ထွက်ခဲ့ကြပါတယ်။ ဒီနေ့ဒုတိယကျမ်း တိတုဩဝါဒစာမှာ ရှင်ပေါလုက ခရစ်တော်ဘုရားရှင်ဟာ ကျွန်ုပ်တို့ကို တရားမဲ့လမ်းစဉ်ကနေ ခေါ်ထုတ်ပြီး ကောင်းသောအမှုပြုသူတွေဖြစ်စေဖို့ ကြွရောက် လာတဲ့အကြောင်း ပြောဆိုထားပါတယ်။
ဒီခရစ္စမတ်မှာ ရှင်ပေါလုက ကျွန်ုပ်တို့ကို ပြန်လည်ကုစားခြင်းနဲ့ ကောင်းမှုပြုဖို့ သွန်သင်နေ ပါတယ်။ ဒီလမ်းစဉ်ကို ရဲရဲရင့်ရင့် လျှောက်လှမ်းရပါလိမ့်မယ်။ ဒါဟာ ခရစ္စမတ်ကပေးတဲ့ သတင်း စကားလည်း ဖြစ်ပါတယ်။ လူသားတိုင်း လွတ်လပ်မှုကို ရှာဖွေကြတယ်။ မြတ်နိုးကြတယ်။ ဒါကို မလုပ်နဲ့လို့ တားလို့ မရပါဘူး။ လူ့ဂုဏ်သိက္ခာနဲ့အညီ လွတ်လပ်စွာ ရှင်သန်နေထိုင်ခြင်းဟာ ဘုရား သခင်ရဲ့အလိုတော်ပဲဖြစ်ပါတယ်။ ဒါပေမဲ့ ဒီလွတ်မြောက်မှုကို ရဖို့အတွက် အမုန်းတရားမဖက်ဘဲ ငြိမ်းချမ်းရေးလမ်းစဉ်နဲ့ လျှောက်လှမ်းရယူနိုင်ဖို့ကတော့ ကျွန်ုပ်တို့လက်ရှိရင်ဆိုင်ကြုံတွေ့နေရတဲ့ စိန်ခေါ်မှုပဲဖြစ်ပါတယ်။
နိုင်ငံတစ်နိုင်ငံမှာ လက်နက်နဲ့ ဖြေရှင်းခြင်းကသာလျှင် အကောင်းဆုံးလမ်းစဉ်လို့ ခံယူတဲ့ အခါ ခရစ္စမတ်ရဲ့သတင်းစကားဟာလည်း မှေးမှိန်ပျောက်ကွယ်သွားရပါတယ်။ မျှော်လင့်ခြင်းပါရမီ ဟာလည်း စွမ်းအားကြီးတဲ့ပါရမီဖြစ်တယ်ဆိုတာ မမေ့ပါနဲ့။ ဒီခရစ္စမတ်မှာ အဲဒီပါရမီကို ဖြည့်ဆည်း ဖို့ ကျွန်ုပ်တို့ ကြိုးစားရပါလိမ့်မယ်။
ပထမဆုံးသောခရစ္စမတ်မှာ သန့်ရှင်းသောအိမ်ထောင်စုကြုံခဲ့ရတဲ့ ဆင်းရဲဒုက္ခမျိုးစုံအတိုင်း ကျွန်ုပ်တို့လည်း ကြုံတွေ့နေကြရပါတယ်။ ခွဲခြားဆက်ဆံခံရတယ်၊ ဆင်းရဲချွတ်ခြုံကျလာတယ်၊ ပူပန် သောကစိတ်နဲ့ နေရတယ်၊ အိုးအိမ်တွေစွန့်ခွာထွက်ပြေးရတယ်၊ ဒုက္ခသည်ဘ၀ကို ရောက်ခဲ့ကြရ တယ်။ ဒါပေမဲ့ ခရစ္စမတ်ညမှာ ကောင်းကင်တမန်တော်တွေ ငြိမ်းချမ်းရေးတေးသီကျူးခဲ့ကြသလို ကျွန်ုပ်တို့လည်း ငြိမ်းချမ်းရေးအကြောင်းကို ပိုပြီးပြောဖို့ လိုပါတယ်။ ဒီနိုင်ငံမှာ လိုအပ်နေတာက လက်နက်တွေမဟုတ်ပါဘူး။ ပြန်လည်ကုစားဖို့ပဲ လိုနေတာပါ။ လက်နက်ကိုင်တဲ့အရေအတွက် ထက် ကုသပေးမယ့်သူအရေအတွက်ကို ပိုလိုအပ်နေတာပါ။ ယေဇူးဘုရားရှင်ဟာ ထာ၀ရကုသ ခြင်းအရှင်ဖြစ်တော်မူသည့်အတိုင်း ကျွန်ုပ်တို့နိုင်ငံမှာလည်း ပြန်လည်ကုစားပေးမယ့်သူတွေလိုအပ် နေပါတယ်။
ကောင်းကင်တမန်တော်တွေ တေးသီကျူးတဲ့နေရာဟာ နန်းတော်နဲ့ လူကုံထံတွေရဲ့ စံအိမ် တွေမဟုတ်ဘဲ နွားစားခွက်အပေါ် ဖြစ်နေပါတယ်။ ဂုဏ်ပကာသနရယ်လို့ ဘာမှမရှိတဲ့ နွားစားခွက် ဟာ ငြိမ်းချမ်းရေးအစပြုရာနေရာဖြစ်လာပါတယ်။ ထိုနည်းတူစွာ ကျွန်ုပ်တို့ဟာလည်း ငြိမ်းချမ်းစွာ ဖြေရှင်းနိုင်မယ့်နည်းလမ်းတွေနဲ့ အဖြေရှာကြဖို့ ကျွန်ုပ်တောင်းဆိုပါတယ်။
၂၀၂၁-ခရစ္စမတ်ကတော့ ကြော်ငြာဆန်တဲ့ ခရစ္စမတ်အလှအပအပြင်အဆင်တွေမရှိတဲ့ အတွက် ဘက်သလေဟင်က ပထမဆုံးခရစ္စမတ်နဲ့ ပိုတူလာပါတယ်။ သန့်ရှင်းသောအိမ်ထောင်စု ကြုံခဲ့ရသလိုပဲ ကျွန်ုပ်တို့ဟာလည်း ပူပန်စိတ်နဲ့ ပြေးလွှားပုန်းခိုနေကြရပါတယ်။ ဒီလိုအချိန်မှာ တောင် ယေဇူးသူငယ်တော်က ကမ္ဘာပေါ်မှာ ငြိမ်းချမ်းခြင်းရှိဖို့ မိန့်ကြားသွားခဲ့ပါတယ်။
ကျွန်ုပ်တို့ရဲ့ပြည်သူသန်းပေါင်းများစွာခံစားနေရတဲ့ဒုက္ခဟာ လျစ်လျူရှုထားခြင်းမခံရပါဘူး။ ကျွန်ုပ်တို့ရဲ့ဘုရားရှင်ဟာ ကျွန်ုပ်တို့ရဲ့ဘေးဒုက္ခတွေ၊ အသက်အန္တရာယ်အတွက် ပူပန်မှုတွေ၊ ပြေး လွှားခိုလှုံနေကြရတာတွေကို သိရှိတော်မူတဲ့အတိုင်း ]]ငါဟာ လူ့ဇာတိအဖြစ်ကို ယူပြီး သင်တို့နဲ့ အတူရှိနေတဲ့ ဧမာနူအဲလ်ဘုရားဖြစ်တယ်။ မတရားအကြမ်းဖက်မှုကြောင့် ကျခဲ့ရတဲ့သွေးစက်တိုင်း၊ ပူဆွေးလို့ ငိုကြွေးရတဲ့ မျက်ရည်တိုင်း၊ ဆာလောင်နေတဲ့ကလေးငယ်တွေရဲ့ ညည်းတွားသံတိုင်း၊ အပြစ်မဲ့ပြည်သူတွေကို တိတ်တဆိတ်မြှုပ်နှံတဲ့အခါတိုင်းမှာ ငါရှိနေပါတယ်။ သင်တို့အတွက် ငါ့ရဲ့ တစ်ပါးတည်းသောသားတော်ကို စွန့်လွှတ်ခဲ့တဲ့အထိ သင်တို့ကို ငါချစ်တယ်ဆိုတာကို သတိရပါ}}လို့ မိန့်ဆိုနေပါတယ်။
ချစ်လှစွာသော ညီအစ်ကိုမောင်နှမတို့…
ပထမဆုံးသောခရစ္စမတ်မှာ သူငယ်တော်ယေဇူး၊ မာရိယာ၊ ဇူဇယ်တို့ရင်ဆိုင်ကြုံတွေ့ခဲ့ရတာ တွေက အဆိုးတွေချည်းပဲ မဟုတ်ပါဘူး။ သူတို့ဟာ အဲဒီအချိန်ကနေစပြီး မျှော်လင့်ချက်နဲ့ ခရီးပြု နေကြသူတွေဖြစ်လာပါတယ်။ ဒါကြောင့် ဒီခရစ္စမတ်မှာ ကျွန်ုပ်တို့ရဲ့ဘ၀ကိုလည်း စိတ်ပျက်အား ငယ်မှုတွေနဲ့ပဲ မနစ်မွန်းစေချင်ပါဘူး။ ဒီလိုဖြစ်သွားရင် စာတန်နတ်ဆိုးက ခရစ္စမတ်ရဲ့အနှစ်သာရ ကို ဖျက်ဆီးပြီး အောင်ပွဲခံသွားပါလိမ့်မယ်။ ကျွန်ုပ်တို့ရဲ့ ဧမာနူအဲလ်ဘုရားရှင်ကိုယ်တော်တိုင် လူ့ ဇာတိဘ၀နဲ့ ဆင်းရဲဒုက္ခမျိုးစုံခံယူပြီးတဲ့နောက် သေမင်းကို အောင်နိုင်ခဲ့တာကို ထောက်ခြင်းအား ဖြင့် မကောင်းမှုတိုင်းမှာ အဆုံးသတ်ရှိစမြဲပဲဆိုတာကို သတိရဖို့ လိုပါတယ်။ ဒါကြောင့် ကျွန်ုပ်တို့ ဟာ မျှော်လင့်ချက်ကို မစွန့်လွှတ်ဘဲ ဆုပ်ကိုင်ထားရပါလိမ့်မယ်။
ယေဇူးဘုရားရှင်ဟာ ကျွန်ုပ်တို့ကို စိတ်သစ်လူသစ်ဖြစ်စေဖို့ စောင့်မျှော်နေပါတယ်။ ကိုယ် တော်ဘုရားရှင်ဟာ မကောင်းမှုကို အလျှော့မပေးဘဲ ငြိမ်းချမ်းခြင်းတရားကို ဟောကြားပါလိမ့် မယ်။ စစ်မှန်တဲ့စွမ်းအားဟာ အစေခံခြင်းကသာ လာတယ်ဆိုတာကို ပြသပါလိမ့်မယ်။ ဒီနိုင်ငံမှာ ကရုဏာစိတ်ထားကို အားလုံးလက်ကိုင်ထားဖို့ လိုပါတယ်။ ကရုဏာတရားဟာ လမ်းစဉ်ဖြစ်တယ်၊ သမ္မာတရားဖြစ်တယ်၊ အလင်းဖြစ်တယ်လို့ ကိုယ်တော်သွန်သင်နေပါတယ်။ ဒီခရစ္စမတ်ကနေစပြီး မျှော်လင့်ချက်တွေ၊ ဝမ်းမြောက်ပျော်ရွှင်မှုတွေ၊ တရားမျှတမှုတွေ ပြန်လည်ထွန်းကားလာပါစေ။
ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်နိုင်မယ့်ပတ်ဝန်းကျင်ကို ကျွန်ုပ်တို့ဖန်တီးနိုင်ပါတယ်။ ခရစ္စ မတ်ညမှာ ကွင်းပြင်ထဲက သိုးထိန်းတွေကို ကောင်းကင်တမန်တော်ထင်ရှားပြတော့ ကြောက်ရွံ့ ထိတ်လန့်စိတ်ဖြစ်ပေါ်တဲ့အခါ တမန်တော်က ]]မကြောက်ကြနှင့်။ လူအပေါင်းတို့အတွက် အလွန် ဝမ်းမြောက်ရာဖြစ်စေမည့်သတင်းကောင်းကို ငါသည် သင်တို့ထံသို့ ယူဆောင်လာ၏။ အကြောင်း မူကား ခရစ်တော်သခင်တည်းဟူသော ကယ်တင်ရှင်သည် ဒါဝိဒ်၏မြို့၌ သင်တို့အဖို့ ဤယနေ့တွင် ဖွားမြင်တော်မူပြီ}}လို့ မိန့်ကြားခဲ့ပါတယ်။
ကျွန်ုပ်တို့နိုင်ငံမှာလည်း အဲဒီလိုမျှော်လင့်စိတ်နဲ့ ရှင်သန်ရပါလိမ့်မယ်။ မကြာမီမှာ ငြိမ်းချမ်း ရေးတေးသီချင်းတွေဆိုကြရလိမ့်မယ်လို့ ကျွန်ုပ်အခိုင်အမာယုံကြည်ထားပါတယ်။ နွားစားခွက်က သတင်းစကားဟာ အမိုက်မှောင်အားလုံးကို ဖယ်ရှားပါစေ။ ဤမြေပေါ်မှာ ငြိမ်းချမ်းရေးအလင်း တန်းတွေဖြာဝေပါစေ။
သာယာငြိမ်းချမ်းတဲ့ခရစ္စမတ်ဖြစ်ပါစေ။
432  Views
Previous: Cardinal Charles Bo: Myanmar can hear the voice of angels for peace and reconcile and we can all  can come back home
Next: ဆရာတော်ကြီး မာကုတင်ဝင်းမှ အိမ်ခြေယာမဲ့များအား ခရစ္စမတ်အလှူအဖြစ် ကြက်ဆီထမင်းဗူးများ လိုက်လံဝေငှပေးခဲ့ခြင်