ဂလိုရီယာသတင်းဂျာနယ်၏ ၂၀၁၇ ခုနှစ်အတွက် ဂုဏ်ပြုထိုက်သော ပုဂ်္ဂိုလ်များရွေးချယ်ကြေညာခြင်း Persons of The Year 2017

၁။ ဂလိုရီယာ သတင်းဂျာနယ် ၏အယ်ဒီတာချုပ်က မြန်မာနိုင်ငံ ကက်သလစ်ဆ ရာတော်ကြီးများ ၏အဖွဲ့ချုပ်ဥက္ကဌနှင့် ကလေးကက်သလစ်သာသနာ ၏ဂိုဏ်းအုပ် ဆရာတော်ကြီးဖြစ်တော် မူသောဆရာတော် ကြီးဖေးလစ်လျန်ခဲန်း ထန်နှင့်ရန်ကုန် ကက်သလစ်ဂိုဏ်း ချုပ်ဆရာတော်  ကြီးကာဒီနယ် ချားလ်စ်ဘိုတို့အား ၂၀၁၇ ခုနှစ်၏    ဂုဏ်ပြု ထိုက်သောပုဂ်္ဂိုလ်များ အဖြစ်ရွေးချယ် လိုက်ပါသည်။

ဆရာတော်ကြီး နှစ်ပါးတို့သည် မြန်မာနိုင်ငံကက်သလစ်ဆရာတော်ကြီးများ၏အဖွဲ့ချုပ်အားပထမဆုံးအကြိမ်အဖြစ် မြန်မာနိုင်ငံကက်သလစ် ဆရာတော်ကြီးများ၏ အဖွဲ့ချုပ်၏ ၂၀၁၈ ခုနှစ်မှ၂၀၂၂ ခုနှစ်အထိ တိုင်းပြည်ပြန်လည်တည်ဆောက်ခြင်း(၅) နှစ်တာအစီအစဉ်ကိုလည်း    ကောင်း၊ ဘာသာပေါင်း စုံငြိမ်းချမ်းညီလာခံကိုလည်း  ကောင်း၊ ဦးဆောင်နိုင်ခဲ့ကြခြင်းတို့ကြောင့် ဂလိုရီယာသတင်းဂျာနယ်၏၂၀၁၇ ခုနှစ်အတွက် ဂုဏ်ပြုထိုက်သောပုဂ်္ဂိုလ်များအဖြစ်ရွေးချယ်လိုက်ရခြင်းဖြစ်ပါသည်။

၂။ ဂလိုရီယာ သတင်းဂျာနယ်၏ အယ်ဒီတာချုပ်က နိုင်ငံတော်သမ္မတ ဦးထင်ကျော်၏ (၆) သိန်းကျော်သော မြန်မာနိုင်ငံရှိ ကက်သလစ်ခရစ်ယာန် ဘာသာဝင်များ၏ လေး စားကြည်ညိုရသော ရဟန်းမင်းကြီးအား မြန်မာနိုင်ငံသို့ ကြွရောက်နိုင်ရန် ဖိတ်ခေါ်ပေးခဲ့ခြင်းကြောင့် ၂၀၁၇ ခုနှစ်၏ ဂုဏ်ပြုထိုက်သော ပုဂ်္ဂိုလ်အဖြစ်ရွေးချယ်လိုက်ပါသည်။

၃။ ဂလိုရီယာသတင်းဂျာနယ်၏ အယ်ဒီတာချုပ်က ကချင်ပြည်နယ်၊ မြစ်ကြီးနားကက်သလစ်သာသနာမှ သာမန်ကက်သလစ်ဘာသာဝင်ဖြစ်ပြီး ဂျိုးဇက်ပညာရေးကျောင်း (JEI) ၏ ကျောင်းသားဟောင်း တစ်ဦးဖြစ်သူ ဦးဂျိုးဇက်မြတ်စိုးလတ်အား ၂၀၁၇ ခုနှစ်၏ ဂုဏ်ပြုထိုက်သောပုဂ်္ဂိုလ်အဖြစ် ရွေးချယ်လိုက်ပါသည်။

ဦးဂျိုးဇက်မြတ်စိုးလတ်သည် ၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလ ၂၇ ရက်မှ ၃၀ ရက်နေ့အထိ မြန်မာနိုင်ငံသို့ ကြွရောက်လာသော ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ်ကို ဖူးမျှော် နိုင်ရန်အတွက် ကချင်ပြည်နယ်မှ ဘုရားဖူးခရီးသည် (၃၇၀၀) ကျော်အား မီးရထားကို ကောင်းမွန်စွာစီးနှင်းနိုင်ကြရန်အတွက် ရထားတွဲဆိုင်း(၅) တွဲကို စွမ်းစွမ်းတမံ စီမံလုပ်ဆောင်နိုင်ခဲ့ခြင်းကြောင့်ဂလိုရီယာသတင်းဂျာနယ်၏ ၂၀၁၇ ခုနှစ်အတွက် ဂုဏ်ပြုထိုက်သောပုဂ်္ဂိုလ်အဖြစ် ရွေးချယ်လိုက်ရခြင်းဖြစ်ပါသည်။

၄။ ဂလိုရီယာသတင်းဂျာနယ်၏ အယ်ဒီတာချုပ်က ကယားပြည်နယ်မှ ကိုမာရီးယိုအား ၂၀၁၇ ခုနှစ်၏ ဂုဏ်ပြုထိုက်သောပုဂ်္ဂိုလ်အဖြစ် ရွေးချယ်လိုက်ပါသည်။ သူသည် ကယားပြည်နယ်တွင် ပြုလုပ်သော လွိုင်ကော် ငြိမ်းချမ်းရေးစကားဝိုင်းတွင် ပါဝင်ဆွေးနွေးသူ (၈) ဦးအနက်တစ်ဦးဖြစ်ပြီး ၎င်း၏ ဆွေးနွေးမှုများအပေါ် ဆွေးနွေးပွဲလာပရိသတ်များက သြဘာပေးခဲ့သည်။ ကိုမာရီးယိုက ကယားပြည်နယ်ရှိ ပြည်သူများ၏ဘဝကို အကျိုးမပြုသော မူဝါဒများကို အစိုးရက ပြုပြင်ပြောင်းလဲ လုပ်ဆောင်နိုင်ရန် ဒေါ်အောင်ဆန်းစုကြည်အား မကြောက်မရွံ့ ပြောပြနိုင်ခဲ့ခြင်းကြောင့် ကိုမာရီးယိုအား ရွေးချယ်လိုက်ရခြင်းဖြစ်ပါသည်။

၅။ ဂလိုရီယာသတင်းဂျာနယ်မှ ၂၀၁၇ ခုနှစ်၏ စံပြပုဂ်္ဂိုလ်အဖြစ် မိုးမိတ်မြို့နယ်တွင်နေထိုင်သော မလှလှထွေးကို ရွေးချယ်လိုက်ပါသည်။အသက် ၁၂ နှစ် အရွယ်သာ ရှိသေးသော မလှလှထွေးသည် ဘိန်းစွဲနေသော မိဘနှစ်ပါးကြောင့် အစာရေစာပြတ်လတ်ပြီး သေလုမျောပါးဖြစ်နေ ပြီဖြစ်သော (၆) ရက်သားသာ ရှိသေးသော ညီမကလေးနှင့် (၅) နှစ်သား မောင်လေးဘဝကို ကယ်တင်ရန်အတွက် မိဘတို့ကို တိုင်ပင်ခြင်းမပြုတော့ဘဲ ရဲရင့်သော ဆုံးဖြတ်ချက်ကို ချမှတ်ပြီး မိမိရွာမှ မိုင် (၃၀) ဝေး   သော မိုးမိတ်ဆေးရုံသို့ ပြေးခေါ်လာသောကြောင့်ဤကဲ့သို့ ရွေးချယ်လိုက်ရခြင်း ဖြစ်ပါသည်။

၆။ ဂလိုရီယာသတင်းဂျာနယ်၏ အယ်ဒီတာချုပ်က ရန်ကုန်မြို့ စိန်မေရီကာဒီဒြယ် ကျောင်းထိုင်ဘုန်းတော်ကြီး ဖာသာရ် ဒေါမိနစ်သက်တင်အား ၂၀၁၇ ခုနှစ်၏ ဂုဏ်ပြုထိုက်သောပုဂ်္ဂိုလ်အဖြစ် ရွေးချယ်လိုက်ပါသည်။ သူသည် ကက်သလစ်ခရစ်ယာန် ကလေးငယ်များကို ဘာသာရေးဆိုင်ရာ သင်ကြားပေးခြင်း၌ ကောင်းမွန်ခြင်းနှင့် ရဟန်း မင်းကြီးခရီးစဉ်အတွင်း ဝတ်ပြု ကိုးကွယ်ခြင်းဆိုင်ရာဝတ်ရုံနှင့်အခမ်းအနား ပြင်ဆင်ခြင်းတို့တွင် အားကြိုးမာန်တက်စွာ လုပ်ဆောင်နိုင်ခဲ့ခြင်းကြောင့် ဂလိုရီယာသတင်းဂျာနယ်၏ ၂၀၁၇ ခုနှစ်အတွက် ဂုဏ်ပြုထိုက်သောပုဂ်္ဂိုလ်အဖြစ် ရွေးချယ်လိုက်ရခြင်း ဖြစ်ပါသည်။

960  Views
Previous: အယ်ဒီတာ့အာဘော် (ဇန်နဝါရီလ၊ ၂၀၁၈ ခုနှစ်ထုတ်) (၂၀၁၇) ခုနှစ်အတွင်းက ဂလိုရီယာသတင်းဂျာနယ်အခြေအနေကို အစီရင်ခံခြင်း
Next: ကာဒီနယ်များသည် ဆရာတော်များထက် ပိုပြီးအာဏာမရှိပါ။