ဂလိုရီးယားသတင်းဂျာနယ်တိုက်မှ သတင်းမီဒီယာပညာသင်ထောက်ပံ့ကြေးကြေညာ

13-s

ဂလိုရီးယားသတင်းဂျာနယ်တိုက်သည် မြန်မာနိုင်ငံရှိခရစ်ယာန်လူငယ်မောင်မယ်များ၏အသိုင်းအဝိုင်းထဲတွင် သတင်း မီဒီယာနည်းပညာများ ပိုမိုတိုးတက်လာရန်နှင့်ကျွမ်းကျင်သောသတင်းထောက်များ ပေါ်ထွက်လာရန်ရည်ရွယ်ပြီး ပညာ သင်ထောက်ပံ့ကြေး ကျပ် (၃၀) သိန်းတိတိကို အောက်ပါစံနှုန်းများဖြင့် ကြေညာအပ်ပါသည်။

၁။ အသက် ၁၈ နှစ်အထက်နှင့် ၃၀ အောက် ရှိသူဖြစ်ရမည်။

၂။ မြန်မာနိုင်ငံသား ဖြစ်ရမည်။ အမျိုးသားရော၊ အမျိုးသမီးများအားလုံး လျှောက်နိုင်သည်။ မသန်စွမ်းသူများကို ဦးစားပေးရွေးချယ်မည် ဖြစ်သည်။

၃။ ကက်သလစ်ခရစ်ယာန်ဘာသာဝင် ဖြစ်လျှင် ပိုကောင်းသည်။

၄။ မည်သည့်ဘာသာဝင်မဆို လျှောက်ထားနိုင်သည်။

၅။ အနည်းဆုံး (၁၀) တန်းရှုံးသူ (ဝါ) အောင်မြင်သူ ဖြစ်ရမည်။

၆။ သင်တန်းပြီးဆုံးပါက ဂလိုရီးယားသတင်းဂျာနယ်တွင် အနည်းဆုံး (၁) နှစ် အလုပ်လုပ်နိုင်ရမည်။ ၎င်းနှစ်အတွင်း လစာ ပေးမည် ဖြစ်သည်။

၇။ သင်တန်းကာလအတွင်း ဂလိုရီးယားသတင်းဂျာနယ်တိုက်မှ သင်တန်းသူ/သားများ၏ ခရီးသွားလာစရိတ် များ၊ နေရာထိုင်ခင်း၊ စားစရိတ်များကို ထောက်ပံ့ပေး မည်ဖြစ်သည်။

၈။ သင်တန်းကာလသည် (၃) လ ကြာမြင့်မည် ဖြစ်သည်။ ၎င်းသင်တန်းကို ၂၀၁၄ ခုနှစ်၊ စက်တင်ဘာလတွင် စတင် မည်ဖြစ်ပြီး ဒီဇင်ဘာလတွင် ပြီးဆုံးမည် ဖြစ်ပါသည်။

၉။ ၎င်းသင်တန်းကိုပြီးဆုံးပြီး မီဒီယာတွင် အသက်မွေးဝမ်းကျောင်းပြုလိုသူများကို နိုင်ငံခြားသို့ ဆက်လက်ပညာတော် သင် စေလွှတ်မည် ဖြစ်သည်။

၁၀။ ပညာတော်သင်ထောက်ပံ့ကြေးသည် မြန်မာကျပ်ငွေ (၃၀) သိန်းသုံးဆယ်တိတိ ဖြစ်သည်။

၁၁။ လူဦးရေ (၆) ဦးကိုသာ ရွေးချယ်မည် ဖြစ်ပါသည်။

၁၂။ လျှောက်လွှာကို ၂၀၁၄ ခုနှစ် နိုဝင်ဘာလ (၁၄) ရက်နေ့နောက်ဆုံးထားပြီး ပေးပို့ကြရမည်။

၁၃။ ၎င်းထောက်ပံ့ကြေးကို လျှောက်ထားလိုလျှင် အောက်ပါအတိုင်းရေးသားပေးပိုရမည်။

——————————————————————————————————————————————————————————————–

“ လျှောက်လွှာရေးပုံရေးနည်း”

သို့

အယ်ဒီတာချုပ်

ဂလိုရီးယားသတင်းဂျာနယ်

ရန်ကုန်။

ရက်စွဲ။—————————————

အကြောင်းအရာ။ ဂလိုရီးယားသတင်းဂျာနယ်မီဒီယာပညာတော်သင်ထောက်ပံ့ကြေးလျှောက်ထားခြင်း

အထက်ပါအကြောင်းအရာနှင့်ပတ်သက်ပြီး “ကျွန်တော်/မ (နာမည်ရေးရန်—————————————) သည် ဂလိုရီးယားသတင်းဂျာနယ်တိုက်မှ ကြေညာသော မီဒီယာပညာကို သင်ကြားလိုပါသဖြင့် ဂျာနယ်တိုက်၏ ပညာတော်သင်ထောက်ပံ့ကြေးကို ပေးအပ်နိုင်ပါရန် လျှောက်ထားအပ်ပါသည်။ မိမိသည် ၎င်းပညာတော်သင်ထောက် ပံ့ကြေးကို ရရှိပါက ဂျာနယ်တိုက်၏ စည်းမျဉ်းအတိုင်း လိုက်နာလုပ်ဆောင်မည်ဖြစ် ပါသည်။” ဟု ရေးထားသော စာရွက်ပေါ်တွင် လျှောက်ထားသူသည် လက်မှတ်ရေးထိုးပြီး ၎င်းလျှောက်လွှာကို ဂလိုရီးယားသတင်းဂျာနယ်တိုက်သို့ စာတိုက်ဖြင့် ပေးပို့ရမည် ဖြစ်ပါသည်။

(လက်မှတ်)

(လျှောက်ထားသူ၏အမည်)

တွဲပို့ရမည့်စာရွက်စာတမ်းများ

– အိမ်ထောင်စုစာရင်းမိတူ

– လျှောက်ထားသူ၏မှတ်ပုံတင်မိတူ

-လျှောက်ထားသူ၏ ရောင်စုံဓါတ်ပုံ (ပတ်စ်ပို့ပုံ)

– ဆက်သွယ်ရန်လိပ်စာ၊ ဖုန်းနံပါတ်၊ အီးမေးလ်အသေးစိတ်ကိုပါ လျှောက်လွှာစာရွက်တွင် ရေး သားဖော်ပြရမည်။

 

ဂလိုရီးယားသတင်းဂျာနယ်တိုက်၏ လိပ်စာ

အယ်ဒီတာချုပ်၊

ဂလိုရီးယား ဂျာနယ်တိုက်
(၇)လွှာ၊ အခန်း(၇၀၅)၊ ကမ်းသာယာပလာဇာ၊ ကမ်းနားလမ်း၊
ကြည့်မြင်တိုင်မြို့နယ်၊ ရန်ကုန်မြို့။
ဖုန်း- ၀၉၅၀၄၀၄၇၇၊ ၀၉-၄၂၁၀၀၆၇၄၁

Email: glorianews98@gmail.com, chief-editor@glorianewsmm.com

1841  Views
Previous: ၂၀၁၄ ခုနှစ်၊ ဇွန်လထုတ် ဂလိုရီးယားသတင်းဂျာနယ် ထွက်ပြီ
Next: မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီ(ယာယီ)မှထုတ်ပြန်သည့် မီဒီယာအစီအစဉ်များဆိုင်ရာ ကျင့်ဝတ်များ