ငါတို့အမေဟာ ကောင်းကင်တံခါးဝမှာ စောင့်နေဟု အမိမေရီ၏ကောင်းကင်ဘုံ ပင့်ဆောင်ခြင်းခံရသောပွဲနေ့၌ ရဟန်းမင်းကြီး ဖရန်စစ်အရှင်သူမြတ်က ဟောကြား


သြဂုတ်လ ၁၅၊ ၂၀၁၉

အမိ မယ်တော်သခင်မ (မေရီ) ၏ ကောင်းကင်ဘုံ ပင်ဆောင်ခံရခြင်းသည် ကျွန်ုပ်တို့လူသား အားလုံး အတွက် ကောင်းကင်လမ်း၊ ကောင်းကင်တံခါး ဖွင့်ပေးလိုက်ခြင်းဖြစ်သည်ဟု ရဟန်းမင်းကြီးဖရန်စစ်အရှင် သူမြတ်က သြဂုတ်လ (၁၅) ရက်နေ့က ဟောကြားတော်မူလိုက်သည်။
အရှင်သူမြတ်က ““ကျွနု်ပ်တို့လူသားတွေအနေနဲ့ ကြောက့်ရွံ နေဖို့မလိုတော့ဘူး။ ယုံကြည်ခြင်းပြည့်ဝစွာနဲ့ အထက်ကို မျှော်ကြည့်ပြီး အမိမယ်တော်ကို ကျေးဇူးတင်ရန်သာ ဖြစ်ကြောင်း၊ မယ်တော်သခင်မ ကောင်းကင်ဘုံ ပင့်ဆောင်ခံရတဲ့ပွဲနေ့ ရှင်လုကားရဲ့ ဧဝံဂေလိကျမ်းမှာ ““ငါ၏ဝိညာဉ်သည် ထာဝရဘုရားသခင်ကို ချီးမွမ်း၏။ ငါ၏စိတ်နှလုံးသည် ငါကိုကယ်တင်တော်မူသော အရှင်ဘုရား၌ ဝမ်းမြောက်ရွှင်လန်းခြင်းရှိ၏”” လို့ အမိမယ်တော် ကြွေးကြောခဲ့တယ်။ ကျွနု်ပ်တို့ဘဝမှာ လှပတဲ့အရာတစ်ခုခု ဖြစ်လာရင် ကျွနု်ပ်တို့ဝမ်းမြောက်ကြတယ်၊ ကျွနု်ပ်တို့ ဝမ်းမြောက်တဲ့အရာက အတွင်းစိတ်ဝိညာဉ်တည်းမှာ ဝမ်းမြောက်ရုံနဲ့ မပြည့်ဝသေးပါဘူး။ ကျွန်ုပ်တို့ရဲ့ စိတ်ရောခန်္ဓာပါ အတူတကွ ဝမ်းမြောက်မှုကို ဖော်ပြကြရမယ်”” ဟု သွန်သင်တော်မူသည်။
ဆက်လက်ပြီး ““မယ်တော် (မေရီ) က ဘုရားသခင်ကြောင့် ဝမ်းမြောက်ရွင်လမ်းခဲ့တယ်၊ ဒီအချက်က တို့တတွေကို သူမကဲ့သို့ ဘုရားသခင်၌ ဝမ်းမြောက်ရွင်လန်းတပ်ဖို့ ဘုရားပြုလုပ်ပေးသော ကြီးမားသောအရာများ အတွက် ပျော်ရွှင်ဝမ်းမြောက်တပ်ဖို့ သင်ကြားပေးနေခြင်းဖြစ်တယ်။ ဘုရားရဲကြီးမြတ်မှု၊ ကောင်းမြတ်မှုကို ချီးမွမ်းတတ်ရမယ်။ မယ်တော်က ဘုရားသခင်ရဲ့ကြီးမြတ်မှုကို ချီးမွှမ်းခဲ့တယ်၊ ဒီနေရာမှာ အမိမယ်တော်က ကျွန်ုပ်တို့ကို ဘဝမှာ စစ်မှန်စွာပျော်ရွှင်ခြင်တယ်ဆိုရင် ဘုရားသခင် တစ်ပါးတည်းသာလျှင် အကြီးမြတ်ဆုံးဖြစ် တယ်၊ ဘုရားကို အရာရာထက်ပထမ ဦးစားပေးနေရာမှာထားရမယ် ဆိုတဲ့အချက်ကို သင်ပြပေးနေတယ်ဆိုတာ သတိရှိရမယ်။ ဘဝမှာ သေးသိမ်တဲ့အရာတွေ ဖြစ်တဲ့ မနာလိုခြင်း၊ တစ်ပါးသူကို စီရင်ဆုံးဖြတ်ခြင်း၊ တစ်ဦးနှင့်တစ်ဦး မာနဂုဏ်ပြိုင်ခြင်း၊ တပါးသူကို မကောင်းမြင်နေခြင်း စသည့် အရာတွေနဲ့လမ်းပျောက်မနေကြဖို့ သတိထားကြ ရမယ်”” ဟု အရှင်သူမြတ်က ဘာသာဝင်များအား သတိပေးမိန့်ကြားတော်မူသည်။
““အရေးမကြီးတဲ့ အပေါ်ယံက လောကတပ်မက်စေသော အရာတွေနောက်ကိုလိုက်ပြီး လမ်းပျောက် မနေကြဖို့ သတိထားပြီး အမိမယ်တော်ကဲ့သို့ ဘုရားသခင်သည် ကျွန်ုပ်တို့ဘဝကို ပြီးမြောက်ပြည့်စုံစေမယ် ဆိုတဲ့ ခိုင်မာသောယုံကြည်ခြင်းနှင့် ဘုရားကို မျှော်ကြည့်တပ်ရမယ်။ မယ်တော်သခင်မဟာ ကောင်းကင်ဘုံကို ဝိညာဉ်နှင့်ခန်္ဓာပါ ပင့်ဆောင်ခံရသော ကျွန်ုပ်တို့လူသားများ ထဲက လူသားတစ်ဦးဖြစ်တယ်။ ဒါကြောင့်မို့လည် ကျွန်ုပ်တို့တတွေ အမိမယ်တော်ကို ““ကောင်းကင်နိုင်ငံ၏ တံခါးတော်”” လို့ တင်စားခေါ်ဆိုကြတယ်။ တို့သတိထားရမဲ့ အချက်က အမိမယ်တော်ဟာ ကောင်းတံခါးဝကနေ သူရဲ့သားသမီးတွေဖြစ်တဲ့ ကျွန်ုပ်တို့ကို မိခင်တစ်ယောက် အနေနဲ့ စောင့်ကြိုနေတယ်ဆိုတာ သိဖို့ဖြစ်တယ်”” ဟု ရဟန်းမင်းကြီးက မီးမောင်းထိုးပြတော်မူသည်။
ရဟန်းမင်းကြီးက ““ကျွန်ုပ်တို့ခရစ်ယာန်များရဲ့ အသက်တာဟာ ကောင်းကင်နိုင်ငံကို ဦးတည်ပြီး သွားနေကြတဲ့ခရီးသွားတွေ ဖြစ်တယ်။ ဒါကြောင့် ကျွန်ုပ်တို့တတွေ မျော်လင့်တောင်းတနေတဲ့ ထာဝရသုခဘုံကို ဦးတည်ချက်မပျောက်ဘဲ လျှောက်လှမ်းနိုင်အောင် သခင်ခရစ်တော် အမိမယ်တော်တို့၏ ကူညီစောင်မမူ့တွေကို တောင်းခံပြီး လျှောက်လှမ်း နေကြရမယ်။ ထာဝရအသက်ကို မေ့လျှော့သွားသူတွေ၊ ကောင်းကင်ဘုံကို မျှော့်လင် ချက်မဲ့သွားသူတွေ၊ သံသယစိတ်တွေနဲ့ပြည့်ဝနေသူတွေဟာ လောကအရာတွေရဲ့ လွှမ်းမိုးချုပ်ကိုင်ခံရမူကြောင့် အောက်အရပ် ဖြစ်တဲ့လောက ပစ်္စည်းဥစ်္စာ လောက်သာကြည့်နေပြီး၊ အထက်အရပ်ကို မေ့နေကြတယ်။ ဒီကနေ့ မယ်တော် သခင်မကောင်းကင်ဘုံ ပင့်ဆောင်ခံရခြင်းပွဲနေ့က တို့တတွေရဲ့သံသယစိတ်တွေကို ပယ်ဖျက်ပြီး အမိမယ်တော် တက်သွားတဲ့ကောင်းကင်ဘုံ အထက်အရပ်ကို အာရုံပြုဖို့ အမိမယ်တော်ကတဆင့် ကောင်းကင်တံခါးပွင့်သွားပြီ ဆိုတာ သတိပေးနေခြင်းဖြစ်တယ်။ ဒါကြောင့် ကောင်းကင်နိုင်ငံဟာ တို့အတွက် ဝေးကွာတဲ့အရာ မဟုတ်တော့ဘူး၊ ကြောက်ရွံစိုးရိမ်ရမည့် အရာမဟုတ်တော့ဘူး ဘာကြောင့်လည်းဆိုတော့ ဒို့အမေက ဒို့ကို အဲ့ဒီမှာ စောင့်နေပြီ။ သင်ဟာ ဘုရားသခင် အတွက် တန်ဖိုးရှိတဲ့အရာဖြစ်တယ်၊ ထာဝရ ပျော်ရွှင်မူ့ကို ဘုရားနှင့်အတူခံစားဖို့ ဖန်ဆင်ခံထားရခြင်းဖြစ်တယ် ဆိုတဲ့ တို့ရဲ့တန်ဖိုးကို ဒို့အမေ အမိမယ်တော်မာရီယားက အမြဲး သတိပေးနေတယ်”” ဟု မိန့်ကြားတော်မူသည်။
နောက်ဆုံးအနေဖြင့် ““ဒို့တတွေ စိတ်ပုတီးစိတ်တဲ့အခါတိုင်း ဒို့မျော်လင့်နေတဲ့ ကောင်းကင်နိုင်ငံ စီကို ခြေတစ်လှမ်း တိုးတက်လာခြင်း ဖြစ်တယ် ဆိုတာ သတိရပါ။ သေးနုပ်တဲ့လောကအရာတွေကို ပယ်ဖျက်ပြီး ကြီးမြတ်သော ကောင်းကင်နိုင်ငံတော်ဆီကို စွဲးလမ်းကြဖို့၊ တို့ရဲ့ ထာဝရအိမ်တော်မှာ အမိမယ်တော် မိခင်မေတ်္တာအပြည့်နဲ့ သူသားသမီးတွေကို စောင့်နေတယ် ဆိုတဲ့ အသိနဲ့ ဘဝခရီးကို လျှောက်လှမ်းကြပါ”” ဟု ရဟန်းမင်းကြီး ဖရန်စစ်အရှင်သူမြတ်က ဘုရားဖူးသူတော်စင်များအား ဟောကြားတော်မူသည်။

794  Views
Previous: ဘုရားနှင့်အနီးကပ် အတူရှိနေသလို လူတွေနဲ့လည်း အတူရှိကြဖို့ ဆရာတော်အသစ်များအား ရဟန်းမင်းကြီး တိုက်တွန်း
Next: မယ်တော်သခင်မ၏ မွေးနေ့ပွဲတော်နှင့်ဗေလန်ကန်နီကျန်းမာခြင်းမစ်္ဆားတရားတော်ကို ကျင်းပ