စိန်ပေါလ်သီလရှင်အသင်းဂိုဏ်း၏ (၂၅) နှစ်ဂျူဗလီပွဲတော် ကျင်းပ

007

သန်လျင်၊ ဒီဇင်ဘာ ၆၊ ၂၀၁၅

ရဟန်းမင်းအမတ်ကာဒီနယ်ချားလ်စ်ဘို တည်ထောင်ထားသော စိန်ပေါလ်သီလရှင်အသင်းဂိုဏ်းက မိမိတို့အသင်းဂိုဏ်း တည်ထောင်ခြင်း၏ (၂၅) နှစ်ဂျူဗလီပွဲတော်ကို ဒီဇင်ဘာလ ၅ ရက်နေ့က သန်လျင်မြို့ရှိ မိမိတို့အသင်းဂိုဏ်း၏ဌာနချုပ်တွင် စည်ကားစွာ ကျင်းပခဲ့ကြသည်။ ၎င်းပွဲတော်သို့ ဖားအံကက်သလစ်ဆရာတော် ဂျက်စတင်းစောမင်းသိုက်၊ ပြည်ကက်သလစ်ဆရာတော် အလက်ဇန်္ဒား ပြုံးချိုနှင့် အတူ အနယ်နယ်အရပ်ရပ်မှ ရဟန်းတော်ပေါင်း (၁၅) နှင့်အတူ သီလရှင်များနှင့်ဘာသာဝင်ပေါင်း (၅၀၀) ကျော် ပါဝင်ဆုတောင်း ဆင်နွဲ့ခဲ့ကြသည်။

၎င်းဂျူဗလီပွဲတော်၏မစ်္ဆားပူဇော်ခြင်းကို ဂိုဏ်းတည်ထောင်သူကာဒီနယ်ချားလ်စ်ဘိုက ဦးဆောင်ကျင်းပပြီး တရားချွေရာတွင်၊ ဆရာတော် ချားလ်စ်ဘိုက ““အသင်းဂိုဏ်းကို ကူညီအားပေးကြသော ဖားအံကက်သလစ်ဆရာတော် ဂျက်စတင်းစောမင်းသိုက်၊ ပြည်ကက်သလစ် ဆရာတော် အလက်ဇန်္ဒားပြုံးချို၊ သာသနာအသီးသီးမှ ဆရာတော်ကြီးများနှင့် ရဟန်းတော်များ၊ ကျေးဇူးရှင်များ အား အထူးကျေးဇူးတင် လိုပါကြောင်း၊ ၂၅ နှစ်ခရီးမှာ အောင်မြင်မှုတွေ ရှိခဲ့သလို အားနည်းချက်တွေလည်း ရှိခဲ့ပါကြောင်း၊ ရှေ့က ဖတ်ရှုခဲ့သော အသင်းဂိုဏ်း၏ သမိုင်းကိုကြည့်လျှင် နေရာတကျမရှိဘဲ ဟိုပြောင်းဒီပြောင်းရင်းနဲ့ ၂၅ နှစ် ရောက်ပြီဖြစ် ကြောင်း၊ အစ်္စရေးလူမျိုးတွေဆိုရင် နှစ်ပေါင်း ၄၀ တိတိ ပြောင်းရွှေ့ခဲ့ရတာမို့ စိန်ပေါလ်အသင်းဂိုဏ်းအနေဖြင့် နောက်ထပ် ၁၅ နှစ် ပြောင်းရွှေ့ရန်လိုသေးကြောင်း၊ မြက်တို (ပုသိမ်)မှာ ရှိနေကြတဲ့ စိန်ပေါလ်ဘရာသာရ်တွေဟာလည်း မိမိတို့နေရာကို ပြည်သူပိုင်သိမ်းသလို အသိမ်းခံရမှာကို ကြောက်နေကြကြောင်း၊ လူကိုအားကိုးတာထက်၊ ပစ်္ဆည်းဥစ်္စာနဲ့မြေတွေငွေတွေကို အားကိုတာထက် တကယ်တော့ လူသတ်သမားစောလူးကို အကြီးမြတ် ဆုံးသောတမန်တော်ကြီး ပေါလူးဖြစ်လာအောင် ပြောင်းလဲစေခဲ့သော ခရစ်တော်ဘုရားကိုသာ အားကိုးမှီခိုရမှာ ဖြစ်ကြောင်း၊ မိမိတို့၏ အသင်းဂိုဏ်းကျင့်စဉ်နဲ့ဘဝကျင့်စဉ်အားဖြင့် အာမခံချက်ကို ထားရမှာ ကျင့်ကြံရမှာ ဖြစ်ကြောင်း၊ ကိုယ်တိုင်ကိုယ်ကျ ခရစ်တော်ဘုရား နဲ့ တွေ့ဆုံခြင်းဟာ အင်မတန်အရေးကြီး ပါကြောင်း”” ဖြင့် ဘုရားဖူးသူတော်စင်များအား မိန့်ကြားတော်မူသည်။

စိန်ပေါလ်သီလရှင်တစ်ပါးက ““ဒီဂျူဗလီပွဲတော်ရဲ့ကုန်ကျငွေတွေအတွက် ဖားအံကက်သလစ်ဆရာတော် ဂျက်စတင်းစောမင်းသိုက်က အဓိကထောက်ပံ့ပေးခဲ့ကြောင်း၊ ဆရာတော် စောမင်းသိုက်သည် ကျွန်မတို့ သီလရှင်တွေကို အမြဲတမ်းကူညီအားပေးနေသည်”” ဟု ရင်ဖွင့်စကား ပြောကြားသည်။

စိန်ပေါလ်သီလရှင်အသင်းဂိုဏ်း၏အကြီးအကဲဖြစ်သော စစ်္စတာရ်ရီတာကလည်း ဒီဂျူဗလီကျင်းပနိုင်ဖို့အတွက် ၃ နှစ်ပြင်ဆင်ခဲ့ ကြကြောင်း၊ စိန်ပေါလ်သီလရှင်ကျောင်းတိုင်းက တစ်နှစ်လျှင် ငွေကျပ်ခြောက်သောင်းစီ ထည့်ဝင်ကြရသလို ရန်ပုံငွေတွေလည်း ရှာဖွေကြ ရကြောင်း၊ ကျွန်မလက်ထက်တွင် ကျင်းပရတာမို့ မကျင်းပခင်အထိက စိုးရိမ်စိတ်များ ပြည့်နှက်နေခဲ့သော်လည်း အောင်မြင်စွာ ကျင်းပပြီး စီးနိုင်ခဲ့တာမို့ ဘုရားသခင်ကို အထူးကျေးဇူးတင်ကြောင်း၊ လားရှိုးဆရာတော်ကြီးဖိလစ်ဇာဟောင်းကလည်း ဂျူဗလီပွဲကျင်းပနိုင်ရေး အတွက် ငွေကြေးထောက်ပံ့ထည့်ဝင်ကူညီပေးတာမို့ ဆရာတော်ဖိလစ်ကိုလည်း အထူးကျေးဇူးတင်ကြောင်း ဖြင့် ဂလိုရီးယားသတင်းဂျာ နယ်သို့ ရင်ဖွင့်စကား ပြောကြားလိုက်သည်။

ဝတ်ပြုဆုတောင်းခြင်း ပြီးဆုံးသော်၊ ကာဒီနယ်ချားလ်စ်ဘိုနှင့်အသင်းဂိုဏ်းတို့က အသင်းဂိုဏ်းအပေါ် ကူညီလှူဒါန်းခဲ့ကြသောအလှူ ရှင်များကို ဂုဏ်ပြုလွှာများအား ချီးမြှင့်ပေးအပ်ခဲ့ကြသည်။ ၀၀၇ ကုန်ဇမှုန်း

1251  Views
Previous: ခရစ်စမတ်ပွဲနေ့တွင် ရုံးပိတ်သူ၊ ပွဲကျင်းပသောမူဆလင်ဘာသာဝင်များကို ဘရူနိုင်းဘုရင်က ထောင်ဒါဏ် (၅) နှစ် သတ်မှတ်
Next: လောက်တူစာပေတစ်ခုကိုသာ အသုံးပြုကြရန် ခရစ်ယာန်ဘာသာရေးခေါင်းဆောင် (ကက်သလစ်သာသနာ၊ နှစ်ခြင်းအသင်းတော်၊ ဧဝံဂေလိအသင်းတော်) များက ပဋိဉာဉ်စာချုပ် ချုပ်ဆို