စိန့်ဂျိုးဇက်ကက်သလစ်သီလရှင်များ၏ သပိတ်မှောက်ဆန့်ကျင်နေကြသော လူငယ်မိသားစုဝင်များ အပေါ် လူမှုရေးလုပ်ငန်းများ

ဆလိုင်းကုန်ဇမှုန်း

စိန့်ဂျိုးဇက်ကက်သလစ်သီလရှင်အသင်းဂိုဏ်းမှ သီလရှင်များသည် စစ်ကောင်စီကို သပိတ်မှောက်ဆန့်ကျင်နေကြသော လူငယ်များထဲမှ ဒါဏ်ရာဖြင့် သေဆုံးသွားကြသောမိသားစုဝင်များနှင့် အစားအသောက်အခက်အခဲရှိနေကြသော မီးရထားဝန်ထမ်းများတချို့ကို လည်ပတ်နှစ်သိမ့်ပေးခြင်း၊ ငွေကြေးအားဖြင့် ကူညီခြင်းနှင့်ဆန်ဆီဆားများကို ထောက်ပံ့ပေးခြင်းစသောလူမှုရေးလုပ်ငန်းများကို လုပ်ဆောင်လျက်ရှိသည်ကို ၎င်းအသင်းဂိုဏ်း၏ဖေ့စ်ဘုတ်လူမှုကွန်ယက်တွင် နေ့စဉ်နီးပါးတွေ့ရှိရပါသည်။

 

သီလရှင်တို့ရေးသားထားသောမှတ်စုများ

ဖေဖော်ဝါရီလ (၂၃)

မန္တလေးတံခွန်တိုင်းအဝိုင်းမှာ အရိုက်ခံရတဲ့ ကောင်လေးအိမ်ကို နှစ်သိမ့်ဖို့ ကျွန်မတို့စစ္စတာရ် များ သွားရောက်ခဲ့ကြပါတယ်။ သူတို့ပြောတာကတော့ နာဂစ်မုန်တိုင်းတုန်းက ဒုက္ခ ရောက်လို့ မန္တလေးကိုပြောင်းသွားတာလို့သိရပါတယ်။ သူ့အဖွားဟာ စမ်းချောင်း၊ ရန်ကုန် စိန့်ဖီလို (ယခု အထက ၂) ‌ကျောင်းသူဟောင်းလို့သိရပါတယ်။ သူ့အဖိုးကတော့ ရာ ထူးကြီးတာဝန်ထမ်းဆောင်ခဲ့ပေမဲ့ ၈၈ အရေးခင်းမှာအလုပ် ပြုတ်သွားခဲ့ပါတယ်။ ကောင်လေးဟာ သင်ယူဖို့နှေးကွေးပြီးအားနည်းသူဖြစ်တယ်လို့သိလိုက်ရပါတယ်။ ဒါကြောင့်မို့ အဲဒီနေ့ကသူများလို မြန်မြန်မပြေးနိုင်ဖြစ်ခဲ့ရပါတယ်။
ကောင်လေးဟာဘုန်းကြီး ကျောင်းမှာ အစာတောင်းဖို့သွားလေ့ရှိပြီး အိမ်လခကို လစဉ်ဘုန်းကြီးက ပေးပေးရပါတယ်။ အရိုက်ခံတဲ့နေ့တုန်းကလည်း သူ့အဖွားအတွက် သူ များ ဝေတဲ့ထမင်းဗူး ယူဖို့သွားခဲ့တာဖြစ်ပါတယ်။ မိဘတွေကွဲသွားလို့ အဖွားနဲ့ နှစ်ယောက်တည်းနေနေကြတာဖြစ်ပါတယ်။

မတ်လ (၁၂) ရက်နေ့

ကြည့်မြင်တိုင်၊ ရန်ကုန် အရိုးကုဆေးရုံနှင့် သိမ်ဖြူက မီးရထားဝန်ထမ်းအိမ်ယာ များသို့ ဆင်းရဲသောမိသားစု ၁၄၅ စုများအား အစားအသောက်များ ထောက်ပံ့ပေးဖြစ်ခဲ့ပါတယ်။ ကျွန်မတို့ရဲ့ ညီအစ်ကိုမောင်နှမများဆီအကူအညီပေးနိုင်အောင် ရက်ရောစွာကူညီပါဝင်ကြ‌‌သော အလှူရှင်အားလုံးကို အထူးကျေးဇူးတင်ပါတယ်။

574  Views
Previous: Cardinal Bo: “ The country needs peace and freedom; the role of the army is to protect, not to attack the people”
Next: အီရတ်နှင့်ကမ္ဘာတစ်၀န်းလုံးအားစိတ်ခေါ်နေသော ညီအစ်ကိုရင်းစိတ်ဓာတ်