စွန့်လွှတ်စွန့်စားရဲသော၊ လက်ညစ်ပတ်ခံရဲသော၊ အမှားလုပ်ခြင်းကို မကြောက်ရွံ့သော၊ ရှေ့သို့လျှောက်လှမ်းရဲသော သာမန်ကက်သလစ်ခရစ်ယာန်ဘာသာဝင်များကို ကက်သလစ်သာသနာတော်တွင်လိုအပ်နေသည်ဟု ရဟန်းမင်းကြီးဖရန်စစ်က မိန့်ကြား

19

ဗာတီကန်၊ ဇွန် ၁၈၊ ၂၀၁၆

ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ်က ယုံကြည်ခြင်းတရားကိုစွဲကိုင်ပြီး ယေဇူးဘုရားရှင်ကို အစေခံလိုသော သာမန် ကက်သလစ် ဘာသာဝင်များကို အသင်းတော်က အမြဲတမ်းတန်ဖိုးထား ကြိုဆိုနေပါသည်ဟု ဇွန်လ (၁၇) ရက်နေ့၌ မိန့်ကြားတော်မူလိုက်သည်။

ရဟန်းမင်းကြီးဖရန်စစ်က “ယေဇူးခရစ်တော်ဘုရား၏ သနားကြင်နာခြင်းနှင့် တစ်ဦးချင်း       စီကိုချစ်သော ချစ်ခြင်းမေတ္တာတို့ရဲ့ ထိတွေ့မှုကို ဘဝတွင်ကြုံတွေ့ခံစားရပြီး ရိုးသားရှင်းလင်းသော ယုံကြည်ခြင်း၏ လမ်းပြခြင်းကိုခံစားရသော သေချာလေ့လာ သင်ယူထားသော သာမန်ကက်သလစ် ခရစ်ယာန်ဘာသာဝင်များကို ကက်သလစ်သာသနာတော်က လိုအပ်နေသည်”” ဟု သာမန် ကက်သလစ် ခရစ်ယာန်ဘာသာဝင်များဆိုင်ရာဌာနတွင်ပြုလုပ်သော မျက်နှာစုံညီအစည်းအဝေး တွင် ဇွန်လ (၁၇) ရက်နေ့က မိန့်ကြားတော်မူလိုက်သည်။

ဆက်လက်ပြီး အရှင်သူမြတ်က ““ကက်သလစ်သာသနာတော်က စွန့်လွှတ်စွန့်စားရဲသော၊ လက်ညစ်ပတ်ခံရဲသော အမှားလုပ်ခြင်းကို မကြောက်ရွံ့သော၊ ရှေ့သို့လျှောက်လှမ်းရဲသော သာမန် ကက်သလစ် ခရစ်ယာန်ဘာသာဝင်များကို လိုအပ်နေကြောင်း၊ အရေးမကြီးသောအရာများတွင် မိမိ၏ဘဝကို မကန့်သတ်ထားဘဲ အနာဂါတ်အားရည်မှန်းချက်ဖြင့် လျှောက်လှမ်းလိုသော အိပ်မက် မက်ရဲသော သာမန်ကက်သလစ် ခရစ်ယာန်ဘာသာဝင်များကိုလိုအပ်နေသည်”” ဟု မီးမောင်းထိုး စိန်ခေါ်ပေးတော်မူလိုက်သည်။

ရဟန်းမင်းကြီးက ““မြောက်များစွာသော သာမန်ကက်သလစ်ခရစ်ယာန်ဘာသာဝင်သည် ဆရာတော်ရဟန်းတော်များနှင့် ဘာသာရေး အဖွဲ့အစည်းများက တန်ဖိုးထားပြီးပါဝင်ခွင့်ပြုကြ မည်ဆိုလျှင် နှုတ်ကပတ်တော်ကို ရက်ရောစွာနှင့် လိုလားစွာ အစေခံလိုနေကြကြောင်း၊ ထိုကဲ့သို့သော အစေခံလိုကြခြင်းသည် ဆေးကြောခြင်းမင်္ဂလာမြတ်ထံမှရရှိလာသော ခရစ်ယာန်များ၏ ခေါ်တော်မူခြင်းပင် ဖြစ်သည်”” ဟု မီးမောင်းထိုးပြသည်။

ရဟန်းမင်းကြီးက ““သာမန်ကက်သလစ်ခရစ်ယာန်ဘာသာဝင်က ကက်သလစ်သာသနာတော်၏ ကယ်တင်ခြင်းဆိုင်ရာ တမန်တော် လုပ်ငန်းတွင်ပါဝင်လုပ်ကိုင်ရန် လိုအပ်နေခြင်းသည် သာသနာ တော်၏အုပ်ချုပ်မှုအရ ကိုယ်စားလှယ်အဖြစ် တာဝန်ပေးခြင်းမျိုးမဟုတ်ဘဲ အဖဘုရားသခင်က ဆေးကြောခြင်းနှင့် ခရစ်္စမားအားပေးခြင်းမင်္ဂလာမြတ်ကိုခံယူသော ခရစ်ယာန်ဘာသာဝင်အတိုင်း သတ်မှတ်တော်မူ ခဲ့သော ကက်သလစ်သာသနာတော်၏ ကယ်တင်ခြင်းလုပ်ငန်းတွင် ပါဝင်ခြင်းဖြစ်သည်”” ရှင်းပြတော်မူသည်။

ရဟန်းမင်းကြီးရုံးလက်အောက်ရှိ ယုံကြည်ရာအချက်များဆိုင်ရာဌာနက သာမန်ကက်သလစ်ခရစ်ယာန်ဘာသာဝင်များ၏ လှုပ်ရှားမှုသည် သာသနာတော်အတွက် ကြီးမားသောဆုလက်ဆောင် ဖြစ်သည်ဟု ဇွန်လ (၁၄) ရက်နေ့က ထုတ်ပြန်ထားသည်။ သို့သော် ၎င်းထုတ်ပြန်ချက်ထဲတွင် ““သာမန်ကက်သလစ် ခရစ်ယာန်ဘာသာဝင်များ၏ လှုပ်ရှားမှုသည် ကက်သလစ်သာသနာတော်ထဲတွင် ရှိနေကြသော အဆင့်ဆင့်အုပ်ချုပ်ရေးအာဏာပိုင် (ဆရာတော်များ၊ ရဟန်းတော်များ) ကို လေးစားရမည်ဟု ဖော်ပြထားသည်။

၎င်းထုတ်ပြန်ချက်ထဲတွင် ““သာမန်ကက်သလစ် ခရစ်ယာန်ဘာသာဝင်များ၏လှုပ်ရှားမှုသည် ဘုရားသခင်၏လူမျိုးတော်များ၏ ယုံကြည်ခြင်းအသက်တာကို ပြန်လည်နိုးကြားစေသည့်အပြင် အားဖြည့်ပေးနိုင်စွမ်းရှိသော မြောက်များစွာသောဝိညာဉ်တော်ဘုရား၏ ထူးခြားသောကျေးဇူးတော်များကို တန်ဖိုးထားကြရန်နှင့် အသိအမှတ်ပြုကြရန် အရင်ကထက်ပိုပြီး လိုအပ်လာနေသည်”” ဟု အလေးပေးထားသည်။

ထိုကဲ့သို့သော ထုတ်ပြန်ချက်နှင့် စပ်လျဉ်းပြီး ကာဒီနယ်ဂျက်ဟတ်မူလာက ““ဤထုတ်ပြန်ချက်၏ ရည်ရွယ်ချက်သည်ကား ဆရာတော် များနှင့် ရဟန်းတော်များက ကက်သလစ်သာသနာတော်၏ သာသနာလုပ်ငန်းနှင့် တစ်လုံးတစ်ဝတည်းရှိခြင်းထဲတွင် သာမန်ကက်သလစ် ဘာသာဝင်များမှ ဖွဲ့စည်းထားသော အဖွဲ့သစ်များ၏ အကျိုးရှိပြီး စနစ်ကျသောပါဝင်လုပ်ဆောင်ခြင်း ကို မြှင့်တင်ပေးရန် အတွက် ဖြစ်သည်”” ဟု ရှင်းပြထားသည်။     ဝင်းလှိုင်ဦး

1446  Views
Previous: “ဆုတောင်းခြင်း၌ အားနည်းသောရဟန်းသည် အန္တရာယ်တွင်းသို့ ခုန်ရာရောက်ကြောင်း” ဖြင့် ရဟန်းတော်များ၏ သနားကြင်နာခြင်းဂျူဗလီနှစ်တွင် ဆရာတော်ဂျွန်စောယောဟန်က သတိပေးတော်မူ
Next: “မြန်မာစစ်တပ်နှင့် ကေအိုင်အိုတို့နှစ်ဖွဲ့အကြား တိုက်ပွဲတွေကြောင့် ကျွန်မတို့ပြည်သူတွေ ဒုက္ခရောက်နေပါတယ်။ မြန်မြန်ငြိမ်းချမ်းရေးယူကြပါ” ဟု စစ်ဘေးရှောင်စခန်းရှိ ဒေါ်ထွေထွေလင်းက ပြောဆို