ဆရာတော်ကြီးမာကုတင်ဝင်းသည် မန်္တလေးကက်သလစ်ခရစ်ယာန်သာသနာ၏ ဂိုဏ်းချုပ်ဆရာတော် (၇)ပါးမြောက်အဖြစ် ပလ်္လင်အပ်နှင်းခြင်း ခံရတော်မူ


မန်္တလေး၊ ဇွန်လ ၂၃၊ ၂၀၁၉

ကက်သလစ်ခရစ်ယာန်သာသနာတော်၏ဦးသျှောင် ဖြစ်တော်မူသော ရဟန်းမင်းကြီးဖရန်စစ် အရှင်သူမြတ်က မန်္တလေးကက်သလစ်ခရစ်ယာန်သာသနာဂိုဏ်းချုပ်ဆရာတော် (၇)ပါးမြောက်အဖြစ် ရွေးချယ် လိုက်သော ဘုန်းတော်ကြီးမာကုတင်ဝင်းသည် ၂၀၁၉ခုနှစ်၊ ဇွန်လ (၂၃) ရက်နေ့က ဆရာတော်သိက်္ခာကို ကာဒီနယ်ချားလ်စ်လိုလက်တော်မှ ရရှိတော်မူပြီ ဖြစ်သည်။
အရှင်မြတ်၏ဆရာတော်သိက်္ခာတင်ပွဲကို မန်္တလေးမြို့ရှိ ရွှေနှလုံးတော်ကာဒီဒြယ် ကက်သလစ်ဘုရား ကျောင်းတော်ကြီးတွင် ပြုလုပ်ခဲ့ကြပြီး ဆရာတော် (၁၈) ပါးနှင့်ထောင်ချီသော ရဟန်းသီလရှင်ဘာသာဝင်များ နှင့်ဘာသာခြားမှ ဓမ်္မမိတ်ဆွေများလည်း တက်ရောက်ဝတ်ပြုကြသည်။
မန်္တလေးကက်သလစ်ခရစ်ယာန်သာသနာဂိုဏ်းချုပ်ဆရာတော် (၇)ပါးမြောက်အဖြစ် ရွေးချယ်ခံရ တော်မူပြီး ဆရာတော်သိက်္ခာကို ရရှိတော်မူသော ဂိုဏ်းချုပ်ဆရာတော် ဆရာတော်ကြီး မာကုတင်ဝင်းက ““ကျွနု်ပ်ရုံးခန်းတံခါးကိုအမြဲတမ်းအကျယ်ကြီးဖွင့်ထားပါတယ်၊ ကျွနု်ပ်ကိုလာလည်ကြပါ၊ စကားစမြည်လာပြောကြပါ၊ အကြုံပြုကြပါ၊ သုံးသပ်ပေးကြပါ၊ ထောက်ပြပေးကြပါ၊ ကျွန်ုပ်ရဲ့နားတွေကိုလည်း ဖွင့်ထားပေးပါတယ်”” ဟု အရှင်မြတ်၏ပထမဆုံးသောမုဒိတစကား၌ မိမိရဲ့ဓမ်္မမိတ်ဆွေနှင့်ဘာသာဝင်များအား ဖိတ်ခေါ်လိုက်တော်မူသည်။
ဆရာတော်ဘုရားသည် ၁၉၆၀ ခုနှစ် ဧပြီလ ၂၂ ရက်နေ့၌ မြန်မာ့အမွေ စစ်ကိုင်းမြေလို့ ခေါ်တွင်၊ အသွင်ထူးတဲ့ ခင်ဦးမြို့နယ်က၊ ဖုံမထတဲ့ ရွှေမုံလဟု တင်စားခေါ်နေကြသော ရွာငယ်ဇနပုဒ်၌ချက်မြှုပ်ကြီးပြင်းခဲ့သူ ဖြစ်တော်မူသည်။။ သူ၏ကျေးဇူးခမည်းတော်မှာ ပေါလူး ဦးစိန်မောင်နှင့် မွေးသမယ်တော်မှာ ဖရန်စစ်္စကား ဒေါ်သန်းတင်တို့မှ ဖွားမြင်ခဲ့သူဖြစ်ပြီး မွေးချင်း ၅ ဦးအနက် ရှုမဝအားသော ဒုတိယသား ဖြစ်တော်မူပါသည်။
ဆရာတော်ဘုရားသည် ကက်သလစ်ရဟန်းသိက်္ခာတော်မြတ်ကို ၁၉၈၇၊ စက်တင်ဘာလ ၂၂ ရက်မှာ ခံယူရင်း ဘုရားလူသစ် ရဟန်းဖြစ်လာခဲ့ပြီးနောက်၊ ပထမခြေလှမ်းအဖြစ် ၁၉၈၇ ခုနှစ်မှ ၁၉၉၀ ခုနှစ်အထိ ပြင်ဦးလွင်မြို့ရှိ မန်းလေးသာသနာ၏ စိန်အလွိုက်ရှက်အခြေခံရဟန်း ဖြစ်သင်ကျောင်းတွင် စာချပုဂိုလ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။
သူသည် ၁၉၉၀ ခုနှစ်မှ ၁၉၉၂ ခုနှစ်အထိ ပြင်ဦးလွင်မြို့ရှိ နိုင်ငံလုံးဆိုင်ရာ စိန်ဂျိုးဇက်ရဟန်းဖြစ်တက်္ကသိုလ် တွင် စာချပုဂိုလ်အဖြစ်တာဝန်ထမ်းဆောင်ခဲ့သည်။၁၉၉၂ ခုနှစ်မှ ၁၉၉၇ ခုနှစ်အထိ အူဘားနီယား တက်္ကသိုလ် (အီတလီနိုင်ငံ) တွင် ဒသနာဘာသာရပ်ကို လေ့လာဆည်းပူးခဲ့ပြီး ဒေါက်တာဘွဲ့ရရှိခဲ့သည်။ ၁၉၉၇ ခုနှစ်မှ ၂၀၀၂ ခုနှစ်အထိ သူသည် ဘာသာတရားအချင်းချင်း ဆွေးနွေးဖလှယ်ခြင်းလုပ်ငန်းအတွက် မန်္တလေးသာသနာ ဆိုင်ရာ ဒါရိုက်တာအဖြစ်လည်းကောင်း၊ ၂၀၀၂ ခုနှစ်မှ ၂၀၀၃ ခုနှစ်အထိ မန်္တလေးမြို့ရှိ အကြိုရဟန်းဖြစ် တက်္ကသိုလ်တွင် ကျောင်းအုပ် အဖြစ် လည်းကောင်း၊ ၂၀၀၃ ခုနှစ်မှ ၂၀၁၀ ခုနှစ်အထိ မန်္တလေးသာသနာ၏ ဘဏ္ဍာထိန်းအဖြစ် လည်းကောင်း၊ ၂၀၁၀ ခုနှစ်တွင် စစ်ကိုင်းမြို့ရှိ ခရစ်ယာန်များအားမှိုင်းမတော်မူ သောသခင်မ ဘုရားကျောင်း၏ ကျောင်းထိုင်ဘုန်းတော်ကြီးအဖြစ် လည်းကောင်း၊ ၂၀၁၀ ခုနှစ် ၂၀၁၃ ခုနှစ်အထိ မြန်မာနိုင်ငံ ကက်သလစ်ဆရာတော်များအဖွဲ့ချုပ်ရုံး (ဃဃြြ) ၏ အတွင်းရေးမှူး အဖြစ်လည်းကောင်း၊ ၂၀၁၃ ခုနှစ်မှ ၂၀၁၉ ခုနှစ် မေလ အထိတွင်မူ မန်္တလေးသာသနာ၏ ဆရာတော်ကိုယ်စားလှယ်၊ စိန်ရဟန်းဖြစ်တက်္ကသိုလ် (ပြင်ဦးလွင်) ၏ စာချပုဂိုလ်နှင့် ခရစ်ယာန်ကမဌာန်းရှုခြင်းဗဟိုဌာန၏ တာဝန်ခံ စသည့်တာဝန်များကို ထမ်းဆောင်တော်မူခဲ့လေ သည်။

745  Views
Previous: ဆလိုင်းဂျိုးဇက်ကုန်ဇမှုန်း (ခ) ၀င်းလှိုင်ဦးက မြန်မာနိုင်ငံ၌ ကိုဗစ်-၁၉ ကပ်ရောဂါဘေး (ပြည်သူသေဆုံးမှု) နည်းရန်အတွက် နိုင်ငံတော်အစိုးရထံအကြံပြုစာ
Next: မြန်မာနိုင်ငံကက်သလစ်ဆရာတော်ကြီးများအဖွဲ့၏ဖွဲ့စည်းပုံဥပဒေကို ပြဌာန်းပြီ