ဆရာတော်ကြီးမာတီးယားဦးရွှေက တောင်ကြီးကက်သလစ်သာသနာပိုင်ချုပ်တာဝန်မှ အနားယူလိုက်ပြီ

Bps U Shwe LZ

ဗာတီကန်၊ ဧပြီလ ၁၂
ရဟန်းမင်းကြီး ဖရန်စစ်အရှင် သူမြတ်သည် တောင်ကြီး ကက်သလစ် သာသနာပိုင်ချုပ် ဖြစ်တော်မူသော ဆရာတော်ကြီး မာတီးယားဦးရွှေအား ဧပြီလ ၁၂ ရက်နေ့မှ စတင်ပြီး တောင်ကြီး ကက်သလစ်သာသနာပိုင် ဂိုဏ်းချုပ် ဆရာတော်၏ တာဝန်မှ အနားယူခွင့် ပြုလိုက်ပြီဖြစ်သည်။ ရဟန်းမင်းကြီးသည် ကာနွန်ဥပဒေပုဒ်မ ၁၁၁ အရ ဆရာတော်ကြီး မာတီးယားဦးရွှေက အနားယူခွင့်ပြုရန် စာဖြင့်တင်ပြ တောင်းခံလိုက်ပြီးနောက် ဆရာတော်ကြီးကို ကက်သလစ်သာ သနာတော်၏ ဥပဒေနှင့်အညီ အနားယူခွင့် ပြုလိုက်ခြင်း ဖြစ်တော်မူသည်။
ထိုကဲ့သို့ တောင်ကြီးကက်သလစ် သာသနာပိုင်ချုပ် ဖြစ်တော်မူသော ဆရာတော်ကြီး မာတီးယားဦးရွှေ အနားယူပြီးနောက် တောင်ကြီး ကက်သလစ် သာသနာတော်တွင် လစ်လပ်နေသော သာသနာပိုင် ဆရာတော်၏ နေရာတွင် လက်ရှိတောင်ကြီး ကက်သလစ် သာသနာ၏ လက်ထောက် ဆရာတော်ဖြစ်နေသော ဆရာတော်ကြီး ဘီစီလီအို အသိုက်အား တောင်ကြီး ကက်သလစ်သာသနာ၏ စီမံခန့်ခွဲသော ဆရာတော် Apostolic Administrator of Catholic Archdiocese of Taunggyi အဖြစ် ခန့်အပ်လိုက် ကြောင်းဖြင့် ဗာတီကန်နန်းတော်၏ ကြေညာချက်ထဲတွင် ထုတ်ပြန်ရေးသားသည်ကို တွေ့ရှိရသည်။

အယ်ဒီတာချုပ်

1353  Views
Previous: ချစ်ခြင်းမေတ္တာဟူသည် လူပုဂ္ဂိုလ်တစ်ဦးနှင့် ထိတွေ့ဆက်ဆံ ခြင်းဖြစ်သည်ဟု အငြိမ်းစား ပုဒ်ရဟန်း မင်းကြီး ဘေနေဒစ် (၁၆) က မိန့်ကြားတော်မူ
Next: အစ်္စလာမ်ဘာသာဝင်ဦးရေသည် ကမ်္ဘာပေါ်တွင် အများဆုံးလူဦးရေသို့ ရောက်ရှိလာနိုင်ကြောင်း စစ်တမ်းတစ်ခုက ဖော်ပြထား