ဆလိုင်းဂျိုးဇက်ကုန်ဇမှုန်း (ခ) ဝင်းလှိုင်ဦးက မိမိ၏ဝန်ထမ်းများ ကိုရိုနားရောဂါကို ကြိုတင်ကာကွယ်ရန်အတွက်တွင် လစာနှစ်လစာကို မတ်လ ၁၉ ရက်နေ့က ထုတ်ပေး


(ဆလိုင်းဂျိုးဇက်ကုန်ဇမှုန်း (ခ) ဝင်းလှိုင်ဦးဓါတ်ပုံ)

ဆလိုင်းဂျိုးဇက်ကုန်ဇမှုန်း (ခ) ဝင်းလှိုင်ဦးသည် မိမိဦးဆောင်သောအဖွဲ့အစည်းများ၏ ဝန်ထမ်းများအား ကိုရိုနာရောဂါကို ထိရောက်စွာကြိုတင်ကာကွယ်နိုင်ရေးအတွက် လစာနှစ်လစာ (မတ်လနှင့်ဧပြီလ) ကို မတ်လ (၁၉) ရက်နေ့က ကြိုတင်ထုတ်ပေးလိုက်သည်ဟု သတင်းရရှိသည်။

သူသည် အစိုးရမဟုတ်သောပြည်တွင်းအဖွဲ့အစည်းအဖြစ် လူထုအကျိုးဆောင်ကျေးလက်ဖွံ့ဖြိုးရေးအဖွဲ့အစည်း Community Agency for Rural Development (CAD)၊ ဂလိုရီယာသတင်းဂျာနယ် Gloria News Journal၊ ဂျိုးဇက်ပညာရေးကျောင်း Joseph Education Institute နှင့် စိန့်ဂျိုးဇက်တကသိုလ်ကောလိပ် Saint Joseph University College တို့ကို ထူထောင်ထားပြီး ဦးဆောင်နေသူ ဖြစ်သည်။

သူက တခြားလုပ်ငန်းရှင်များအနေဖြင့် မိမိတို့၏ဝန်ထမ်းများကို မိမိကဲ့သို့ ကြိုတင်လစာထုတ်ပေးသင့်ပါကြောင်း တိုက်တွန်းလိုပါသည်ဟု မှတ်ချက်ပြုပါသည်။

884  Views
Previous: ကက်သလစ်သာသနာတော်၏ဝတ်ပြုကိုးကွယ်ခြင်းသည် ခရစ်တော်ဘုရားနှင့်ကက်သလစ်ဘာသာဝင်များ၏ တွေ့ဆုံခြင်း ဖြစ်သည်ဟု ရဟန်းမင်းကြီးက မိန့်ကြား
Next: လူငယ်တို့ —– သင်တို့ဘဝကို ဂီတ (အတီးအမှုတ်) ဖြင့် အလှဆင်ကြပါ