တရားထောက်နှစ်ဦးအား လိင်တူဆက်ဆံခဲ့သည်ဟူစွပ်စွဲချက်ဖြင့် မြို့နယ်တရားရုံး၏ တရားစီရင်ခြင်းခံရသော ကာဒီနယ်ဂျော့ပဲလ်ကို သြစတြေးလျား တရားရုံးချုပ်ကသက်သေမခံလုံဟုဆုံးဖြတ်ပြီး ထောင်မှတရားသေပြန်လွှတ်ပေး

သြစတြေးလျားနိုင်ငံ၏အမြင့်ဆုံးတရားရုံးချုပ်က လွန်ခဲ့သော နှစ် (၅၀) က တရားထောက်နှစ်ဦးအား ဘုရားကျောင်းထဲတွင် လိင်တူဆက်ဆံခဲ့သည်ဟု စွပ်စွဲပြီး ရက်ပေါင်း (၄၀၅) တိတိ ထောင်ချခံရသော ကာဒီနယ်ဂျော့ပဲလ်ကို သက်သေမခိုင်လုံမှုဖြင့် ၂၀၂၀ ခုနှစ်၊ ဧပြီလ (၇) ရက်နေ့က ထောင်မှ တရားသေ ပြန်လွှတ်ပေးလိုက်ပြီ ဖြစ်သည်။
ကာဒီနယ်ပဲလ်က ထောင်ထဲမှ လွှတ်မြောက်ခြင်း၊ ““မိမိကို မတရားစွပ်စွဲသူအပေါ် စိတ်မကောင်းမိသော် လည်း မကောင်းစိတ် မထားကြောင််း၊ သူ့အပေါ် နာကျဉ်းစိတ်မထားကြောင်း၊ မိမိကို စွပ်စွဲသောအချက်များအပေါ် မိမိသည် လုံးဝမကျူးလွန်ခဲ့ကြောင်းကို အစကတည်းက အမြဲပြောဆိုခဲ့ကြောင်း၊ သို့သော် ကက်သလစ်သာသနာ ကို ဖျက်စီးလိုသော တရားသူကြီးများနှင့်ရဲများ၏ ပရောဂကြောင့် အပြစ်မရှိသော မိမိအား အမှုဆင်ကာ ထောင် ချခဲ့ခြင်းဖြစ်ကြောင်း၊ သို့သော် သြစတြေးလျားတရားရုံးချုပ်၏တရားသူကြီးများက ဘက်လိုက်မှုမရှိဘဲအမှုကို သေချာပြန်လည်စစ်ဆေးပြီးနောက် မိမိ၏ဖြူစင်သောဘဝကို ပြန်လည်တွေ့ရှိခဲ့ကြပြီး မိမိသည် စွပ်စွဲထားသော အမှုမှ တရားသေလွှတ်မြောက်လာပြီ ဖြစ်ကြောင်း၊ မိမိအတွက် ဆုတောင်းပေးကြသူများအားလုံးကိုလည်း အထူး ကျေးဇူးတင်ကြောင်းကို ပြောလိုသည်”” ဟု ထောင်မှထွက်ထွက်ချင်း ကြေညာချက် ထုတ်ပြန်တော်မူလိုက်သည်။
ကာဒီနယ်ပဲလ်ကို စွပ်စွဲသူ (အမည်မဖော်) က ““တနင်္ဂနွေနေ့တိုင်း၊ ကျွန်တော်တို့တရားထောက်တဲ့ နှစ်ယောက်ကို မစ်္ဆားပူဇော်ခြင်း ပြီးလျှင်၊ သင်္ကန်းလဲလှယ်ခန်းထဲ၌ ဂိုဏ်းချုပ်ဆရာတော်ကြီး ဂျော့ပဲလ်က မိမိတို့နှစ်ယောက် (အသက် ၁၃ နှစ်ရွယ်) အား ၁၉၉၆ ခုနှစ်တုန်းက လိင်တူ ဆက်ဆံခဲ့သည်”” ဟု အမှုစင် စွပ်စွဲသည်။ ၄င်းစွပ်စွဲသူသည် ၂၀၁၈ ခုနှစ်၌ အသက် (၅၅) နှစ်ဝန်းကျင် ရှိနေပြီဖြစ်သည်။
သို့သော် ဂိုဏ်းချုပ်ဆရာတော်ကြီး ဂျော့ပဲလ်၏အတွင်းရေးမှူးလုပ်ခဲ့သော ရဟန်းက ““ဂိုဏ်းချုပ်ဆရာ တော်ကြီး ဂျော့ပဲလ်ဟာ မစ်္ဆားဟောပြီးလျှင် သင်္ကန်းကို အမြန်လဲပြီး ဘုရားကျောင်းအပြင်သို့ ထွက်ကာ ဘာသာတူများကို အမြဲလိုက်လံနှုတ်ဆက်စကားပြောလျက်ရှိကြောင်း၊ ထို့အပြင် ဂိုဏ်းချုပ်ဆရာတော်ကြီးများ၏ သင်္ကန်းဝတ်ရုံသည် လေးထပ်လောက် ဝတ်ရပြီး (၁၀) မီနစ်အတွင်းမှာ သူကို လိင်တူဆက်ဆံရန် အချိန်မရှိနိုင်ခြင်း၊ ကက်သလစ်သာသနာတော်၏ဥပဒေအရ၊ ဂိုဏ်းချုပ်ဆရာတော်ကြီးများသည် မိမိတို့ သွားလေရာ၌ မိမိ၏အတွင်း ရေးမှူးကို အမြဲတမ်း ခေါ်သွားရမည်ဟူသော ဥပဒေရှိထားခြင်းကြောင့် ဆရာတော်ကြီးသည် မည်သည့်အခါမှ သူတစ်ပါးတည်း ဘုရားကျောင်းသို့ သွားခြင်း မရှိကြောင်း”” ဖြင့် မြို့နယ်တရားရုံးအား ချေပသည်။

သို့သော် မြို့နယ်တရားရုံးက သက်သေ၊ အထောက်အထားမရှိသော စွပ်စွဲသူ၏အချက်အလက်သည် ခိုင်လုံသည်ဟု ဆိုကာ ကာဒီနယ်ဆရာတော်ကြီး ဂျော့ပဲလ်အား ထောင် (၆) နှစ် ချလိုက်ပြီး တစ်ခါတည်း ထောင်ထဲသို့ ပို့လိုက်သည်။
ကာဒီနယ်ဆရာတော်ကြီး ဂျော့ပဲလ်သည် သြစတြေးလျားနိုင်ငံ၊ မြို့နယ်တရားရုံး၏ ထောင်ချအမိန့်ကို သြစတြေးလျားနိုင်ငံ၏အမြင့်ဆုံးပြည်ထောင်စုတရားရုံးချုပ်သို့ အယူခံဝင်ခဲ့ပြီးနောက်၊ အမြင့်ဆုံးပြည်ထောင်စု တရားရုံးသူကြီး (၇) ဦးက စွပ်စွဲထားသောအချက်သည် သက်သေမခိုင်လုံသကဲ့သို့၊ လိင်တူဆက်ဆံခြင်းလည်း စွပ်စွဲထားသောနေရာ၌ ဖြစ်နိုင်ချေ မရှိဟုဆိုကာ”” မြို့နယ်တရားရုံး၏အမိန့်ကို ပယ်ဖျက်ပြီး ကာဒီနယ်ဆရာတော် ကြီး ဂျော့ပဲလ်ကို ထောင်မှ တရားသေ လွှတ်ပေးလိုက်သည်။
ကာဒီနယ်ဆရာတော်ကြီး ဂျော့ပဲလ်သည် ထောင်ထဲ၌ တနှစ်ခွဲနီးပါး (၄၀၅ ရက်) နေခဲ့ပြီးနောက် ပြန်လည် လွတ်မြောက်လာတော်မူခဲ့သည်။ ထိုသို့လွတ်မြောက်လာပြီးနောက် ပထမဆုံးပြုလုပ်သော တွေ့ဆုံမေးမြန်းခန်း၌၊ က ကာဒီနယ်ဂျော့ပဲလ်က ““ထောင်ထဲမှာ မိမိအနေဖြင့် နေထိုင်နေတဲ့အချိန်မှာ မိမိရဲ့ခရစ်ယာန်ယုံကြည်ခြင်းက မိမိရဲ့ဝမ်းနည်းပူဆွေး ရသော အခြေအနေများကို ကျော်လွှာနိုင်အောင် ကူညီပေးခဲ့ပါတယ်”” လို့ သတင်းထောက် အား ဖြေကြားတော်မူသည်။
ကာဒီနယ်ဂျော့ပဲလ်က ဝမ်းနည်းပူဆွေးသူများ၊ ဆုံးရှုံးမှုကို ကြုံရသူများနှင့် ကိုယ်ရေးကိုယ်တာပြသနာများ ကို ရင်ဆိုင်သူများအား အကြံပြုချက် (၆) ခုဖြစ်သော လေ့ကျင့်ခန်းပုံမှန်လုပ်ရန်၊ ပုံမှန်ဆုတောင်းရန်၊ အရက်များများ သောက်ခြင်းကို ရှောင်ရန်၊ ကျန်းမာဘေးကင်းသောအစားအစာကို ပုံမှန်စားရန်၊ ညချိန်တွင် နာရီအတိုင်းအတာ တစ်ခုအထိ ပုံမှန်အိပ်ပေးရန်နှင့်ပုံမှန်အိပ်ရာနိုးရန်တို့ကို ကျင့်သုံးကြရန် ကက်သလစ်ကျောင်းသူ/များ၏ ဝတ်စောင့်ခြင်း၌ အကြံပြုတော်မူလိုက်သည်။
ဆက်လက်ပြီး ကာဒီနယ်ဂျော့ပဲလ်က ““စိတ်၏ကောင်းသောအလေ့အကျင့်များနှင့် လက်တွေ့လုပ်ဆောင် သောအလေ့အကျင့်ကောင်းများကို ဆွဲကိုင်ထားခြင်းအားဖြင့် လူတစ်ယောက်သည် မိမိဘဝကို မလွဲမရှောင်သာ သော ပူဆွေးသောကမှုများထဲတွင် မှန်ကန်သောဦးတည်ချက်ကို လုပ်ဆောင်သွားနိုင် မည်ဖြစ်သည်ဟု ကက်သလစ်ကျောင်းသူ/များ၏ ဝတ်စောင့်ခြင်း၌ ဆက်လက်မီးမောင်းထိုးပြတော်မူသည်။ ၀၀၆ ကုန်ဇမှုန်း

1279  Views
Previous: အသက်တော် (၇၅) နှစ်ပြည့်ပြီဖြစ်သော ရဟန်းမင်းအမတ်ရောဘတ်စာရာအား ဘုရားဝတ်ပြုကိုးကွယ်ခြင်းဌာန၏ဥက်္ကဌအဖြစ် ရဟန်းမင်းကြီးက ဆက်လက်ခန့်ထားတော်မူ
Next: ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ်က မန္တလေးဂိုဏ်းချုပ်ဆရာတော်ကြီးမာကုတင်ဝင်းကို ရဟန်းမင်းကြီးရုံးတော်၏ဘာသာတရားများနှီးနှောဖလှယ်ခြင်းဆိုင်ရာ အဖွဲ့ဝင်သစ်အဖြစ် ခန့်အပ်