တရုတ်နိုင်ငံထဲကို ကချင်ကက်သလစ် သာသနာပြုများ စေလွှတ်နေကြောင်းဖြင့် ဗန်းမော်ကက်သလစ်ဆရာတော်ရေမွန်ဆွမ်ကမ်လု မိန့်ကြားတော်မူ

06

 

ရန်ကုန်၊ ဧပြီလ ၁၂

ဗန်းမော်ကက်သလစ် ဆရာတော် ရေမွန်ဆွမ်ကမ်လုက တရုတ်နိုင်ငံထဲသို့ ကချင်ကက်သလစ် ခရစ်ယာန် ဘာသာဝင်များကို သာသနာပြုများအဖြစ် စေလွှတ်နေကြောင်းဖြင့် ဧပြီလ ၁၂ ရက်နေ့က ဂလိုရီယားသတင်း ဂျာနယ်၏ အမေးတစ်ခုတွင် ဖြေကြားပေးတော် မူလိုက်သည်။

ဂလိုရီးယား သတင်းဂျာနယ်က ဆရာတော် ရေမွန်ဆွမ်ကမ်လုအား “နယ်စပ် ကပ်ရပ်လျက်ရှိသော တရုတ်ကွန်မြူနစ်နိုင်ငံ ထဲကို မည်ကဲ့သို့ သာသနာပြုလုပ်ငန်းများ ဆောင်ရွက်နေပါသနည်း” ဟု မေးမြန်းရာ၊ ဆရာတော်ရေမွန်က “ကျွန်တော်က ရဟန်းဘ၀ တုန်းကတည်းက ဆရာတော်ရဲ့ တာဝန်ပေးခြင်း ဖြင့် လုပ်ဆောင်ခဲ့ပါတယ်။ အခုလည်း ကိုယ်ကိုယ်တိုင်က ဆရာတော် ဖြစ်လာတော့ တရုတ်နိုင်ငံမှာ နေပြီး တရုတ်နိုင်ငံသား ခံယူကြတဲ့ ကချင်လူမျိုးထဲက ကက်သလစ်ဘာသာ ဝင်တွေကို ဗန်းမော်ကို ခေါ်ပြီးတော့ ဘုရား စကားတွေ ပြန်သင်ပေးပြီးတော့ လိုအပ်တဲ့ ငွေကြေးတွေကို ထောက်ပံ့ပြီး တရုတ်နိုင်ငံထဲမှာ သာသနာပြုများအဖြစ် စေလွှတ်နေပါကြောင်း” ဖြင့် အမိန့်ရှိတော်မူခဲ့သည်။ (ဂလိုရီးယား သတင်းဂျာနယ်က ဆရာတော် ရေမွန် ဆွမ်ကမ်လုအား ပြုလုပ်ထားသော တွေ့ဆုံ မေးမြန်းမှုကို နောက်လတွင် အပြည့်အစုံ ထည့်သွင်းပေးမည် ဖြစ်ကြောင်း ကြိုတင် အသိပေးလိုက်ပါသည်။)

ဝင်းလှိုင်ဦး

1437  Views
Previous: ကာဒီနယ်ဆရာတော်ချားလ်စ်ဘိုလက်တော်မှ ရဟန်းတော်စောဂျွန်ယောဟန် ဆရာတော်သိက်္ခာ ရရှိတော်မူ
Next: အင်္ဂလန်နိုင်ငံတွင် သူတော်စင်သီလရှင်ဘဝသို့ ဝင်ရောက်လာသူ များပြားလာ