နတ်ဆိုး၏ နှောင့်ယှက်တတ်သော နည်းလမ်းများကို သခင်ခရစ်တော်က ဖော်ပြပေးဟု ရဟန်းမင်းကြီးက မီးမောင်းထိုးပြတော်မူ

ဗာတီကန်၊ မတ်လ ၁၀၊ ၂၀၁၉

 

အပတ်စဉ်တွေ့ဆုံနေကြ လူထုတွေ့ဆုံခြင်းနှင့် အန်ဂျေလူးမေတ္တာရွတ်ဆိုခြင်းတွင် ဝါတွင်းကာလပထမတနင်္ဂနွေနေ့ သမ္မာကျမ်းစာကို အခြေခံပြီး သခင်ယေဇူးအားနတ်ဆိုးနှောင့်ယှက်ခြင်းအကြောင်းကို ရှင်းပြဟောကြားတော်မူလိုက်သည်။ ရဟန်းမင်းကြီး၏ ဩဝါဒ အပြည့်အစုံမှာ အောက်ပါအတိုင်းဖြစ် ပါသည်။

 

(က) ပိုင်ဆိုင်မှုစည်းစိမ်များအပေါ်လောဘတပ်မက်ခြင်း

သခင်ယေဇူးက ရက်ပေါင်းလေးဆယ် ဝါရှောင်ဆုတောင်းခြင်းအပြီးမှာ နတ်ဆိုးက ကျောက်တုံးကို သင်တန်ခိုးနဲ့မုန့်ဖြစ်အောင် သင် ပြောင်းလဲပြီးစားပါလား လို့ နှောင့်ယှက်ခဲ့တယ်။ ဒီအချက်က မိမိပိုင်ဆိုင်မှု စည်းစိမ်များအပေါ်လောဘ တပ်မက်ခြင်း စိတ်ကို ကို နိုးဆွပေးခြင်းပဲ၊ နတ်ဆိုးဟာ လူတစ်ယောက်အတွက် အ လိုအပ် ဆုံးအချိန်မှာ အလိုအပ်ဆုံးအရာ တစ်ခုနဲ့ စတင်နှောက်ယှက်လေ့ ရှိတယ်။ ဘုရားမပါဘဲ သူအကူအညီမလိုဘဲ ငါအစွမ်းအစနဲ့ ငါလုပ်နိုင်ပါတဲ့ဆိုတဲ့မိမိ တပ်စွမ်းမူမာနကို တိုးပွားစေတယ်၊သို့သော် သခင် ယေဇူးက လူသည် မုန့်အားဖြင်သာ အသက်ရှင်သည်မဟုတ်ဟု ကျမ်းစာအားဖြင့်နတ်ဆိုးကိုတုန့်ပြန်ခဲ့တယ်။

 

(ခ) လူသားတို၏ ဂုဏ်ပကာသနကို တပ်မက်ခြင်း

နတ်ဆိုးက သင်ငါကိုရှိခိုးလျှင် တိုင်းနိုင်ငံတွေကို သင့်ကိုငါပေးမယ် နှောင့်ယှက်ခဲ့တယ်၊ ဒီနှောင့်ယှက်ခြင်းကသခင်ယေဇူးကို လောကဂုဏ်ပကာသန တွေနဲ့ပြည့်တဲ့ မက်ဆီးယား ဖြစ်အောင် မြှောက်ပင့်နေခြင်း ဖြစ်တယ်။ အာဏာပါဝါတပ်မက်မှု၊ အောင်မြင်မှုကိုတပ်မက်မှု၊ ငွေကြေးဥစ္စာတပ်မက်မှုတွေက လူကိုပျက်စီးစေတယ်၊ဒီမတည်မြဲတဲ့အရာတွေပေါ်မှာ တပ်မက်စိတ်တွေဖြစ်ပေါ်လာအောင်နှောင့်ယှက်တဲ့နတ်ဆိုးကိုသခင်ယေဇူးကသင်၏ အရှင်ထာဝရဘုရား သခင်ကို ရှိခိုးကိုးကွယ်ရမည်။ ကိုယ်တော်တစ်ပါးတည်းကိုသာ အစေခံရမည်လို့တုန်ပြန်ခဲ့တယ်။ ။

 

(ဂ) မိမိရဲ့ အရေးပါမူကို အထင်ကြီးစေခြင်း

တတိယနှောင့်ယှက်ခြင်းအနေနဲ့ နတ်ဆိုးက သခင်ယေဇူးကို ဂျေရုဆလင် ဗိမန်တော် ထိပ်ဖျား ထားပြီး သခင်ယေဇူးရဲ့ဘုန်းတခိုးတော်ထင်ရှားစေဖို့ သင့်ကိုသင်ပစ်ချလိုက် ဆိုပြီး စိန်ခေါ်နှောင့်ယှက်ခဲ့တယ် ဒီအချက်ဟာ မိမိရဲ့ အရေးပါမူကို အထင်ကြီးစေခြင်း (ဘုရားသားတော်ပဲ ဘုရားကာကွယ်မှာပေါ့ လုပ်စမ်းပါ) သို့သော် သခင်ခရစ်တော်က တိကျသေချာသော ဆုံးဖြတ်ချက်ဖြင့် အဖ ခမည်းတော်ရှေ့မှာ ယုံကြည်ခြင်းအပြည့်နဲ့ နှိမ်ချစွာ နေခဲ့ပြီး သမ္မကျမ်း စာ တော်အားဖြင့် သင်၏ အရှင်ဘုရားသခင်ကို စုံစမ်းခြင်းမပြုရ ဟုတုန့်ပြန်ခဲ့တယ်။ ဘုရားက ငါဖက်မှာရှိတယ် ငါ့ကိုကူညီမှာပါကွာဆိုတဲ့ မိမိကိုယ်ကိုယ် အ ထင်ကြီးတဲ့စိတ်နဲ့ ဘုရားကို စမ်းသပ်ခြင်း မပြုလုပ်ရဘူး။ အပြည့်အဝယုံကြည်ထားရမယ်။

နတ်ဆိုးနှောင့်ယှက်ခဲ့တဲ့အရာတွေက ဘုရားသခင်နဲ့ဝေးကွာစေမဲ့ အရာတွေ၊ ဘုရားသခင်ရဲ့ အလိုဆန္ဒကို ဆန်ကျင်နေတဲ့အရာတွေ ဖြစ်ပြီး အဲ့ဒီအရာ  တွေကိုအခြေခံပြီး လူတွေတပ်မက်တဲ့ ပျော်ရွှင်မူအောင်မြင်မှု တွေနဲ့ဖျားယောင်းပြီး ထင်ယောင်ထင်မှား ဖြစ်အောင်နှောင့်ယှက်နေခြင်းဖြစ်တယ်။ ။

အဖခမည်းတော်ဘုရား၏ စီမံကိန်းတော်ကို အပြည့်အဝ အကောင်အထည်ဖော်ဖို့ မိမိကိုယ်တိုင် ကြုံတွေခဲ့ရတဲ့ နှောင့်ယှက်ခြင်းသုံးမျိုးကို သခင် ယေ ဇူး  ကျော်လွှာပြခဲ့တယ်။ယင်းအားဖြင့် ယေဇူးသခင်က နတ်ဆိုး၏ နှောင့်ယှက် တတ်သော နည်းလမ်းများကို သခင်ခရစ်တော် ဖော်ပြပေးခဲ့တယ် အဲ့ဒါတွေက တော့ မိမိအတွင်းစိတ် ဘဝ၊ ဘုရားသခင်၌အပြည့်အဝယုံကြည်မှုနဲ့ တိကျသေချာသောဘုရားရဲ ချစ်ခြင်းမေတ္တာပါပဲ နတ်ဆိုးက အဲ့ဒီအချက်တွေကို သံသယ ဖြစ်အောင် နှောင့်ယှက်လေ့ရှိတယ်။ သေချာတာကတော့ အဖ ခမည်းတော်သည် ဘုရားသခင်ဖြစ်တယ်၊ ချစ်ခြင်းမေတ္တာ ဖြစ်တယ်၊ အဲ့ဒီ အဖခမည်းတော်၏ ချစ်ခြင်းမေတ္တာအားဖြင့် နှောင့်ယှက်ခြင်း အားလုံးကို ငါတို့ကျော်လွှားနိုင်တယ်။

ဒီဝါတွင်းကာလမှာ အခွင့်ကောင်းယူပြီး မိမိကိုယ်ကို သန်ရှင်းစေလျှက် ကျွနု်ပ်တို့ရဲ့ဘဝမှာ ဘုရားသခင်ရဲ နှစ်သိမ့်ပေးမူကို ခံစားကြပါစို့။

 

ဖာသာရ်ကြည်မောင် RVA-Myanmar Service

842  Views
Previous: မြန်မာနိုင်ငံ ကက်သလစ် ဆရာတော်ကြီးများ အဖွဲ့ချုပ် CBCM ၏၂၀၁၉-ခုနှစ်၊ ပထမ (၆) လပတ် မျက်နှာစုံညီ အစည်းအဝေးဆုံးဖြတ်ချက်များ
Next: မစ္ဆားဆိုတာ လောကမှာ ရှိတဲ့ နိဗ္ဗာန်ဘုံဘဲ၊ ကောင်းကင်ဘုံဖြစ်တယ်ဟု တောင်ကြီးကက်သလစ်ဂိုဏ်းချုပ်ဆရာတော်ကြီး ဘာစီးလီအိုအသိုက်က မိန့်ကြား