ပါစကားပွဲက ယုံကြည်သောသူတွေရဲ့အသက်တာဟာ သချိုင်းကုန်းမှာ အဆုံးသပ်တာမဟုတ်ဘူးဟု ရဟန်းမင်းကြီးဖရန်းစစ်အရှင်သူမြတ်ဟောကြား

ဗာတီကန်၊၂၀၁၉

ရဟန်းမင်းကြီးဖရန်စစ်က ပါစကားပွဲ (ခရစ်တော်ဘုရား၏သေခြင်းမှရှင်ပြန်ထမြောက်ခြင်းပွဲ) ဟာ ယုံကြည်သောသူတွေရဲ့အသက်တာဟာ သချိုင်းကုန်းမှာ အဆုံးသပ်တာမဟုတ်ဘူး ဆိုတာကို မိမိတို့အား သက်သေ ထူနေလေသည်ဟု ဧပြီလ (၂၀) နေ့က ဟောကြားတော်မူလိုက်သည်။

ကက်သလစ်ခရစ်ယာန်တို့အတွက် ပါစကားပွဲး သခင်ခရစ်တော် ရှင်ပြန်ထမြောက်တော်မူသော မစ္ဆားတရားသည် အလှပဆုံးသော ဝတ်ပြုကိုးကွယ်ခြင်းအစီအစဉ်ဖြစ်ပါသည်။ တကယ်အဖြစ်အပျက်ကို ပြန်ပြောင်းအောက်မေ့သော အခမ်းအနား အစွမ်းပကားကြီးမားသော မီး၊ အလင်းရောင်၊ ရေ နှင့် သီချင်းသံစဉ်များ အမှတ်လက္ခဏာ များ စသည်တို့သည် အသစ်တဖန်ပြန်လည်မွေးဖွားခြင်းနှင့် မျှော်လင့်ခြင်းကို ဖော်ကြူနေသော အရာများဖြစ်ကြပါသည်။

အသက်ရှင်သောသူကို သေသူတို့အစုတွင် အဘယ်ကြောင့် ရှာဖွေကြသနည်း၊ အပြစ်နှင့် စိတ်ဓာတ်ကျခြင်း ကျောက်တုံးကို ဖယ်လှိမ့်ပြစ်ရမယ် ဟူသောအအချက်များကို အခြေခံပြီး သခင်ယေဇူးရှင်ပြန်ထမြောက် တော်မူသောပွဲည မစ္ဆားတရားတွင် ပုပ်ရဟန်းမင်းကြီးဖရန်းစစ်အရှင်သူမြတ်မှ ဟောကြားခဲ့ပါသည်။

သခင်ခရစ်တော်ကို သြင်္ဂိုထားသော သချိုင်းဂူရှိရာသို့သွားနေကြတဲ့ အမျိုး သမီးတွေက သချိုင်းဂူကို ပိတ်ထားတဲ့ကျောက်တုန်းကို ဘယ်လိုရွှေ့ရမလဲဆိုပြီး တွေးနေခဲ့ကြတယ်၊ အဲ့ဒီအမျိုးသမီးတွေလိုပဲ တို့ဘဝကို ပိတ်ထားတဲ့ သေခြင်း၊ ကြောက်ရွံခြင်း၊ လောကကိုစွဲလမ်းနေသောစိတ်တွေကို ဒီကနေ့ ပါစကားပွဲမှာ သခင်ခရစ်တော်က ဖွင့်လှစ်သက်သေပြခဲ့တယ်။ ယုံကြည်သူတွေရဲ့အသက်တာဟာ လောကမြေကြီးအောက် ဖုံးကွယ်မှုမှာ အဆုံးသပ်မသွားဖူးဆိုတာ သက်သေပြလိုက်ခြင်းပါပဲ။ သေခြင်းဟာ ခရီးအဆုံးမဟုတ်ကြောင်း သခင်ခရစ်တော်ပြသခဲ့ခြင်းဖြစ်တယ်။

မျှော်လင့်ခြင်းကို ပိတ်ဆို့ထားတဲ့ ကြီးမားလေးလမ်းသော စိတ်ဓာတ်ကျခြင်း ကျောက်တုန်းကို ဖယ်ရှာပြစ်ရမယ်၊ မျှော်လင့်ချက်တွေ မရှင်သန်နိုင်တော့အောင် မိမိကိုယ်ကို ဂူသွင်းပိတ်မိနေသောလောကမှာ မျှော်လင့်ချက်တွေပျက်စီးလာတဲ့အချိန်၊ စိတ်ဓာတ်ကျ လမ်းပျောက်နေချိန်၊ အမှားတွေနဲ့ပကြုံတွေ့နေရချိန်မှာ တို့ယုံကြည်သော ဘုရားသခင်ဟာ သေဆုံးသွားသော ဘုရားမဟုတ် အသက်ရှင်သော ဘုရားဖြစ်တယ်။ ဒါကြောင့် မျှော်လင့်ချက်ကို စိတ်ဓာတ်ကျခြင်းမှာ ဘယ်တော့မှ မြေမြုပ် မသဂြိုလ်လိုက်ပါနဲ့။

အပြစ်ဟာ ကတိတွေကိုလွယ်လွယ်ပေးပြီး လပ်တလောပျော်ရွှင်မှု၊ အောင်မြင်မှုကိုပေးပြီး အထီးကျန် ခြင်းခြင်းနဲ့ သေဆုံးခြင်းမှာ အဆုံးသတ်စေတယ်၊ အပြစ်က အသက်ရှင်ခြင်းရဲ့ အဓိပ္ပါယ်ကို ပျောက်ကွယ်သွား စေတယ်။ ဘုရားရှင်ရဲ့ အလင်းပြမှုကျေးဇူးတော်တွေ ဝင်လာလို့မရအောင် အပြစ်ဟာ တို့နှလုံးသားတွေကို ပိတ်ဆို့ထားတဲ့ကျောက်တုန်းဖြစ်တယ်၊ ဒါကြောင့် လောကတပ်မက်ခြင်း၊ မန်မာနတရား၊ အပြစ်မှာမွေ့လျှော်ခြင်း တွေကို ဖယ်ရှားပြီး သခင်ခရစ်တော်ကို ရွေးချယ်ရယူရမယ်။

ဒီအပြစ်တရားတွေဟာ ဘုရားသခင်ကို မောမကြည့်ရဲအောင် ပိတ်ဆို့ထားတပ်တယ်၊ အမှောင်ထဲမှာပဲ သိမ်ငယ်စွာနေထိုင်စေတယ်၊ အဲ့ဒီအခြေအနေမျိုးဟာ အသက်ရှင်သောသူကို သေသောသူတို့အရပ်မှာ ရှာဖွေနေခြင်းမျိုးနဲ့တူတယ်၊ ရဲစွမ်းသတ္တိရှိစွာနဲ့ အဖဘုရားသခင်ကို မျော်ကြည့်ရဲသောခွန်အားကို တောင်းခံရမယ် ဒါမှ အသက်ရှင်သောသူကို ရှာဖွေတွေ့ရှိနိုင်မယ်။

ပါစကားပွဲက ဘာကိုသတိပေးနေလည်းဆိုတော့ ယုံကြည်သောသူတွေရဲ့အသက်တာဟာ သချိုင်းကုန်းမှာ အဆုံးသပ်တာမဟုတ်ဘူး။ သူတို့ရဲ့ချစ်ခြင်းမေတ္တာတော်ရှင်၊ ဖန်ဆင်းရှင်ကို သွားရောက်ဖူးမျှော်ဖို့ ခေါ်ဆောင်ခံရ ခြင်းသာ ဖြစ်တယ်။ တခါတရံမှာ ကိုယ်ပြသနာတွေးထဲမှာပဲ ပြသနာတွေဖန်တီးပြီး အဖြေရှာနေခြင်းက အသက်ရှင်သောသူကို သေသောသူတွေကြားမှာလိုက်ရှာနေကြသလိုပဲ။

မိမိဘဝရဲ့ ပြသနာပင်လယ်ထဲမှာပဲ တဝဲဝဲလယ်မနေကြပါနဲ့။ အသက်ရှင်သောဘုရားကို မျှော်လင့်ခြင်း၊ ကောင်းမြတ်ခြင်း ကျေးဇူးတော်များနှင့်ရှာဖွေကြပါစို့ ဘာလို့လည်းဆိုတော့ သူအားဖြင့်သာ ငါတို့တတွေ ဟာ ခရစ်တော်နဲ့အတူပြန်ရှင်ပြန်နိုင်မှာဖြစ်ပါတယ်ဟု ရဟန်းမင်းကြီးက ဟောကြားတော်မူသည်။

ကုန်ဇမှုန်းနှင့်ဖာသာရ်ကြည်မောင်

934  Views
Previous: မစ္ဆားဆိုတာ လောကမှာ ရှိတဲ့ နိဗ္ဗာန်ဘုံဘဲ၊ ကောင်းကင်ဘုံဖြစ်တယ်ဟု တောင်ကြီးကက်သလစ်ဂိုဏ်းချုပ်ဆရာတော်ကြီး ဘာစီးလီအိုအသိုက်က မိန့်ကြား
Next: Pope Francis confirmed His Visit to Thailand in November 2019