ဗာတီကန်ရုံးနှင့် ဂျပန်ကက်သလစ်ဆရာတော်ကြီးများ အဖွဲ့ချုပ်အကြား ဘုရားဝတ်ပြုခြင်းဆိုင်ရာ ဂျပန်ဘာသာပြန်ဆိုမှုတွင် သဘောထားကွဲလွဲမှု ရှိနေဆဲ

Japanlarge

   ဗာတီကန်ရုံးတော်နှင့် ဂျပန်ကက်သလစ် ဆရာတော်ကြီးများအဖွဲ့ချုပ်အကြား ကက်သလစ်သာသနာတော်၏ ဘုရားဝတ်ပြုခြင်း ဆိုင်ရာစာအုပ်ကို ဂျပန်ဘာသာဖြင့် ပြန်ဆိုမှုတွင် သဘောထားကွဲလွဲမှု ရှိနေဆဲဖြစ်ကြောင်း သိရှိရသည်။ ဂျပန်ကက်သလစ် ဆရာတော်ကြီးများ အဖွဲ့ချုပ်က ၁၉၇၈ ခုနှစ် တွင် ဘာသာပြန်ထုတ်ဝေခဲ့သောမစ္ဆားပူဇော်ခြင်းစာအုပ်ကို ပြန်လည်ပြင်ဆင်ရန် ရဟန်းမင်းကြီးရုံးတော်မှ ညွန်ကြား ထားရာမှ စတင်သဘောကွဲလွဲခဲ့ခြင်းဖြစ်သည်။
နိုင်ငံတစ်ခုခုမှ ကက်သလစ် ဆရာတော်ကြီးများအဖွဲ့ချုပ်က ထုတ်ဝေသော မစ္ဆားပူဇော်ခြင်း စာအုပ်တိုင်းသည် ဗာတီကန်ရုံးတော်ထဲက ရုံးတစ်ခုဖြစ်ကြသော ဘုရားဝတ်ပြုခြင်းနှင့် စက္ကရမင်းတူးများ၏ စည်းမျဉ်းများဆိုင်ရာ ကော်မရှင် Congregation for Divine Worship and the Discipline of the Sacraments၏ သဘောတူညီချက်ကို ဦးစွာ ရရှိရမည်ဖြစ်သည်။ ၎င်းကော်မရှင်က ဂျပန်ကက်သလစ် ဆရာတော်ကြီးများ အဖွဲ့ချုပ်၏ ဘာသာပြန်ထုတ်ဝေခဲ့သော ဂျပန်ဘာသာစကားဖြင့်မစ္ဆားပူဇော်ခြင်း စာအုပ်ကို မူရင်းလာတင်းဘာသာနှင့် အနီးစပ်ဆုံး ပြန်လည်ပြန် ဆိုရန် ဂျပန်ကက်သလစ်ဆရာတော်ကြီးများ အဖွဲ့ချုပ်အားတောင်းဆိုလိုက်သည်။ သို့သော် ဂျပန်ကက်သ လစ် ဆရာတော်ကြီးများအဖွဲ့ချုပ်မှ ဝတ်ပြုကိုးကွယ်မှုဆိုင်ရာကော်မတီဥက္ကဌဖြစ်တော်မူသော Bishop Masahiro Umemura of Yokohama ဆရာတော်ကြီး မာဆာဟီရို အူမယ်မူရာ ကမူ၊ ဗာတီကန်ရုံးတော်က ကော်မရှင်၏ သဘောထားသည် ပြောင်းလဲလာပြီဖြစ်ကြောင်း မိန့်ကြားတော်မူလိုက်သည်။ ဆရာတော်ကြီး မာဆာဟီရို အူမယ်မူရာ သည် မတ်လ ၁၈ ရက်နေ့က ဘုန်းတော်ကြီး ဖရန်ကို ဆိုတိုကော်နိုလာနှင့်အတူ၊ ဗာတီကန်ရုံးတော်ထဲက ရုံးများဖြစ်ကြသော ဘုရား ဝတ်ပြုခြင်းနှင့်စက္ကရမင်းတူးများ၏ စည်းမျဉ်းများဆိုင်ရာ ကော်မရှင် Congregation for Divine Worship and the Discipline of the Sacraments ထံသွားရောက်ပြီး ဂျပန်ကက်သလစ်ဆရာတော်ကြီးများ အဖွဲချုပ်မှ ပြန်လည်ပြင်ဆင်ပြန်ထုတ်ဝေခဲ့သောဂျပန်ဘာသာစကားဖြင့် မစ္ဆားပူဇော် ခြင်းစာအုပ်၊ ရောမမစ္ဆားပူဇော်ခြင်းစာအုပ်နှင့် ဂျပန်နိုင်ငံ၏ ပြည်တွင်းရေးရာ လက်ရှိအခြေအနေများ အစီရင်ခံစာတို့ကို တင်ပြအပ်နှံတော်မူလိုက်ပြီး ဖြစ်သည်။
ဗာတီကန်ရုံးတော်နှင့် ဂျပန်ကက်သလစ်ဆရာတော်ကြီးများအဖွဲ့ချုပ်အကြား ကက်သလစ်သာသနာတော်၏ ဘုရားဝတ်ပြုခြင်းဆိုင်ရာ စာအုပ်ကို ဂျပန်ဘာသာဖြင့်ပြန်ဆိုမှုတွင် အဓိကသဘောထား ကွဲလွဲခြင်းသည်ကား၊ လာတင်းဘာသာစကားဖြင့် ” Et cum spiritu tuo,” ( “ And with your spirit” ), ဂျပန်ဘာသစကားဖြင့်
” Mata anata to tomo ni” (And also with you” )ဟု ပြန်ဆိုထားမှုပင်ဖြစ်သည်။ ဂျပန်ကက်သလစ်ဆရာတော်ကြီးများအဖွဲ့ချုပ်က ““သင်၏ ဝိညာဉ်နှင့်လည်းရှိပါစေ”” ဟူသောစကားရပ်သည် မကောင်းသောဝိညာဉ်ကိုလည်း ဆိုလိုရာရောက်နိုင်သဖြင့် ““သင်နှင့်လည်း ရှိပါစေ”” ဟုပြန်ဆို ရခြင်းဖြစ်ကြောင်းဖြင့် ဗာတီကန်သို့ ရှင်းပြခဲ့သော်လည်း ဗာတီကန်က ၎င်းင်းရှင်းပြချက်ကို ပယ်ချခဲ့သည်။
ဗာတီကန်ရုံးတော်သည် ဂျပန်ကက်သလစ် ဆရာတော်ကြီးများ အဖွဲ့ချုပ်၏တင်ပြချက်ကို သုံးလအတွင်း အဖြေပေးမည်ဟု သိရှိရသည်။ ဂျပန်ကက်သလစ် ဆရာတော်ကြီးများအဖွဲ့ချုပ်မှဝတ်ပြုကိုးကွယ်မှုဆိုင်ရာ ကော်မတီအတွင်းရေးမှူးဖြစ်သော ဘုန်းတော်ကြီး မီယာကိုရှီက၊ ယခုကဲ့သို့ ဗာတီကန်တာဝန်ရှိသူများနှင့် မျက်နှာချင်းဆိုင် ရှင်းပြခွင့်ရရှိခြင်းသည် ပထမဦးဆုံးဖြစ်သည်ဟု ထုတ်ဖော်လိုက်သကဲ့သို့ ဆရာတော်ကြီးမာဆာဟီရို အူမယ်မူရာကလည်း ရဟန်းမင်းကြီး ဖရန်စစ်ထီးနန်းဆံလာပြီးနောက် ယခုကဲ့သို့သော ဗာတီကန်၏ တင်းကျပ်သော သဘောထားများသည် ပြောင်းလဲလာခြင်းဖြစ်ကြောင်း၊ ၎င်းအပြင် ဒေသရေးရာများက ဒေသခံဆရာတော်များကကိုင်တွယ်ဖြေရှင်းခြင်းကို ရဟန်းမင်းကြီး ဖရန်စစ်က ပိုမိုနှစ်သက်ခြင်းလည်းဖြစ်သည်ဟု မှတ်ချက်ပြုတော်မူ လိုက်သည်။
ဆရာတော်ကြီးမာဆာဟီရို အူမယ်မူရာက၊ ဗာတီကန်သည် ဒေသခံကက်သလစ်ဆရာတော်ကြီးများ အဖွဲ့ချုပ်အားပိုပြီး လုပ်ပိုင်ခွင့်ကို နောင်အနာဂါတ်တွင် ပေးအပ်လာမည်ဟု ယုံကြည်ကြောင်း ထုတ်ဖော်တော်မူလိုက်သည်။
ယူကန်၊ ဂျိုးဇက်

1655  Views
Previous: အိုဘားမား၏ ဒုတိယမြောက် မြန်မာခရီးစဉ်၌ ထိပ်ပိုင်းခေါင်းဆောင်များနှင့် တွေ့ဆုံမည်
Next: ကက်သလစ်အသင်းတော်၏ ကာနွန်ဥပဒေသစ်