ဗာတီကန်နိုင်ငံ (ရဟန်းမင်းကြီးရုံး) က မြန်မာနိုင်ငံနှင့်သံတမန်ဆက်ဆံမှုကိုထူထောင်ရန် မြန်မာအစိုးရကို တရားဝင်အဆိုပြုလွှာ ပေးအပ်ပြီ

001

ရန်ကုန်၊ ဖေဖော်ဝါရီလ ၁၄၊ ၂၀၁၇

ဗာတီကန်နိုင်ငံ (ရဟန်းမင်းကြီးရုံး) သည် ပြည်ထောင်စုသမ်္မတမြန်မာနိုင်ငံနှင့်သံတမန်ဆက်ဆံမှုကို ထူထောင်ရန် အတွက် အဆိုပြုလွှာကို မြန်မာအစိုးရအား ဖေဖော်ဝါရီလ (၈) ရက်နေ့က နိုင်ငံတော်အတိုင်ပင်ခံပုဂ်္ဂိုလ်၊ နိုင်ငံခြား ရေးဝန်ကြီးဖြစ်သော ပြည်ထောင်စုဝန်ကြီးဒေါ်အောင် ဆန်းစုကြည်၏ လက်ထဲသို့ တရားဝင်ပေးအပ်လိုက်ပြီ ဖြစ်ကြောင်း သတင်းရရှိပါသည်။

 

၎င်းအဆိုပြုလွှာကို ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် ဖွင့်လှစ်ထားသော ဗာတီကန်သံရုံးမှ ထိုင်းနိုင်ငံဆိုင်ရာ ဗာတီကန် သံအမတ်ကြီး၊ မြန်မာနိုင်ငံ၏ရဟန်းမင်းကြီးကိုယ်စားလှယ်ဖြစ်တော်မူသော ဂိုဏ်းချုပ်ဆရာတော်ကြီး ပေါလ်အန်ဆန်း သည် ရန်ကုန်ကက်သလစ်ဂိုဏ်းချုပ်ဆရာေ တာ်ကြီး ကာဒီနယ်ချားလ်စ်ဘို၊ မြန်မာနိုင်ငံကက်သလစ်ဆရာ တော်ကြီး များအဖွဲ့ချုပ်၏အတွင်းရေးမှူးဖြစ်သော ဘုန်းတော်ကြီးမောရစ်ညွှန့်ဝေတို့ လိုက်ပါလျက်၊ ဒေါ်အောင်ဆန်းစုကြည်အား မိမိ၏နေပြည်တော်အိမ်တွင် သွားရောက်တွေ့ဆုံရင်း ပေးအပ်တော်မူခဲ့ခြင်း ဖြစ်သည်ဟု ကာဒီနယ် ချားလ်စ်ဘိုက အမိန့်ရှိတော်မူသည်။

 

ဤကဲ့သို့သောအဆိုပြုလွှာနှင့်စပ်လျဉ်းပြီး မေးမြန်းရာတွင် ကာဒီနယ်ချားလ်စ်ဘိုက ““တကယ်တော့ စစ်အစိုးရလက်ထက် ကတည်းက ဗာတီကန်သံရုံးကို ရန်ကုန်မှာဖွင့်လှစ်နိုင်ဖို့ ဗာတီကန်ဖက်က စတင်ခဲ့ပေမယ့် စစ်အစိုးရက ခဏစောင့်ပါ အုံးဟူ၍သာ အဖြေပေးခဲ့ကြောင်း၊ ဒါပေမယ့် ဒေါ်အောင်ဆန်းစုကြည်ပါတီက အုပ်ချုပ်ရေးတာဝန်ကို ရလာတဲ့အခါမှာ တော့၊ မိမိဖက် ဗာတီကန်သံရုံးကို မြန်မာနိုင်ငံမှာ ဖွင့်လှစ်နိုင်ဖို့ (၂) ခါတိတိ ပြောဆိုဆွေးနွေးခဲ့ပြီးနောက် ဒေါ်အောင် ဆန်းစုကြည်ဖက်ကလည်း လက်ခံတာမို့၊ ရဟန်းမင်းကြီးကိုယ်စားလှယ်က ဗာတီကန်နိုင်ငံ၏ လုပ်ထုံးလုပ်နည်းအတိုင်း အဆိုပြုလွှာကို လာရောက်ပေးအပ်သလို၊ မြန်မာအစိုးရဖက်က ဖြည့်စွက်ဖြေကြားပေးရမည့် ပုံစံစာရွက်များကိုလည်း ဒေါ်အောင်ဆန်းစုကြည်ကို ပေးအပ်ခဲ့ပါတယ်”” ဟု ဖေဖော်ဝါရီလ (၁၄) ရက်နေ့က ဂျိုးဇက်ဝင်းလှိုင်ဦးအား ဖြေကြား ပေးတော်မူသည်။

 

ယခုကဲ့သို့သော ဗာတီကန်နှင့်မြန်မာအစိုးရအကြားတွင် သံတမန်ထူထောင်နိုင်ရေးလုပ်ဆောင်မှု ဖြစ်စဉ်ကိုကြည့်ရလျှင် ရန်ကုန်ကက်သလစ်ဂိုဏ်း ချုပ်ဆရာတော်ကြီး ကာဒီနယ်ချားလ်စ်ဘိုက ကြားဝင်လုပ်ဆောင်ပေးခြင်း ဖြစ်သည်ကို တွေ့ရှိ ရပါသည်။

 

ဗာတီကန်နိုင်ငံသည် နိုင်ငံခြားတိုင်းပြည်တစ်ခုခုနှင့် သံတမန်ထူထောင်ခြင်းကို လုပ်ဆောင်ရာတွင် ဗာတီကန်သံရုံး ဖွင့်လှစ်မည့်နိုင်ငံ၌ ရှိသော ၎င်းနိုင်ငံသူ/သားများအတွက် ကက်သလစ်သာသနာတော်အား လူမှုရေးလုပ်ငန်းများ၊ ပညာရေးလုပ်ငန်းများနှင့်ဘာသာရေးလုပ်ငန်းများကို လွတ်လပ်စွာလုပ်ကိုင်ခွင့်ပေးရန်နှင့်အခွန်စည်းကြပ်ခြင်းများကို ကင်းလွတ်ခွင့်ပေးရန်စသော အချက်များကို ဦးစားပေးဆွေးနွေးလျက် ရှိကြောင်း သိရှိရပါသည်။

 

ကက်သလစ်သာသနာတော်၏ဗဟိုဌာနချုပ်ဖြစ်သော ဗာတီကန်နိုင်ငံသည် ကမ်္ဘာ့နိုင်ငံပေါင်း (၁၁၆) နှင့်သံတမန် အဆက်အသွယ်ရှိပြီး (၈၅) နိုင်ငံကို ဗာတီကန်နိုင်ငံတွင် သံရုံးဖွင့်လှစ်ခွင့်ပြုသည်ဟု ၂၀၁၇ ခုနှစ်၊ ဇန်နဝါရီလထုတ် ဗာတီကန်စာရင်းများအရ သိရှိရသည်။ ထို့အပြင် ကက်သလစ်သာသနာတော်၏ဗဟိုဌာနချုပ်ဖြစ်သော ဗာတီကန် နိုင်ငံသည် ကမ်္ဘာ့နိုင်ငံပေါင်း (၁၁၆)ခု၌၊ လူသားများ၏ဘဝတိုးတက်အောင်မြင်ရေး အတွက် စာသင်ကျောင်းပေါင်း (၁၄၀၀၀၀) ခု၊ မိဘမဲ့ဂေဟာပေါင်း (၁၀၀၀၀) ခု၊ ဆေးရုံပေါင်း (၅၀၀၀)၊ ဆေးခန်းပေါင်း (၁၆၀၀၀) ခုကို ဖွင့်လှစ်ပြီး ကက်သလစ်ခရစ်ယာန်ဘာသာဝင်များနှင့် တခြားသောဘာသာဝင်များအားလုံးကို တန်းတူအကျိုးပြုနေပြီး တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ သန်းပေါင်း (၄၀၀၀) ကိုသုံးစွဲနေသော လူသားများဘဝ၏ကောင်းစားရေးအတွက် ကမ်္ဘာ့အကြီးဆုံး သော သာသနာတစ်ခု ဖြစ်သည်ဟု သိရှိရပါသည်။ ၀၀၁ ကုန်ဇမှုန်း

2249  Views
Previous: Myanmar’s Cardinal Bo calls for ‘green theology of liberation’
Next: လူသားများ၏ကျန်းမာရေးကို ဂရုစိုက်သော ကက်သလစ်သာသနာ့ဆေးရုံများကို လူသားများက ပိုပြီးတောင်းဆိုလာမှုမြင့်တင်လာ