ဘယ်လရူးဂိုဏ်းချုပ်ဆရာတော်ကြီးတာဒေးအူးစ်က ဒီမိုကရေစီအတွက် ဆန်္ဒပြသူများအား ဖမ်းချုပ်ထားသည့်အကျဉ်းစခန်းသို့ သွားရောက်ပြီး ဖမ်းထားသူများကို ပြန်လွှတ်ပေးရန် တောင်းဆို

ဘယ်လရူးနိုင်ငံ၊ မင်းစ်ကက်သလစ်ဂိုဏ်းချုပ်ဆရာတော်ကြီးတာဒေးအူးစ်က ဒီမိုကရေစီလိုလားသူများကို ဖမ်းချုပ်ထားသည့်အကျဉ်းစခန်းသို့ သွားရောက်ပြီး ဖမ်းထားသူများအား ပြန်လွှတ်ပေးရန်နှင့် ထောင်များထဲသို့ ကက်သလစ်ရဟန်းများကို ဝင်ခွင့်ပြုရန် အစိုးရအား တောင်းဆိုတော်မူလိုက်သည်။

 

ဆရာတော်ကြီးသည် ဒီမိုကရေစီလိုလားတောင်းဆိုဆန်္ဒပြသူများကို ချုပ်ထားသော အကျဉ်းထောင်သို့ ဝင်ရန် ကြိုးစားသော်လည်း ဝင်ခွင့်မရသဖြင့် ၎င်းထောင်ဘေးနားတွင် အဖမ်းခံထားသူများလွတ်မြောက် ရေးအတွက် စိပ်ပုတီးစိပ်ခြင်းဖြင့် ဘယ်လာရူးသမ်္မတကို ဆန့်ကျင်မှု ပြသတော်မူခဲ့သည်။

 

၂၀၂၀ ခုနှစ်၊ သြဂုတ်လ (၉) ရက်နေ့က ကျင်းပခဲ့သော ဘယ်လာရူးနိုင်ငံ၏သမ်္မတရွေးကောက်ပွဲတွင် ၁၉၉၄ ခုနှစ်က စပြီး ဆက်တိုက် သမ်္မတဖြစ်လာသော အလက်ဇန်းဒါး လူကာရှဲန်ကိုက မိမိသည်သာ အနိုင်ရ သူဖြစ်ကြောင်း ကြေညာတော်လည်း အတိုက်အခံခေါင်းဆောင်ဖြစ်သော အမျိုးသမီး ဆဗီယားလာနား ရှီခါနိုကာရာက သမ်္မတသည် မဲမသမာမှုများ ပြုလုပ်သည့်အပြင် လွတ်လပ်ပြီးမျှတသန့်ရှင်းသော ရွေးကောက်ပွဲ မဖြစ်အောင် အာဏာသုံးပြီး ဖန်တီးခဲ့သည်ဟု စွပ်စွဲရာမှ အဓိကရုန်းအသွင်သို့ ကူးပြောင်းလာတော့သည်။

 

သမ်္မတ အလက်ဇန်းဒါး လူကာရှဲန်ကိုက မိမိအား ဆန့်ကျင်ဆနပြကြသော ပြည်သူ (၆၀၀၀) ကျော်ကို ရိုက်နှက်ဖမ်းဆီးပြီး ထောင်ထဲတွင် ထိန်းချုပ်လိုက်သည်။ ထိုသို့ လုပ်ဆောင်ခြင်းကို မင်းစ်ကက်သလစ်ဂိုဏ်းချုပ် ဆရာတော်ကြီး တာဒေးအူးစ်က ဆန့်ကျင်ပြီး ၎င်းအဖမ်းခံထားသူများကို ဘေးကင်းစွာဖြင့် ပြန်လွှတ်ပေးရန် ထောင်သို့ သွားရောက်ပြီး တောင်းဆိုတော်မူလိုက်သည်။

711  Views
Previous: ကိုဗစ်-၁၉၊ ကပ်ရောဂါကာကွယ်ကုသဆေးကို လူသားအားလုံး အသုံးပြုနိုင်ရေးအတွက် လုပ်ဆောင်ကြရန် ရဟန်းမင်းကြီးဖရန်စစ်တိုက်တွန်း
Next: စစ်အစိုးရလက်ထက်က ပိတ်ထားသော သန်လျင်မြို့ရှိ ကက်သလစ်ရဟန်းဖြစ်တကသိုလ်အဆောက်အဦများနှင့်မြေ (၂၅ ဧကဝန်းကျင်) တို့ကို ဦးဖြိုးမင်းသိန်းဦးဆောင်သော ရန်ကုန်တိုင်းဒေသကြီးအစိုးရထံမှ ကက်သလစ်သာသနာတော်က ပြန်လည်ရရှိပြီ